Unicode
Jihyun သည် ပြောရလျင် Jimin သူငယ်ချင်း...
အမေရိက မသွားခင်အထိ ကိုးရီးယားတွင်ခင်မင်ခဲ့သော သူငယ်ချင်း....
ညီအကိုလို ပေါင်းခဲ့သောအခြေအနေဖြစ်သလို ရုပ်ချင်းကလဲ ဖြတ်ခနကြည့့်လျှင် ခပ်ဆင်ဆင်မို့ ညီအကိုလို့ပင်ထင်ကြသည်..
အမေရိကန် ကို jimin ပြောင်းသွားတော့ Jihyun အထီးကျန်ကာကျန်ရစ်ခဲ့သည်..
Jihyun မိဘများက ချမ်းသာသည့်အထဲပါတာမို့ jihyun ကို အမေရိက မှာ ကျောင်းတက်ဖို့စီစဉ်ကြပြီးသည့်နောက် jimin နှင့်အဆက်အသွယ်ပြန်ရခဲ့ကြသည်..
တစ်ယောက်ထဲရုန်းကန်နေရသော jimin ကိုအမြဲလိုလို ကူညီပေးခဲ့သူဖြစ်သလို jimin ၏ အယုံကြည်ရဆုံးသူဆိုလည်းမမှားပေ....Korea ကို လက်စားချေဖို့သွားမယ်ဆိုသောကိစ္စကို jihyun တားခဲ့ဖူးသည်..
ဒီတိုင်းထားလိုက်တော့..
အမုန်းမပွားပါနဲ့တော့ ဟု ပြောခဲ့ဖူးသည်...
သို့သော်လည်း...
Jimin ကား လက်စားချေဖို့ကို ထက်သန်နေခဲ့သည်မို့ မတတ်သာပဲ သူလွှတ်ရလိုက်ရခြင်း...
Korea ရောက်တုန်းကဆို jimin အမြဲလိုလို ဖုန်းဆက်ကာ သူ့အခြေအနေတွေကို ပြောပြခဲ့ပေမဲ့နောက်ပိုင်းတော့ jimin က လက်စားချေဖို့ကိစ္စက မှားများနေပြီလားဟု မေးလာသည်..ထိုကတည်းကပင် jimin တခုခုဖြစ်နေပြီဆိုတာကို သူနားလည်လိုက်
တာဖြစ်သည်...နောက်ပိုင်းတွေမှာ Jimin သည် Min yoongi ဆိုသောသူအားချစ်မိသွားခဲ့ကြောင်းနှင့် လက်စားချေဖို့ကိစ္စကိုသိလျှင် သူ့ကိုမုန်းသွားမှာစိုးသည်ဟုပြောကာ ငိုလျက်ဖုန်းဆက်ခဲ့ဖူးသည်...
ပြောရလျှင် စိတ်ဝေဒနာက jimin တွင် အရင်ကတည်းကရှိနေခဲ့သည်...
ငယ်ငယ်ရွယ်ရွယ် နှင့် ဒုက္ခမျိုးစုံကို အမေရိကတွင်ခါးစည်းခံခဲ့ရသော jimin သည် စိတ်ဝေဒနာ ကိုလဲခံစားနေခဲ့ရသူဖြစ်ခဲ့သည်....Jimin ပြန်လာမည်ဆိုတုန်းက သူ korea ကိုအလုပ်ကိစ္စနှင်ရောက်နေခဲ့တာမို့ jimin နှင့်အတူပြန်ရန် လေယာဉ် လက်မှတ်ကို နောက်ဆုတ်ကာဖြတ်ခိုင်းလိုက်သည်..
ကံကောင်းသည်ဟု ဆိုရမည်ပင်လား.
YOU ARE READING
Favorite Medicine//Yoonmin (Zawgyi/Unicode)
Fanfictionမင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့််အတွက်ကတော့နာကျင်မှုတွေကိုဖြေဖျောက်ပေးမဲ့ကိုယ်အကြိုက်ဆုံးဆေးဝါးတလက် Start Date -2.2.2018 End date -15.8.2018 မင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့်အတွက်ကတော့...