Unicode
--------အမြဲတမ်းဖုန်းသရဲလုပ်လုပ်နေသော
Unknown number လေးတခု မလာတာ
တစ်ပတ်နီးနီးတောင်ရှိနေခဲ့ပြီ..။
ကြည့်ရတာထိုကောင်လေးသည် သူပြောတာကို
အမှန်လို့ထင်သွားပုံရသည်..။
ဘာရယ်မဟုတ် ရတာကောက်ပြောလိုက်တာကို
တကယ်ပဲရည်းစားရသွားတယ်လို့
ထင်သွားပြီလားမသိပါ...။
ဖုန်းပင်မဆက်တော့ချေ...အစကတော့ သူ့ကိုဖုန်းကွယ်ထားသည့်ကိစ္စ
အတွက်ဒေါသတော်တော်လေးထွက်မိသော်လဲ
ထိုကလေးမျက်နှာကိုမြင်ယောင်လိုက်သည်နှင့်
ဒေါသတွေကကြက်ပျောက်ငှက်ပျောက်ပျောက်
ကုန်တော့သည်...။ခက်တော့လဲခက်သည်.....။
တသက်လုံးဘယ်သူ့အမြင်ကိုမှဂရုမစိုက်ပဲ
နေချင်သလိုနေ ဘယ်သူဘယ်လိုနေနေဂရုမစိုက်
ခဲ့သော ကိုယ်က ထိုကလေးကိုမှချစ်မိသွားသည်..။
လွမ်းတယ်ဆိုတာ ဒါမျိုးကိုခေါ်တာထင်သည်..။
တွေ့ချင်စိတ်တွေက တားမရဆီးမရ...။
အမြဲလိုလို ထိုကောင်လေးက သူ့ကို stalkခဲ့သမျှ
သူကအခုပြန် stalk ရပေတော့မည်...။ကျစ်...ဂျီမင် တွေ့ချင်တယ်ကွာ.....
ဖုန်းခေါ်လိုက်ရင်ကောင်းမလား..
"ကျစ်...ဘယ်လိုတောင်မနေတတ်တာလားကွာ"
ခေါင်းကိုတဂျစ်ဂျစ်မြည်အောင်ပင်ကုတ်ပစ်လိုက်ပြီး
ထိုင်ရာမှထရပ်လိုက်တော့ မင်ဟွန်းက
ပြုးကြောင်ကြောင်နှင့်မော့ကြည့်သည်.....။"ဘယ်သွားမလို့လဲ ယွန်းဂီ"
"မင်း... ဂျီမင်တက်တဲ့ကျောင်းနာမည်သိလား"
"အင်း.. senior high school လေ
ဘာလို့..""အိုကေ ကျေးဇူးပဲ"
ဆိုင်ကယ်သော့ကိုကောက်ယူကာ
အပြင်သို့ထွက်လာခဲ့သည်....။
မတတ်နိုင်တော့...
တွေ့ချင်တော့လဲ သွားတွေ့ရပေမည်....။
ဆိုင်ကယ်ကိုလမ်းတစ်လျောက်သတိထားကာ
မောင်းနှင်လာခဲ့ရင်း ကောင်လေးကိုတွေ့ရင်
ဘယ်လိုစကားမျိုးပြောရမလဲစဉ်းစားနေမိသည်...။မင်းကိုတွေ့ချင်လို့လာတာ...
အာ...အဲ့လိုပြောလို့မဖြစ်သေးပါဘူး..
ဒီနားလာရင်းလမ်းကြုံလို့ဝင်လာတာ..
အဲ့လိုဆိုလဲ ဘာကိစ္စနဲ့ဝင်လာတာလဲမေးဦးမှာ...
ESTÁS LEYENDO
Favorite Medicine//Yoonmin (Zawgyi/Unicode)
Fanficမင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့််အတွက်ကတော့နာကျင်မှုတွေကိုဖြေဖျောက်ပေးမဲ့ကိုယ်အကြိုက်ဆုံးဆေးဝါးတလက် Start Date -2.2.2018 End date -15.8.2018 မင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့်အတွက်ကတော့...