💕😘Made In Kiss😘💕
Part-4
Sungwoo တစ်ယောက် ကြောင်ပြီး ကြည့်နေမိသည်မှာ သူတို့အိတ်တွေကို သူသယ်ပြီး အိမ်ထဲ ဝင်သွားတဲ့အထိ ဖြစ်လေသည်........
သူ့အမေက.....ကျနော့်ကို...အိမ်ထဲ ဆွဲခေါ်မှ သတိရလေသည်......"သား....လာလေ....အိမ်ထဲဝင်ရအောင်....."
"Nae....."
ဆိုပြီး အိမ်ထဲဝင်မိတော့သည်.........
ရှက်လိုက်တာ.....သူနဲ့တွေ့မှာ စိုးလို့ ရှောင်နေပါတယ်ဆိုမှ တည့်တည့်ကို လာတိုးတော့တာပဲ.....😪😪😪
စိတ်ညစ်ပါတယ်.....စိတ်ထဲက တွေးနေရင်း....သူနေရမယ့်အခန်းသို့ ရောက်သော အခါ......အန်တီက....."သား....ဒါ သားနေရမယ့် အခန်းပဲ....သား...Danielနဲ့ အတူတူပေါ့....."
"ဪ...ဟုတ်...ဟုတ်.....အဲ....ဗျာ....ဗျာ....ဘယ်.....ဘယ်....ဘယ်သူနဲ့အတူတူ....?😳😳😳"
"သားNielနဲ့လေ.....သားတို့က....ကျောင်းအတူတူ....အတန်းအတူတူပဲမလား......အဲဒါကြောင့်....အဆင်ပြေအောင်ပါ.....မကြိုက်လို့လား...သား...အဆင်မပြေဘူးလား....."
"ဗျာ.....အဲ...အဲလိုမဟုတ်ပါဘူး....အံသြသွားလို့ပါ...."
"ဪ....အင်းပေါ့.....သား အထုပ်တွေ ချပြီးရင် အောက်ကို ဆင်းလာခဲ့နော်....အန်တီတို့နဲ့သစ်သီးစားရအောင်...."
"Na...Nae..."
အမလေး.....ဘုရား...ဘုရား....သူ...သူနဲ့..တစ်ခန်းထဲလား.....ငါ့နှယ်....တွေ့မယ့်တွေ့တော့လည်း...ဒဲ့ကြီးပါ့လား.....😱😱😱
တွေးရင်း အောက်ကို ဆင်းလာတော့......သူက လူကြီးတွေနှင့် တစ်ဝိုင်းတည်း ထိုင်ကာ စကားပြောနေလေသည်......အမယ်....သူက လူကြီးတွေနဲ့တော့ အဆင်ပြေသားပဲ....ဟွန့်...ငါတို့ကျ မတူသလို မတန်သလိုနဲ့.....တွေးရင်း မျက်နှာကို မဲ့လိုက်မိစဉ်...သူက ကိုယ့်ဘက်ကို မျက်လုံးအရောက်နဲ့ တိုးတော့ မျက်နှာကို ကပျာကယာပြင်ရလိုက်ရသည်......
အန်တီက ကျနော့်ကို တွေ့တော့....."သား...လာ...ထိုင်လေ...လာ..."
ဆိုပြီး သူ့ဘေးနားကို အတင်းထိုင်ခိုင်းလေသည်......
သူက မကြည်သလိုကြည့်ရင်း...ဟိုဘက်ကို တိုးသွားလေသည်......အမလေး...ကြီးကျယ်လိုက်တာ....😒😒😒😒
သူ့အနားများ ထိုင်ချင်လို့ထိုင်တာကျ.....အဲ့အချိန်မှာ ကလေးမလေး တစ်ယောက် အပေါ်ထပ်က ဆင်းလာလေသည်.....ကျနော့်ကို မြင်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်ပြီး တဖြည်းဖြည်းပြုံးလာကာ...ကျနော့်အနားကို ရောက်လာလေသည်......
YOU ARE READING
💕😘Made In Kiss😘💕
Fanfictionကိုယ့်ကို ဘယ်လိုမှ ပြန်ချစ်မှာမဟုတ်ဘူးလို့ ထင်ထားတဲ့သူတစ်ယောက်က ကိုယ့်ဆီကို ရောက်လာတယ်....???ပြီးတော့ သူကပြောသေးတယ် ကျနော့်ကို အရမ်းချစ်တယ်တဲ့...????