Unicode
"Hyung~~~"
အသံတိုးတိုးလေးပေမဲ့ ယွန်းဂီခေါင်းထောင်ကြည့်မိတော့ ကလေးကနိုးနေပေပြီ..
ကလးလက်ကလေးကိုကိုင်လျက်သူအိပ်ပျော်သွားခဲ့တာဖြစ်သည်..
ဆတ်ခနဲ ကိုယ်ကိုမတ်လိုက်ကာ ကလေးကိုကြည့်လျက်."ကလေး နိုးပြီလား"
ကလေးကပြုံးပြသည်
ဘယ်လိုတောင်သနားဖို့ကောင်းတာလဲ
မျက်နှာပေါ်ကဒဏ်ရာတွေသည်မြင်၍တောင်မကောင်းပေမဲ့ ကလေး ပြုံးပြနေသောအပြုံးကား ကမ္ဘာပေါ်တွင်အလှဆုံးဟုထင်ရလောက်အောင်ပင်.."ခဏလေး ကိုယ်ဆရာဝန်သွားခေါ်လိုက်ဦးမယ်"
"မကြာစေနဲ့နော် hyung"
ခေါင်းညိတ်ပြကာ နဖူးလေးကိုနမ်းလျက် ဆရာဝန်နားနေခန်းဆီပြေးသွားလိုက်သည်..
ကလေးကိုအကြာကြီးမထားခဲ့ရဲပါ...
တော်ကြာ ဟိုလင်မယားပြန်လာရှာမှဖြင့်.
ဆရာဝန်ကိုခေါ်ကာပြန်လာတော့ ကလေးကမျက်လုံးလေးမှိတ်ကာ ငြိမ်သက်နေသည်..
ရင်ထဲ ဒိန်းခနဲ..
ကလေး တခုခုများဖြစ်လို့လား.
ကလေးနားပြေးကာ ပုခုံးလေးလှုပ်နှိုးတော့
မျက်လုံးလေးပေကလပ် ပေကလပ်နှင့်ကြည့်သည်"ဘာဖြစ်လို့လဲ ဟင်"
"သြော်..ကိုယ်က ကလေး တခုခုဖြစ်သွားတယ်ထင်လို့"
သူပြောတော့ ရယ်ပြသည်..
ရုပ်ကလေးကိုကကိုက်ဆွဲချင်စရာ..
ဆေးရုံတက်နေရတာရယ်..ကလေးမှာဒဏ်ရာတွေနဲ့ရယ်ကြောင့် ပါးကိုဆွဲကိုက်ချင်စိတ်ကိုမနည်းထိန်းထားရသည်...
ဒီကောင်လေးတော့ ..ငါကိုက်လိုက်ရင်တော့..ဟင်း....
ဆရာဝန်က ကြည့်ရှုစစ်ဆေးပြီးသည့်နောက်.."လူနာက ဘာမှတော့မဖြစ်ပါဘူး..
ခန္ဓာကိုယ်က ဒဏ်ရာလောက်ပဲဂရုစိုက်ရမှာပါ
ဆေးရုံဆင်းချင်ရင်ဆင်းလို့ရပါပြီ..""ဟို..တစ်ရက် နှစ်ရက်လောက်ထပ်နေလို့မရဘူးလားဆရာ"
![](https://img.wattpad.com/cover/137199537-288-k825494.jpg)
YOU ARE READING
Favorite Medicine//Yoonmin (Zawgyi/Unicode)
Fanfictionမင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့််အတွက်ကတော့နာကျင်မှုတွေကိုဖြေဖျောက်ပေးမဲ့ကိုယ်အကြိုက်ဆုံးဆေးဝါးတလက် Start Date -2.2.2018 End date -15.8.2018 မင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့်အတွက်ကတော့...