Unicode
အချိန်ကား ညနေ ၆နာရီ
Jimin ထွက်သွားတာ ၆ နာရီတောင်ရှိခဲ့ပြီဖြစ်သည်...
Yoongi the best coffee ဆိုင်ရှေ့ရောက်တော့ ခြေလှမ်းတွေကို ပိုမိုမြန်ဆန်စေမိသည်...ဒရိုင်ဘာလီ..ဒရိုင်ဘာလီက jimin နဲ့ ပတ်သတ်၍ပြောစရာရှိသည်ဆိုသောစကားကို သိချင်နေမိသည်..
ဒရိုင်ဘာလီ သည် jimin ရှိသောနေရာကိုများသိနေလေသလား...အတွေးတို့ကြောင့်ခပ်မြန်မြန်ခပ်သွက်သွက်လှမ်းလာခဲ့ရင်း ဆိုင်ထဲမှာ Min Hoon နဲ့ ဒရိုင်ဘာလီကိုပတ်ရှာကြည့်လိုက်တော့ ထောင့်စွန်းတနေရာမှာ ထိုင်နေသော min hoon ကိုတွေ့သည်.
Min hoon ရှေ့တွင်တော့ ထိုင်နေသူမှာ ဒရိုင်ဘာလီဖြစ်ဟန်တူသည်Min hoon ထိုင်သောထောင့်စွန်းနေရာသို့သွားကာ min hoon ဘေးတွင်ဝင်ထိုင်လိုက်သည်..
ဒရိုင်ဘာလီက ရှေ့တွင်ခပ်နွမ်းနွမ်းထိုင်နေသည်..
Min hoon ကလဲ သူ့ကိုမြင်တော့စိတ်မကောင်းသောပုံစံနှင့် မျက်နှာလွှဲသည်.
Jimin ကိစ္စကြောင့် စိတ်မကောင်းဖြစ်နေတာဖြစ်မှာပါဟုတွေးရင်း ဒရိုင်ဘာလီကိုကြည့်လိုက်ကာ.."Jimin ကိစ္စပြောစရာရှိတယ်ဆိုတာဘာလဲ ဒရိုင်ဘာလီ"
ဒရိုင်ဘာလီ သက်ပြင်းသဲ့သဲ့ချသည်..
ထို့နောက် yoongi ကိုကြည့်သည်..သူ့အထင်မမှားလျင် ဒရိုင်ဘာလီ မျက်ဝန်းမှာ မျက်ရည်စတွေကို မြင်ရသည်..
ဒရိုင်ဘာလီက ဘာကို မျက်ရည်ဝဲနေတာပါလိမ့်...
ဘေးမှ Min Hoon က လဲ မျက်နှာအပျက်ပျက်နှင့်ခေါင်းငုံ့နေသည်..
ဘာကြောင့်ရယ်မသိ..
သူတို့အမူအယာများကြည့်ကာရင်ထဲပူလောင်လာမိသည်..."ဒရိုင်ဘာလီ!!!
ပြောစရာရှိတာ မြန်မြန်ပြောပါ""သတင်းကြည့်ပြီးပြီလား..yoongi"
Min Hoon အမေးစကားကြောင့် min hoon ကိုမကြည့်ပဲ ခေါင်းခါပြလိုက်သည်..သတင်းကိုသူဘာလုပ်ရမည်နည်း..သူသိချင်တာ jimin အကြောင်း.
Jo Min Hoon တစ်ယောက်ဘာတွေလာမေးနေမှန်းကိုမသိပါ...
YOU ARE READING
Favorite Medicine//Yoonmin (Zawgyi/Unicode)
Fanfictionမင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့််အတွက်ကတော့နာကျင်မှုတွေကိုဖြေဖျောက်ပေးမဲ့ကိုယ်အကြိုက်ဆုံးဆေးဝါးတလက် Start Date -2.2.2018 End date -15.8.2018 မင်းဟာ ဘယ်လောက်ပဲ Side effect တွေများနေပါစေ ကိုယ့်အတွက်ကတော့...