11 U+Z

9.6K 571 16
                                    

အခန်း ( ၁၁ )

"​နေ့သစ်​ ..."

ဖိုးလပြည့် ​ကျောင်းသွားဖို့ အိမ်​ထဲကအထွက်​ ခြံအ​ရှေ့မှာ ရပ်​​စောင့်နေ​သော ​နေ့သစ်​ကို ​တွေ့လိုက်​သည်​။

"မင်း အိမ်​ထဲမ၀င်​ဘဲ ဘာလို့ အပြင်​မှာ ရပ်​​စောင့်နေတာလဲ...​နေ့သစ်​ရဲ့"

"မင်းကို ​မေးစရာရှိလို့ "

"အင်း...​မေး​လေ..ဘာများလဲ "

"မင်း ငါ့ကို တစ်​ခါ​ပြောဖူးတယ်​​လေ ။ ကိုသာထူး ဟို​ညောင်​ပင်​ကြီးမှာ ဆု​တောင်းပြီး မထားရီနဲ့ အဆင်​​ပြေသွားတယ်​ဆိုတာ တကယ်​ပဲလား...ဖိုးလပြည့် "

"ဟမ်​...အဲဒါလား ။ မင်း အခုထိမှတ်​မိ​နေတာလား ။ ငါ​တောင်​ ​မေ့​နေပြီကွ...​နေ့သစ်​ရ"

"ဘာ! ဖိုးလပြည့် ၊ မင်း ငါ့ကို လိမ်​​ပြောခဲ့တာလား"

"မင်းကို ငါ ဒီအတိုင်း စလိုက်​တာပါကွာ ။ မင်း တကယ်​ အတည်​မှတ်​ပြီး သွားဆု​တောင်းခဲ့​သေးတယ်​လို့​တော့ ငါ့ကို မ​ပြောနဲ့​နော်​...​နေ့သစ်​"

ဖိုးလပြည့်က နေ့သစ်​ကိုကြည့်လိုက်​​တော့ မျက်​နှာက နီရဲပြီး ​ဒေါသထွက်​​နေပုံရသည် ။ သူ့ စကားကို ယုံပြီး ဆု​တောင်းခဲ့မှန်း သိလိုက်​ရသည်​။ ​နေ့သစ်​တစ်​​ယောက်​ ​ကြောက်​​ကြောက်​လန့်လန့်နှင့် ဆု​တောင်း​နေတာကို မျက်​လုံးထဲမှာ မြင်​​ယောင်​လာပြီး အားရပါးရ ​အော်​ရယ်​မိ​တော့သည်​။

"ဟား....ဟား...​နေ့သစ်​ရယ်​။ ဖြစ်​မှ ဖြစ်​ရ​လေကွာ...ဟား...ဟား..."

"အရူး​ကောင်​ ဖိုးလပြည့် ။ မင်း ငါ့ကို ​နောက်​စရာလား"

​နေ့သစ်​ ရှက်​ပြီး ​ဒေါသထွက်​လာမိသည်​။ ​ဆေးထိုးသည့် သူငယ်​ချင်း ရယ် ၊  အရူးလို အယုံလွယ်​သူ သူ ရယ် ၊ သူ အရူးထတာကို ​ဇာတ်​လမ်း​လုပ်​​ပေးသူ သူရိန်​ရယ် ၊  ဟုတ်​​နေတာပဲ ။ နောက်​ဆုံးမှာ​တော့ သနားစရာ​ကောင်းသူ ငတုံးကတော့ ​နေ့သစ်​ဆိုတဲ့ သူတစ်ယောက်တည်းရယ် ။

"မင်း ကို ငါ တကယ်​ စိတ်​ဆိုးတယ်​ ဖိုးလပြည့်"

​နေ့သစ်​က မျက်နှာတည်နှင့် ​ပြောပြီး ထွက်​သွားတာ​ကြောင့် ဖိုးလပြည့် အ​နောက်​က အမြန် ​ပြေးလိုက်​ရသည် ။

ကျွန်တော့် ချစ်ရသူ { Completed }Tempat cerita menjadi hidup. Temukan sekarang