(Unicode)
"ယွန်းဂီ မင်းပြောတဲ့ကောင်လေးမို့လား"
မင်ဟွန်း စကားကြောင့် ကျွန်တော် ဘေးကိုလှည့်ကြည့်လိုက်တယ်..
ဟုတ်ပ.....ဟိုကန်စွန်းဥကလေးရယ်....
စတိုးဆိုင်ထဲမှာချထားတဲ့ ခုံပေါ်မှာ ခေါက်ဆွဲဗူးတစ်ဗူးကို တင်ပြီး လက်ကလဲစာအုပ်တအုပ်မှာစာတွေရေးလို့ မျက်နှာဝိုင်းကြီးတပ်လျက်...
အသည်းအသန်စာလုပ်နေပုံလေးက ချစ်စရာ.."ဟုတ်တယ် သူမှန်း မင်းဘယ်လိုသိလဲ
မင်းမှသူ့ ကိုမမြင်ဖူးတာ""ရှင်းနေတာပဲကွာ...
မင်းပြောတဲ့အတိုင်း ပုပုလုံးလုံးနဲ့ မျက်နှာလဲတပ်ထားတယ်
ပါးကလဲဖောင်းဖောင်း နှုတ်ခမ်းကလဲထူထူနဲ့ရှေ့ကိုထွက်နေသေး
ပြီးတော့ အသက်ကလဲ ၁၇အရွယ် အူကြောင်ကြောင်အသဲယားစရာပုံစံဆိုတော့..
အဲ့ဟာလေး ထင်လို့""Aww''
"ပြီးတော့ မင်းလို ရေခဲတုံးကို အအေးရိုက်ထားတဲ့ကောင်က ချစ်ဖို့ကောင်းတယ် ချစ်စရာလေးလို့ပြောတော့ အဲ့ကောင်လေးထင်သွားတာ..
မင်းပြောတာ ဟုတ်ပါ့...
ငါတောင်အသဲယားတယ် ရုတ်ကလေးက ကိုက်ဆွဲချင်စရာလေး""ဟေ့ကောင် မင်းပါးစပ်ပိတ်ထားစမ်း"
"ဟားဟား မင်ယွန်းဂီ သဝန်တိုနေတာ မြင်မကောင်းချက်ပဲဟေ့"
"- ီးကိုသဝန်တိုရမှာလား"
"မသိရင်ခက်မယ် ဟားဟား"
မင်ဟွန်းပြောလဲပြောချင်စရာ ....
အခုလဲကြည့်ဦး..
ဆံပင်ဝါဝါလေးကို ရှေ့နဖူးမမြင်ရအောင်ချထားပြီး
မျက်မှန်ဝိုင်းဝိုင်းကြီးတပ်ကာ
စာအုပ်ကြီးကိုကြည့်လိုက် စာတွေသူ့စာအုပ်ထဲကူးလိုက် နှင့် ရှေ့က ကြည့်နေတဲ့သူ့ကိုလုံးဝမမြင်တာမျိုး....
ငုံ့နေတဲ့အခါ မြင်နေရတာ နှုတ်ခမ်းဖူးဖူးလေးကျွတ်.....အသဲယားတာကွာ...
ဒီတိုင်းလေးပဲရပ်ကြည့်နေမိတယ်..
အဲ့ကလေးတကယ်အသဲယားစရာကောင်းတာပဲ..
အခုလဲကြည့်ဦး..
စာအသည်းအသန်ကူးနေရုံသာမက လက်ကလဲခေါက်ဆွဲစားလိုက်သေး...
ခေါက်ဆွဲစားတာတောင် စာအုပ်ကိုအကြည့်မလွဲပဲခေါင်းလေးငဲ့ပြီးစားနေပုံမှာ ဘယ်လိုကြည့်ကြည့် အသဲယားစရာကောင်းနေတော့တယ်..
ကိုယ်တော်ချောက စာကူးလို့ပြီးပြီထင်ပါ့
ဘေးကလွယ်အိတ်ကိုထုတ်ကာ တခုခုကိုရှာနေတယ်....
VOCÊ ESTÁ LENDO
Favorite Medicine//Yoonmin (Zawgyi/Unicode)
Fanficမင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့််အတွက်ကတော့နာကျင်မှုတွေကိုဖြေဖျောက်ပေးမဲ့ကိုယ်အကြိုက်ဆုံးဆေးဝါးတလက် Start Date -2.2.2018 End date -15.8.2018 မင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့်အတွက်ကတော့...