Part(10)

208 4 0
                                    

"ရုပ်သေးရုပ်"
                      Part(10)

#ငြင်းဆန်မှု နှင့် ခိုင်းစေခံရခြင်း

    အရမ်းကို ချမ်းလား light
အင်းချမ်းတယ်... 
ပြောသားဘဲ ထူထူ လေးဝတ်လာပါလို့... အခုတော့....
စစ်ပြောလည်းပြော .... အနွေး ထည် အိတ် ထဲ အိတ် ထဲ ထည့်ထားသော သူတို့ လက်နှစ်ဖက် ကို ထုတ် လိုက်ပြီး   ထို အနွေးထည် လေး light အား ဝတ်ပေးလိုက်သည်....  ပြီးတော့
light လက်ကို ပြန်ကိုင်ကာ... ငါ လည်းချမ်းတယ် ဟု ဆိုပြီး  light ဝတ်လိုက်တဲ့ အနွေးထည်
အိတ် ထဲကို ထို လက်အစုံအား ပြန်ထည့် လိုက်....သည်
ပြီးတော့ အနောက်မှ သိုင်းဖက်ထားသည်... ထို တံတားပေါ်မှာ လူသိပ်မရှိတော့ တော်သေးသည်...
လူတွေ ရှိရင် တောင် စစ် ဆိုသောသူက ဘာကိုမှ ဂရုစိုက်မည် မဟုတ်ပါ
(ငါ မချမ်းလည်း မင်းလက်ကလေး ကို ကိုင်ထား ရင် ပိုနွေးထွေးလို့ပါ...)
သွားမယ်... light ငါ အဲဒါပြချင်တာ ပြီးသွားပြီ သွားမယ်.... 
ခဏ လေး နေချင်သေးတယ်....
စစ် light ရဲ့ နား နားကပ်ပြီး ငါပွေ့ချီ ခေါ်သွားရမလားလို့ မေးလိုက်သည်...
အဲ့တော့မှ ဘဲ light က သူခေါ်ဆောင်ရာ လိုက်လာခဲ့တော့သည်...
ချိတ်ဆက်ထားတဲ့ လက်နှစ်ဖက်ကတော့ ကား ပေါ် တက်တဲ့ အချိန်မှာ တော့ ခွဲခွာလိုက်ရတယ်...
ကားပေါ်ရောက်တော့ စစ် သူ့ကို လုံးဝ လှည့်မကြည့်ဘဲ ကားသာ မောင်းနေသည်..
အရှိန်လျော့ ပြီး မောင်းပေးပါလားး
မင်းပြောတိုင်း ဘာလို့.... 
တောင်းဆိုတာပါ... ဒီနေ့ပျော်တယ်.... ကျေးဇူးတင်ပါတယ်...  စံအိမ်ကို မရောက်ချင်သေးဘူး
အဲ့မှာ ကောင်းတဲ့ အမှတ်တရ ဘာမှမရှိ ဘူး မွန်းကျပ်တယ် အဲ့မှာ နေရတာ ....
စစ် ကားမောင်းနေရာမှ သစ်ပင်အောက် တစ်နေရာ တွင် ကားကို ထိုးရပ်လိုက်သည်...
ထို့နောက် စစ်က light ဘက်သို့ မျက်နှာမူလိုက်သည်...
ပြီးတော့ အခုဏ လိုဘဲ လက်နှစ်ဖက်ကို ဆုတ်ကိုင်လိုက်ကာ တဖြည်းဖြည်း လင်းလတ် မျက်နှာ နား နီးကပ်လာ၍ လင်းလတ် ရှောင်လိုက်မိသည်....
အဲဒါကြောင့် စစ် က light မျက်နှာကို ဆွဲယူကာ မေးလိုက်တယ်...ငါနမ်းရင် ဘာဖြစ်လို့လည်းး   
ကားပေါ် မှာ မအန်ချင်ဘူး 
ငါ့ကို ဘာလို့ ရွံ ရတာလည်း  ဟု မေးပြီး စစ် က အကြမ်းဆွဲနမ်းမည် အလုပ် လင်းလတ် သူ့မျက်နှာ ကို
ဆွဲ ယူထားသော စစ် လက်ကို ပုတ်ချပြီး ကားမှန်ကို လှမ်းဖွင့်ပြီး အပြင်လေ ကို ရှုလိုက်သည်...
ပြီးတော့ စစ် ဘက်ပြန်လှည့်ကာ  ခင်များကို ပြောမယ်...
ဘယ်သူကမှ ခံစားချက်မပါဘဲ နမ်းခံရတာမျိုး မကြိုက်ဘူး  ဇွတ် အတင်းနမ်းတာမျိုးလည်း
လုံးဝ မကြိုက်ဘူး
ပြီး တော့ ပတ်ဝန်းကျင် အမြင်မှာလည်း မသင့်တော် ဘူး
light မင်းကို ငါပြော မယ် 'စစ်ဆိုတဲ့ငါ့အတွက် ပတ်ဝန်းကျင်ဆိုတာ ဂရုစိုက်စရာမလိုတဲ့ အရာတစ်ခု'
ဒါဆို ကျနော့် ကိုရော ဂရုစိုက်စရာ မလိုဘူး ပေါ့ ကျနော့် ခံစားချက်တွေကိုရော ဂရုမစိုက်ဘူးပေါ့
မင်းက ငါ နမ်းတာကို မကြိုက်ဘူးပေါ့
ဟုတ်တယ် မကြိုက်ဘူး  ယောကျာ်းလေးနှစ်ယောက်က တစ်ယောက်အပေါ် တစ်ယောက်
ဘာခံစားချက်မှ မရှိဘဲ နမ်းလိုမှ့ မရတာ ကျနော်တို့ အတွဲ တွေ လား မဟုတ်ဘူးလေ...
ဒါပေမယ့် ငါကတော့ နမ်းမှာ ငါ သူများနဲ့ လည်း မတူဘူး လိုချင်တာ ကို မရရအောင် လုပ်ယူတတ်တယ်
စစ် ပြောပြီးတာနဲ့ တစ်ပြိုင်နက် light နှုတ်ခမ်းများ အား ဆွဲ ယူ၍ နမ်းလိုက်သည်....
ထိုစဉ် စစ် နှုတ်ခမ်း မှ နာကျင်မှု light သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်... သွေးများထွက်လာသည်
ဒါကြောင့် သူလည်း light နှုတ်ခမ်းအား ပြန်ကိုက် လိုက်သည်..... light က သူ့ လက်မှ အတင်းရုန်းကာ
ကားပြတင်းပေါက် သို့ မျက်နှာ မူလိုက်သည်....
စစ် လည်း နှုတ် ခမ်း မှ တစ်စွန်း တစ် စ ထွက်နေသော သွေးများ ကို လက်မ ဖြင့် သုတ်လိုက်သည်..
ပြီးတော့ စံအိမ်ကို ဘဲ ဦးတည်ပြီး ကားဆက်မောင်းနေလိုက်သည်...
ရောက်ပြီ ဆင်းတော့  ဟု စစ်ပြောလိုက်သောကြောင့် လှည့်ကြည့်လာသော သူ..
သူ့နှုတ်ခမ်းမှာ လည်း သွေးများ စီးကျနေသည်
အဲဒါကြောင့် စစ် ထိုနှုတ်ခမ်းပါးများအား လက်မ နှင့် လှမ်း သုတ်ပေးမည် အလုပ် light က သူ့လက်နှင့်သာ သုတ်ပြီး ကားပေါ် မှ ဆင်းသွားလေ ရဲ့... 
'ထိုသို့ ငြင်းဆန်မှု မျိုးကို မနှစ်သက်ပါ သူဘာပြောပြော အရာရာ ခေါင်းညိမ့် လက်ခံ မှုမျိုးကို သာ
နှစ်သက်ပါသည်'
--------------------------------------------------------------------------------------
     စစ်...  
ပြောလေ ဒယ်ဒီ..
သားဟိုကောင်လေးကို ဘာလို့ အဲ့လောက် အရောတဝင်နေနေတာလည်းးး  
အော်အဲဒါလား ကျနော် သူ့အနားမှာ ရှိရင် သူမပျော်ရွှင်ရဘူးလေ... အဲ့ဒါကြောင့် သူ့အနား မှာ နေရုံနဲ့
သူ့ကိုနှိပ်စက် ရာ ရောက်လို့ သူ့အနား ကပ်နေတာ... 
အေ... သူ့ကို အလုပ်တစ်ခုပေးရတော့ မယ်.. 
ဘာအလုပ်လည်း ဒယ်ဒီ ...  
ဒေါ်မြခက်လေ...   သူက ဒယ်ဒီ အကြွေးတွေ မပေးသေးဘဲ ရှောင်ပြေးနေတာ...   ပြီးတော့ လူတွေ ကြားထဲ မှာ သူ့ကို သတ်ရင် ရိပ်မိသွားမယ်... အဲဒါကြောင့် ဟိုကောင်လေး ကို...
လင်းလတ်ကြယ်ပါ ဒယ်ဒီ...
အေ သူ့ကို  .. မင်းနာမည် ဘယ်လိုသိသွားတာလည်းးး
စစ်ပါ ဒယ်ဒီရဲ့
အေ့ကွာ... ထားပါတော့ သူ့ကို ဒေါ်မြခက် ကို
အာ ကျွန်တော် နားလည်ပြီ...    ကျနော် အဆင်သင့် သွားပြင်ခိုင်းထားလိုက်မယ်...
ညနေကျ ရင်  စမယ်...  ရှိုင်းထက်ကို အနောက် လိုက်သွားခိုင်းလိုက်မယ်
ပြီးရင် အပြတ် ရှင်းခိုင်းလိုက်မယ်
ရတယ် ဒယ်ဒီ  ကျနော်ဘဲရှင်းလိုက်မယ်
ဟာ..... မင်းက ဘာလို့ အပင်ပမ်းခံမှာလည်း ရှိုင်းထက်ကို ရှင်းခိုင်းလိုက်လည်း ရပါတယ်
ထိုစဉ် ရှိုင်းထက်မှ ဝင်၍ ဟုတ်ပါတယ် သခင်လေး ကျနော် ရှင်းလိုက်လည်း ရပါတယ် ဟု
ပြောလာသည်
စစ် လည်း မင်း မရှည် ငါ ရှင်းမယ်ဟု ပြောပြီး ထွက်လာလိုက်သည် ရှိုင်းထက်ကတော့
ပြုံးသွားသယောင်....

"ရုပ်သေးရုပ်'Where stories live. Discover now