Unicode
တီ...တီ....တီ..
ဆောင်းတွင်းမနက်အစောကြီးမှာ
ရုတ်တရက် ထွက်လာတဲ့ ဖုန်း ringtone သံ
မသိချင်ယောင်ဆောင်ဆက်အိပ်နေတော့
ဖုန်းကျသွားတယ်ထင်ပါ့....
အသံမမြည်တော့ပြန်ဘူး....စိတ်ချလက်ချပြန်အိပ်မယ်လုပ်တုန်း...
ထပ်မြည်လာတဲ့ ring သံ .....
ခေါင်းအုံးကို နားနှစ်ဖက်ကို တင်းနေအောင်ကပ်ထားလိုက်ပြီး ပေကပ်ပြီး ဆက်အိပ်နေလိုက်တယ်...ထပ်ကျသွားပြန်တယ်...
တီ...တီ...တီ..
ဟား.........
စောက်အာရုံပဲ ဟေ့...
ဘယ်ကကောင်တွေ ကမြင်းကြောထနေတာလဲဟ...မထချင်ထချင်ထပြီးဖုန်းကိုင်လိုက်တယ်...
"HELLO!!"
ဆောင့်ကြီးအောင့်ကြီး နဲ့အော်ပစ်တာ....
ဟိုဘက်က ထွက်လာတဲ့အသံက စူးစူးလေးနဲ့
ကလေးအသံလေး..."မထသေးဘူးလား"
"ဘယ်သူလဲ"
"ကျွန်တော်မေးတာဖြေပါဆို...
မထသေးဘူးလား""ငါ့ -ီးမို့လို့ ဒီအချိန်ထရမှာလားကွ.
မနက်စောစောစီးစီး အာရုံလာစားနေတယ်"ဖုန်းကို ချလိုက်ပြီး ပြန်အိပ်ရန်လုပ်လိုက်ပေမဲ့...
အိပ်မရတော့ဘူး....
သေချင်းဆိုးဖုန်းသရဲကြောင့် အိမ်မပျော်တော့ဘူးနာရီကြည့်လိုက်တော့ မနက်၅နာရီခွဲ...
အိပ်မှမရတော့တာ ထပြီပေါ့....Min yoongi တို့ရာဇဝင်မှာ စောစောစီးစီးထရတယ်ဆိုတာ တော်တော်ရှားတာ....
ဒီနေ့ကိုတော့ မှတ်သားထားဦးမှပဲ....မနက်စာစားဖို့ ရေခဲသေတ္တာဖွင့်ကြည့်တော့...
ဟာလာဟင်းလင်း...
အင်း....ဘာမှမရှိပါဘူးဆိုမှ ဗိုက်ဆာလာသလိုလိုပဲ...ရှုပ်ပွနေတဲ့ဆံပင်တွေကို လက်နဲ့ဖြီးသင်လိုက်ပြီး
အနွေးထည် ပွပွထူထူတစ်ထည်ကောက်စွပ်ပြီး
ထွက်လာခဲ့တယ်....
YOU ARE READING
Favorite Medicine//Yoonmin (Zawgyi/Unicode)
Fanfictionမင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့််အတွက်ကတော့နာကျင်မှုတွေကိုဖြေဖျောက်ပေးမဲ့ကိုယ်အကြိုက်ဆုံးဆေးဝါးတလက် Start Date -2.2.2018 End date -15.8.2018 မင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့်အတွက်ကတော့...