Episode 14 .💕💕

3.8K 583 44
                                    

Unicode

ယွန်းဂီ ဆိုင်​ကယ်​ကို အပြင်း​မောင်းနေမိသည်​
လမ်းမှာဘာ​တွေ့​တွေ့ဂရုမစိုက်​...
တိုက်​ချင်​တဲ့သူတိုက်​မိပါ​စေ သူဂရုမစိုက်​ပါ
အ​ရေးကြီးတာက သူ့ရဲ့က​လေး..
သူ့က​လေး​လေးကို ခါးပတ်​နဲ့ရိုက်​ထားတာက​လေးကသတိပြန်​မလည်​လာဘူးတဲ့..
​ဆေးရုံလဲမပို့ပဲ လဲ​နေတဲ့​နေရာမှာတင်​ အဲ့တိုင်းထားထားသည်​ဟု​ပြောသည်​...
က​လေးက အိမ်​မပြန်​ချင်​ဘူးဟုပြော​သော
မျက်​နှာ​လေးကိုမြင်​​ယောင်​လာ​တော့ လီဗာကိုခပ်​တင်းတင်းဆွဲမိသည်​...

က​လေး ကိုယ်​လာပြီ..ခဏပဲသည်းခံ​ပေး​နော်​...

အိမ်​​ရှေ့​ရောက်​​တော့ ဆိုင်​ကယ်​ကို​တောင်​
​သေချာမရပ်​ပဲ ဒီတိုင်းပစ်​ချကာ အိမ်​ထဲဝင်​ခဲ့သည်​..
ဝင်​ဝင်​ချင်းမြင်​ရ​သောမြင်​ကွင်းက ရင်​ဝကို​ဆောင့်ကန်​သည်​ထက်​ ပိုသည့်ခံစားချက်​....
က​လေးက ကြမ်းပြင်​​လေး​ပေါ်မှာ လဲ​နေသည်​..
Bodyguard ​တွေကလဲ ဒီတိုင်းကြည့်​နေသလို
အိမ်​အကူ​တွေကလဲ ​ရှေ့မတိုးလာခဲ့...
ပိုဆိုးသည်​ကား လဲကျ​မေ့​မြော​နေသည့်က​လေး၏
​ရှေ့တည့်တည့်တွင်​ ရယ်​​မောကာစကား​ပြော​နေသည့် ဟို လင်​မယား......

"​တောက်​!!!"

​ဒေါသကငယ်​ထိပ်​​ဆောင့်တက်​သွားသလို
​တောက်​​ခေါက်​သံပြင်းပြင်း​ကြောင့်ထင်​ ထိုလင်​မယားလှည့်ကြည့်လာသည်​...
လက်​သီးတင်းတင်းဆုပ်​ကာ သွားလျက်​
က​လေးကို​ပြေး​ပွေ့မိ​တော့...
​ကျောင်းဝတ်​စုံဖြူဖြူ​လေးမှာ ​သွေးကွက်​​တွေက
မြင်​၍​တောင်​မ​ကောင်း...
​နောက်​​ကျောဘက်​တွင်​​သွေးများ​ကြောင့်ထင့်
အင်္ကျီ ကစိုရွှဲကာ​စေးကပ်​​နေသည်​..
ရင်​ခွင်​ထဲ​ထွေး​ပွေ့ကာ မျက်​နှာ​လေးကို​မော့ယူကြည့်​တော့ မျက်​ရည်​စီး​ကြောင်းများနှင့်...
Hyung ဟူ​သော အသံတိုးဖွဖွကြားလိုက်​ရ​သောအခါ...

"​တောက်​..."

က​လေးကို ဆိုဖာ​ပေါ်အသာ​လေးချ​ပေးလိုက်​ပြီး
ညာဘက်​လက်​က ပတ်​​ဆောင်​ဟွာ ၏ ​မေးရိုးဆီသို့.
​ဂျောင်​​ဟေးရာက ​ဘေးကဝင်​ဆွဲ​တော့ လက်​ကိုအတင်းလွှတ်​ရုန်းမိရာက သူမပါကြမ်းပြင်​​ပေါ်လဲသွားသည်​....
ဂရုမစိုက်​ပါ...
​သေသွားလဲသူဂရုမစိုက်​ပါ
ပတ်​​ဆောင်​ဟွာကို ယွန်းဂီ​စေ့​စေ့ကြည့်လိုက်​သည်​

Favorite Medicine//Yoonmin (Zawgyi/Unicode)Where stories live. Discover now