(Unicode)
ဒီနေ့ february 14...
တလမ်းလုံး စုံတွဲတွေ ခြေ ချင်းလိမ်နေတဲ့နေ့
ပန်းခြံတွေမှာဆို လက်ထပ်ခွင့်တောင်းတဲ့ သူနဲ့
ချစ်ရေးဆိုတဲ့ သူနဲ့ ရှုပ်ယှက်တွေကို ခပ်နေတာ...Valentine's day ဆိုတာ ကျုပ်မင်ယွန်းဂီနဲ့မဆိုင်တဲ့နေ့...
အဲ့တော့ studio ထဲကနေ အပြင်ကိုမထွက်ဖူးပေါ့ဗျာ...."ယွန်းဂီ အပြင်လေးဘာလေးထွက်ပါကွ"
မင်ဟွန်းအပြောကြောင့် တချက်လှည့်ကြည့်ပြီး
ခေါင်းခါပြလိုက်သည်..."ငါ သီချင်းရေးရဦးမယ်"
"V day နေ့ကိုနားလိုက်စမ်းပါကွာ..
အပြင်လေးဘာလေးထွက် ကြည်နူးမှုလေးဘာလေးရှာပေါ့""ဘာမှ ရှာစရာမလိုဘူး..
အချိန်တန်ရင်ရောက်လာမှာပဲ""ရောက်နေပြီလေ"
"ဟမ်!!''
မင်ဟွန်းစကားကြောင့်ကြောင်တောင်တောင်ဖြစ်ချင်သွားသည်...
ဘာကိုရောက်နေတာပါလိမ့်...
မင်ဟွန်းကို ကြည့်လိုက်တော့ မင်ဟွန်းက ဘေးကိုကြည့်လိုက်ဆိုတဲ့ ပုံစံနဲ့ မျက်စပစ်ပြသည်..."Hyung"
"ဂျီမင်"
ပြေးလာတဲ့ အဲ့ကလေးလေး..
အတင်းကိုလာဖက်တော့တာ..."ဖယ်စမ်းပါ မင်းကဘာဖြစ်နေတာ"
မင်ဟွန်းကိုကြည့်လိုက်တော့ နေရာမှာမရှိတော့ဘူးရယ်...
ဒီကောင်ဘယ်ရောက်သွားပါလိမ့်...."Hyung ကျွန်တော်နဲ့ လျောက်လည်ရအောင်"
"အမ် ဘာကိစ္စကြောင့်လဲ...
မင်းဘာသာမင်း သွားပေါ့""Hyung ကလဲ ဒီနေ့က V day လေ"
နှုတ်ခမ်းစူ ပြီးပြောနေတာ ချစ်စရာကကောင်းသေး
လူကဖြင့် ညှောင့်စိကလေး..
ပါးကလဲ ပိန်လိုက်ဖောင်းလိုက်နဲ့...
ဒီစောင်ကလေး ငါ့အသဲယားအောင်လုပ်နေတာ..."ဘာဖြစ်တုန်း.အဲ့ဒါ သမီးရည်းစားတွေအတွက်နေ့လေ မင်းနဲ့ငါက ဘာဆိုင်လို့အတူသွားမှာတုန်း"
![](https://img.wattpad.com/cover/137199537-288-k825494.jpg)
ВЫ ЧИТАЕТЕ
Favorite Medicine//Yoonmin (Zawgyi/Unicode)
Фанфикမင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့််အတွက်ကတော့နာကျင်မှုတွေကိုဖြေဖျောက်ပေးမဲ့ကိုယ်အကြိုက်ဆုံးဆေးဝါးတလက် Start Date -2.2.2018 End date -15.8.2018 မင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့်အတွက်ကတော့...