S-2 {Final part } U+ Z

13.6K 597 29
                                    

အခန်း ( ၂၁ )

ခြောက်နှစ်အကြာ  ။

​နေ့သစ်​ မင်္ဂလာ​ဆောင်​ခန်းမထဲ လှမ်း၀င်​လာခဲ့သည်​။ ဖိုးလပြည့်က​တော့ သတို့သား၀တ်​စုံဖြူ​လေးနှင့်သန့်ပြန့်နေ​လေသည်​။ သူ့ကို ​တွေ့​တော့ ချက်​ချင်းပင်​ အ​ပြေးအလွှား ​ရောက်​လာသည်​။

"​နေ့သစ်​ ​...​ရောက်​လာပြီလား...."

"​အေး.....ဖိုးလပြည့် ။ မင်း ဒီ​နေ့ ​တော်​​တော်​ကြည့်ကောင်း​နေတယ် ။မင်း လက်​ထပ်​ပွဲအတွက်​လည်း congratulations ပါကွာ...."

"​ကျေးဇူး...​နေ့သစ်​..."

​နေ့သစ်​သည် ဖိုးလပြည့် တစ်​​ယောက်​တည်းမို့ ​နောက်​တစ်​​ယောက်​ကို ရှာ​နေ​တုန်း....

"ဘယ်​သူ့ကို ရှာ​နေတာလဲ...​နေ့သစ်​..."

"ဘယ်​သူရှိရမလဲ...မင်းရဲ့ ​ယောကျာ်းရော..."

ဖိုးလပြည့် ၏ မျက်​နှာနီသွား​တော့ ​နေ့သစ်​ ပြုံးမိသည်​။

"​ဒီမှာပါဗျာ ။ ကိုယ့် သူငယ်​ချင်း​တွေကို နှုတ်​ဆက်​​နေတာပါ....​နေ့သစ်​ရဲ့..."

​ကိုထက်​မြတ်၏ အသံကြားပြီးသည်​နှင့် ချက်​ချင်းပင်​ ဖိုးလပြည့်၏ ဘေးကို ​ရောက်​လာပြီး နှစ်ယောက်သား လက်​ချင်း တွဲထားကြ​လေသည်​။

​​ပထမနှစ်​ စာ​မေးပွဲအပြီး ကိုထက်​မြတ်နှင့် ဖိုးလပြည့်တို့ တွဲ​နေကြသည်​လို့ ၀န်​ခံကြတုန်းကဆို ​နေ့သစ်​ ​တော်​​တော်​​လေးကို အံ့သြသွားရသည်​။ အခုဆို သူတို့ လက်​ထပ်​ပွဲ​တောင်​ ကျင်းပ​နေကြပြီ။

ရင်​ထဲမှာ ကြည်​နူးမှုများနှင့်အတူ ​သူရိန့်ကိုပါ သတိရလာသည်​။

သူရိန်​နှင့် မ​တွေ့ဖြစ်​တာ ကြာခဲ့ပြီ ၊ သို့​သော ယနေ့ ယခုချိန်​ထိ တစ်​စက္ကန့်မှ ​မေ့မရခဲ့။

"​​နေ့သစ်​ ငါတို့ကို သိပ်​အားကျမ​နေနဲ့ ။  မကြာခင်​ မင်းအလှည့်ရောက်​လာမှာပါ..."

ဖိုးလပြည့်က ရယ်​ပြီး ​ပြော​တော့ ​နေ့သစ်​ ပြုံးမိသည်​။

"မင်း ဟိုးအရင်​က ငါ​ပြောခဲ့သလို ​ညောင်​ပင်​ကြီးမှာ သူရိန်​ မြန်​မြန်​ပြန်​​ရောက်​ဖို့ ဆုသွား​တောင်းသင့်တယ်​..."

ကျွန်တော့် ချစ်ရသူ { Completed }Место, где живут истории. Откройте их для себя