Unicode
"Hyung ကျွန်တော် ဗိုက်ဆာတယ်"
ကုမ္ပဏီသွားတဲ့လမ်းမှာ မုန့်ဆိုင်တွေ့သည်ထင်သည်...
ထို့ကြောင့် ဗိုက်ဆာတယ်ဟုလာပြောနေခြင်း.."အခုလေးတင် အိမ်ကစားလာပြီလေ ကလေးရာ"
"ဟာ...ကားပေါ်မှာ တောက်လျောက်ထိုင်နေရလို့ အစာကြေသွားပြီလေ"
"ကားပေါ်မှာထိုင်ရုံနဲ့ အစာကြေတယ်ဆို hyung ဗိုက်မဆာပါ့လား"
"Lol..
Min yoongi
ခင်ဗျား အဲ့ Black card ကြီးကို သေသည်ထိ တပြားမှမသုံးပဲ ကိုင်သွားမှာလား..""အများကြီးမစားနဲ့လေ.ကလေးရယ်
ဗိုက်နေမကောင်းဖြစ်..""တော်ပြီ.."
အဲ..ကောက်သွားပါပြီ..
Park Jimin ကောက်သွားပါပြီ"ကလေး..."
ခေါ်လိုက်မှ နှုတ်ခမ်းစူကာ အပြင်ဘက်ကိုလှည့်သွားတော့သည်..
"Hyung က အစာမကြေဖြစ်မှာစိုးလို့ပါ"
ပြောလိုက်ခါမှ မျက်နှာလေးလှည့်ထားရုံကနေ တကိုယ်လုံး အပြင်ဘက်ကိုလှည့်ကာကျောခိုင်းထားတော့သည်..
သြော်..ဘယ်လိုတောင် ကလေးစိတ်မကုန်သေးတာလား..Yoongi သက်ပြင်းတချက်ချလိုက်ပြီး
ကားကို မုန့်ဆိုင်လေးတစ်ဆိုင်ရှေ့ထိုးရပ်လိုက်ကာ..ခါးပတ်ဖြုတ်လိုက်ရင်း..ကြည့်လိုက်တော့ ကိုယ်တော်ချောက ဆိုင်ဝတောင်ရောက်နေပြီ...မြန်ချက်က လက်လန်တယ်..
ကားပေါ်ကဆင်းကာ ပုသေးသေးနောက်လိုက်လာခဲ့သည်...
ထိုပုလုံးလေးက ကောင်တာနားသွားကာ ဟိုဟာ..ဒီဟာ..နဲ့ မှာနေတာမဆုံးတော့ပေ..
အဲ့လောက်အများကြီး ဘယ်လိုအစာအိမ်နဲ့စားမှပါလိမ့်.သူလိုချင်တာမှာပြီးသွားသောအခါ..
ချောင်ကျကျနေရာလေးမှာသွားထိုင်နေတော့..သူ့ဘေးဝင်ထိုင်လိုက်သည်..
ပြန်ရတာက မျက်စောင်းတချက်နှင့်အတူ ဟိုးဘက်တိုးသွားခြင်း..
![](https://img.wattpad.com/cover/137199537-288-k825494.jpg)
YOU ARE READING
Favorite Medicine//Yoonmin (Zawgyi/Unicode)
Fanfictionမင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့််အတွက်ကတော့နာကျင်မှုတွေကိုဖြေဖျောက်ပေးမဲ့ကိုယ်အကြိုက်ဆုံးဆေးဝါးတလက် Start Date -2.2.2018 End date -15.8.2018 မင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့်အတွက်ကတော့...