4 U+Z

11.1K 670 6
                                    

အခန်း ( ၄ )

"နေ့သစ် မင်း တစ်ယောက်ယောက်ဆီ က ပိုက်ဆံ ​ချေးထား​သေးလား"

​စာသင်​​နေတုန်း ရုတ်​တရက်​ ထ​မေး​သော ဖိုးလပြည့်၏ မေးခွန်းကြောင့် နေ့သစ် ​ကြောင်​​တောင်​​တောင်​ ဖြစ်​သွားသည်​။

"မင်း ဘာ​တွေ ​ပြော​နေတာလဲ ။
ငါက ဘယ်​သူ့ဆီက ပိုက်​ဆံ​ချေးရမှာလဲ "

"မ​သိဘူး​လေ ။ မင်းကို သူရိန်​ ခဏ ခဏ လှမ်းကြည့်နေလို့"

"ဘာ! "

နေ့သစ် အလန့်တကြားနှင့် သူရိန့်ကို လှမ်းကြည့်မိသည်  ။ သူ့ကို ငေးကြည့်လာသော သူရိန့် မျက်ဝန်းတွေနှင့် တည့်တည့်တိုးတော့သည် ။ တကယ်​ပါပဲ ။ ​သူတော့ ရူး​တော့မည် ထင်သည် ။ နေ့သစ် က ​နောက်​ဆုံးတန်းမှာထိုင်​ပြီး သူရိန်က အ​ရှေ့ဘက်​အတန်းမှာ ဖြစ်သည် ။ သူရိန်က ခဏ ခဏ လှည့်ကြည့်နေတာကြောင့် လူ​တွေ တစ်မျိုးထင်​​တော့မည် ။ ခု​တောင်​ ဖိုးလပြည့်သိ​နေပြီ ။ မဖြစ်​ဘူး ဒီကိစ္စ ရှင်းရမယ်​။

****

​မုန့်စားဆင်းချိန်​​တောင်​ နေ့သစ် အပြင်​မထွက်​ချင်​​တော့ပါ ။ သူရိန့်ကြောင့် သူ စိတ်​ညစ်​မိသည်​။ အခုလည်း သူရိန်က နေ့သစ်ကို ​စောင့်နေသည် ။ ​နောက်​မှ သူ့ဘာသာ သူ ထထွက်​သွားသည်​။

သည်တော့မှ နေ့သစ်သည်  ပါလာသော ထမင်းဘူး​လေးကို ဖွင့်၍ စား​ဖြစ်တော့သည် ။ ထိုအချိန် ​စားပွဲ​ပေါ်ကို  ​ice coffee ဘူးရောက်လာလေသည်  ။ နေ့သစ် ​မော့ကြည့်လိုက်တော့ သူရိန်​။

" မင်း​က ice coffee ကြိုက်​တယ်​မဟုတ်လား"

သူ ဘာမှ ပြန်​မ​ပြောနိုင်​ဘဲ သူရိန့်ကိုကြည့်နေမိသည်​။ အတန်းထဲမှာ လူနည်းနည်းသာ ရှိလို့​တော်​​သေးသည် ။ ဒါ​တောင်​ တိုးတိုး တိုးတိုး​ပြောနေကြသည်​။

"ငါ မ​သောက်​ဘူး ၊မင်း ပြန်​ယူသွား "

"ငါ က မင်း ​သောက်​​စေချင်​လို့ ၀ယ်​လာတာ ​ရော့ ...."

"ငါ မ​သောက်​ဘူးလို့ ​ပြော​နေတယ်​​နော် သူရိန် "​

"​သောက်​ပါ"

"​မ​သောက်​ဘူး"

ထို အချိန်​ ဖိုးလပြည့်က မုန့်၀ယ်​ပြီး ပြန်​လာသည်​။ စပ်​စပ်​စုစု အကြည့်နှင့် သူတို့ကို လှမ်းကြည့်တော့ နေ့သစ် အထိတ်​တလန့် ဖြစ်သွားရသည် ။

ကျွန်တော့် ချစ်ရသူ { Completed }Hikayelerin yaşadığı yer. Şimdi keşfedin