Part (2)

434 16 0
                                    

" ရုပ်သေးရုပ်"
Part(2)

လင်းလက်ကြယ် စက်ဘီးရပ်သည့် နေရာတွင် စက်ဘီးဒေါက် ထောက်ပြီး ကျောင်းဝင်းကြီး
အတွင်း ဝင်လာခဲ့ သည်
အရမ်း ကို ကျယ်လွန်းလှသည့်ကျောင်းဝန်းကြီး
လူချမ်းများ သာတက်နိုင်မည့်ကျောင်းတော်ကြီး
ဘောလုံးကွင်းကျယ်ကြီး လည်းရှိသည်
သူ လျှောက်လမ်း အတိုင်းငေးမော၍ လျှောက်လာခဲ့သည်
များပြာလှတဲ့ အခန်းများ များပြားလှတဲ့ အဆောင်များ
သူ့ အခန်းက ဘယ်မှာမှန်းမသိသေးပါ ရှာဖို့လည်း အတော်ခက်မည်...
ထိုစဉ်....
ငေး၍ လျှောက်လာသော သူ တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်နှင့်တိုက်မိခဲ့သည်
ထိုသူကို မြင်မြင်ချင်းချင်း သိစိတ်က လက်မခံသော ရင်ခုန်မှုကို သူ့ရဲ့ မသိစိတ်က ခံစားလိုက်ရသည်
ချွန်မြသောနှာတံ မည်းနက်နေသော မျက်ခုံးကြောင့် နဂိုဖြူတဲ့ အသားရောင်က ကိုယ်ယောင်ကိုယ်ဝါ
တွေထွက်နေသလို ဒေါသထွက်နေလို့ အံကြိတ်ထားသည် မှာ မေးရိုးများပါတင်းနေသည် ဖြူဖွေးတဲ့ သူလည်တိုင်မှာ အစိမ်းကြော ယှက်ဖြာနေသည် ထိုသူမှာ ကြည့်ကောင်းသည်ထက်ပို ၍......
'ဟျောင့်...'   တွေဝေနေသော သူ ထိုအသံကြောင့် သတိပြန်ဝင်လာသည်
'ဟျောင့် ခေါ်နေတာ မကြားဘူး လား '    'ဟို..ဟို ဟုတ် '
'အခုမှ လာ အ ချင်ယောင်ဆောင်မနေနဲ့'  ' ခင်ဗျာ... '
'ဒီမှာ.. မင်းငါ့ကို ဝင်တိုက်တာ ဘာ အငြိုးနဲ့ လည်း ကြိုတင်ကြံစည် ပြီး မှ ဝင်တိုက်တာမလား'
ထို စကားကြောင့် လင်းလက် ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ရယ်မိသွား သည်.. ခွီ..ခွီ...
ဘာတဲ့ ဝင်တိုက်မိတာကို ဘဲ ကြိုတင်ကြံစည် ထားရမယ် တဲ့...
'ဟျောင့် မင်းက ဝင်လည်းတိုက်သေး တယ် ဘာလို့ ရယ်တာလည်းး'
'အာာ... ကျနော် ဝင်တိုက်လို့ အစ်ကို ပြုတ်တာလည်း မဟုတ်ဘူး
ကျနော်ဘဲ ပြုတ်ကျသွားတာလေ အဲဒါကို ဘာတွေ ရန်ရှာနေတာ လည်း '
'မင်း ငါ့ကို တမင် ဝင်တိုက်တာမလား ဒါမှမဟုတ် ဘယ်သူ ဝင်တိုက်ခိုင်း လိုက်တာလဲ '
'ဒီမှာ အကို ကျနော်က ဒီနေ့မှ ကျောင်းစတက်တာ သူငယ်ချင်လည်းမရှိဘူး
'ဘယ်သူမှ လည်း ကျနော်ကို ဝင်တိုက် ခိုင်းတာ မဟုတ်ဘူး
အကို ကို လည်း ကျနော် မသိဘူး... '
'ဟျောင့် ဝေ့လည်ကြောင်ပတ် လုပ်မနေနက် ဘာဘဲဖြစ်ဖြစ် ငါ့ကို ဝင်တိုက်တဲ့ အတွက်
မင်းကို အပြစ်ပေးမယ် '
'ကျနော်ဝင်တိုက်မိတာ ခင်များလည်း ပြုတ်ကျသွားတာ မဟုတ်ဘူးမလား
အဲ့ ဒါကို ဘာလို့အပြစ်ပေးမှာလဲ ခင်များကို ဝင်တိုက်မိတာ အဲ့လောက်အပြစ်ကြီးလို့လား
ခင်များ က ကျောင်းဆရာ လား သာမာန် ကျောင်းသားဘဲလေ...'
လင်းလက်ဒေါသ တွေ တအားထွက်သွား ၍ ပြောချင်ရာ ပြောမိသွားသည်

"ရုပ်သေးရုပ်'Where stories live. Discover now