Unicode
"သခင်လေး ကျွန်တော်ပြောစရာရှိတယ်"
ဒရိုင်ဘာလီ ၏ အပြောကြောင့် သူခေါင်းတချက်ငြိမ့့်ပြကာပြောလေဟုပြောလိုက်တော့ ဒရိုင်ဘာလီကခုံတခုံဆွဲကာ သူ့ဘေးလာထိုင်သည်...
ဂျီမင် လက်ကလေးကိုကိုင်ထားလျက်ဖြင့်ပင်
ဒရိုင်ဘာ လီ ၏ စကားကိုနားထောင်နေမိသည်.."ဘယ်လိုစဖြစ်တာလဲဆိုတာကပဲ ကျွန်တော်စပြောပါ့မယ် သခင်လေး..
သခင်လေး ဂျီမင် က လွန်ခဲ့တဲ့ နှစ်လလောက်ကမှ
အမေရိက ကနေပြန်လာခဲ့တာပါ
သခင်လေး ဂျီမင် အမေအရင်းက အမေရိကန်မှာနေတော့ သခင်လေးကိုအလည်အပတ်သဘောမျိုးနဲ့ (၁) လအလည်ခေါ်ခဲ့တယ်
အဲ့ကနေပြန်လာတော့ သခင်လေးဂျီမင်က သူဌေးပတ် ရဲ့စကားကိုနားမထောင်တော့ဘူး..
အရင်က သခင်လေးကဂျီမင်က စကားနည်းတယ်
ပြီးတော့ အထီးကျန်ဆန်တဲ့ကလေးတစ်ယောက်ပါ
သူဌေး ပတ် က သခင်လေးကိုသိပ်ဂရုမစိုက်ဘူး
သခင်မကြီးကလဲ သိပ်ဂရုစိုက်တဲ့သူမဟုတ်ဘူး"ယွန်းဂီ ခေါင်းညိမ့်ပြမိသည်..
သူ့အမေက သူ့ကိုလဲ ဂရုစိုက်ခဲ့တာမှမဟုတ်ပဲ"အမေရိကန်က ပြန်လာတော့ သခင်လေးက
နဲနဲလောက် ကလန်ကဆန်လုပ်လာခဲ့တယ်
ပြီးတော့ သခင်လေးမင် ရဲ့အကြောင်းကိုလဲ ခဏခဏမေးလာခဲ့တယ်..
သခင်လေး ဂျီမင်က သခင်လေး မင် အကြောင်းကိုသိပ်သိတဲ့သူမဟုတ်ပေမဲ့ ရုတ်တရက်ကြီး သခင်လေးမင်အကြောင်းမေးလာတော့ သူဌေးကြီး ပတ်က မသင်္ကာဖြစ်ခဲ့တယ်
ပြီးတော့ သခင်မကြီးနဲ့ တခုခုကိုတိုင်ပင်ခဲ့ကြတယ်
ဘာတိုင်ပင်နေကြလဲဆိုတာတော့ မသိပေမဲ့
သူတို့တခုခု တိုင်ပင်ပြီး ဂျီမင်ကို အိမ်ထောင်စုစာရင်းမှာထည့်ခဲ့ကြတာ
အစက သခင်လေးဂျီမင်က အိမ်ထောင်စုစာရင်းမှာမပါခဲ့ဘူး"နားထောင်ရင်းဖြင့် ယွန်းဂီ စိတ်ရှုပ်ထွေးလာမိသည်
အာ့ဆို သူတို့က ကလေးကို မိသားစုစာရင်းထဲမထည့်ပဲ ငါ့အကြောင်းကိုမေးခါမှ မိသားစု စာရင်းထဲထည့်လိုက်တာပေါ့...
ဘာကြောင့်ပါလိမ့်...
ကလေးကကော ဘာကြောင့်ရုတ်တရက်ကြီး ငါ့အကြောင်းကိုသိချင်သွားရတာလဲ...
YOU ARE READING
Favorite Medicine//Yoonmin (Zawgyi/Unicode)
Fanfictionမင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့််အတွက်ကတော့နာကျင်မှုတွေကိုဖြေဖျောက်ပေးမဲ့ကိုယ်အကြိုက်ဆုံးဆေးဝါးတလက် Start Date -2.2.2018 End date -15.8.2018 မင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့်အတွက်ကတော့...