Episode 17.💕💕

4K 578 47
                                    

Unicode

လူသိပ်​မရှိ​သော​ကော်​ဖီဆိုင်​ကျဉ်းကျဉ်းထဲတွင်​ ​ထောင့်စွန်း၌ထိုင်​​နေ​သော လူနှစ်​​ယောက်​သည်​တစ်​​ယောက်​နှင့်တစ်​​ယောက်​မျက်​နှာချင်းဆိုင်​လျက်​မည်​သည့်စကားကိုမျှမဆိုပဲတိတ်​ဆိတ်​​နေကြသည်​..
ပြင်​ပမှရာသီဥတုသည်​​အေးသည့်ဘက်​သို့​ရောက်​​နေသကဲ့သို့ အတွင်းမှထိုလူနှစ်​​ယောက်​ကြားတွင်​လဲ​အေးစက်​စက်​ ​လေစိမ်းကဖြတ်​တိုက်​​နေသလိုပင်​..
စကားဝိုင်းသည်​ ပုံမှန်​ထက်​ပိုမို​အေးစက်​​နေသလို​ ဆိုင်​တွင်း၌ဖွင့်ထား​သော revenscope ၏ My escape သီချင်းသည်​ပင်​လျင်​ ပိုမို​အေးစက်​​သောအ​ခြေအ​နေသို့​ရောက်​​နေသ​ယောင်​ဖန်​တီး​နေ​ပေသည်​..
အတန်​ကြာပြီးသည့်​နောက်​မှာ​တော့
လူနှစ်​​ယောက်​အနက်​ ဆံပင်​စိမ်းပြာဘက်​သန်း​နေ​သောသူက စကားစလာသည်​..

"​ပြောစရာရှိတာကိုမြန်​မြန်​​ပြော..
သိပ်​အားယား​နေတာမဟုတ်​ဘူး"

​လေသံခပ်​မာမာနှင့် အပြုံးအရယ်​မရှိ​သောမျက်​နှာပင်​လျှင်​ ​အေးစက်​​သောအ​ခြေအ​နေကိုအား​ကောင်း​စေလားမသိပါ..
ခပ်​ရွဲ့ရွဲ့​လေသံနှင့် မည်​သူ့ကိုမျှဂရုမစိုက်​တတ်​​သော​ယောက်ျားသည်​...မင်​ယွန်းဂီ...
နှစ်​​ယောက်​မရှိ​သော မင်​ယွန်းဂီ.

မင်​ယွန်းဂီ ​ရှေ့မှ ​ဂျောင်​​ဟေးရာကို ကြည့်ကာပို၍ပင်​စိတ်​မရှည်​ဖြစ်​လာရသည်​..
​ပြောဆိုတာကိုမ​ပြောပဲ ဟိုလိုလိုဒီလိုလိုလုပ်​​နေသည်​..
စိတ်​က လက်​တစ်​ဆစ်​သမားမို့ မိခင်​ဖြစ်​​နေ​သော်​ငြား..စိတ်​ကသိပ်​မရှည်​ချင်​...

"ကျစ်​.."

​ဆေးရုံတွင်​ကျန်​ခဲ့​သော ဂျီမင်​ကိုစိတ်​မချ..
မင်​ဟွန်းကိုအကူအညီ​တောင်းကာ ဂျီမင်​​ဘေးကမခွာခိုင်းခဲ့​သော်လဲ..
အခုလို ​ပြောစရာရှိသည်​ဟု ​ခေါ်ပြီးမှ နာရီဝက်​​ကျော်​သည်​ထိ မည်​သည့်စကားမျှမ​ပြောခြင်းသည်​ သက်​သက်​မဲ့ ဂျီမင်​ကို​ခေါ်ထုတ်​ချင်​၍ သူ့ကို ပထုတ်​ခြင်းလားဟုသံသယဝင်​လာ​စေသည်​..
အ​တွေးနဲ့တင်​ ရင်​ပူလာသည်​မို့ ထိုင်​ရာကထကာ ထွက်​သွားရန်​ဟန်​ပြင်​စဉ်​..

Favorite Medicine//Yoonmin (Zawgyi/Unicode)Où les histoires vivent. Découvrez maintenant