9 U+Z

9.4K 622 3
                                    

အခန်း ( ၉ )

ည​နေ​ကျောင်းဆင်းချိန်​​ရောက်​ရင်​ ​နေ့သစ်​၏ အိမ်​မှာ သူရိန်​က ယမင်းနှင့် ​နေ့သစ်​ကို စာပြ​ပေးသည်​။ ​နေ့သစ်​​တောင်​ သူရိန်​၏ ဂရုတစိုက်​ စာရှင်းပြ​ပေးခြင်း​ကြောင့် အရင်​လို ဘိတ်​ချီးမဟုတ်တော့ ။ ​နေ့သစ်​ စာလုပ်​​နေတာမြင်​​သည့် ​အမေက​တော့ အရမ်းကို ​ပျော်​​နေရှာသည် ။ သူရိန့်ကိုလည်း ​ကျေးဇူးတင်​ပြီး ​နေ့သစ်​ထက်​​တောင်​ ပိုချစ်​ပြ​နေ​သေးသည် ။

သည်နေ့လည်း ​ကျောင်းကအပြန်​ ​နေ့သစ်​၏အိမ်​ကို ယမင်းနှင့် သူရိန်​အတူလိုက်​လာခဲ့သည်​။
ယမင်းလည်း သူရိန်​ရော သူနှင့်ပါ ရင်းနှီး​နေပြီ။ စာ​တွေလုပ်​ပြီး ပြန်​ခါနီး... ။

"​သူရိန်"​

"အင်း"

"မ​နေ့က လပတ်​စာ​မေးပွဲ ပြီးပြီ။ သူရိန့် ​ကျေးဇူး​ကြောင့် ယမင်း ဒီတ​စ်ခေါက်​ ​အကုန်​​ဖြေနိုင်​တယ်​။  ​ကျေးဇူးတင်​ပါတယ်​ သူရိန် "

"ရပါတယ်​။ ​နေ့သစ်​ကို စာပြ​ပေးရင်းနဲ့ မင်းကိုပါ သင်​ပေးတာ "

"အင်း"

ယမင်း သူရိန့်အ​ဖြေကို မ​ကျေနပ်​​ပေမဲ့လည်း မျက်နှာအမူအရာမပျက်အောင်ထိန်းလိုက်သည် ။

"​နေ့သစ်"​

"ဗျာ.....ယမင်း"

"ယမင်းတို့ သုံး​ယောက်​ ရုပ်​ရှင်​သွားကြည့်ကြမလား ။ စာ​မေးပွဲလည်း ပြီးပြီဆို​တော့​လေ။ နောက်ပြီး မနက်​ဖြန်​က ​ကျောင်းပိတ်​ရက်​ဆို​တော့..."

"ဟင်​!"

"သူရိန်​​ရော လိုက်​မှာလား"

"​နေ့သစ်​ပါရင် ကျွန်​​တော်​လိုက်​မယ်​ "

"​နေ့သစ်​ လိုက်​ခဲ့ပါ​နော်​။ ယမင်း ကြိုက်​တဲ့မင်းသားကား ရုံတင်​ထားလို့ပါ "

ယမင်းသည် သူရိန်​နှင့်အတူ ရုပ်​ရှင်​ကြည့်နိုင်​မည့် အခွင့်အ​ရေးမို့ ​နေ့သစ်​ကို အသနားခံပြီး ​ပြော​နေမိသည်။

"​နော်​...​နေ့သစ်​"

"အင်း "

ဒါဆို ယမင်းလက်​မှတ်​ဖြတ်​ထားလိုက်​မယ်​"

ကျွန်တော့် ချစ်ရသူ { Completed }Место, где живут истории. Откройте их для себя