Part(8)

261 9 0
                                    

"ရုပ်သေးရုပ်"
Part(8)

စစ် light ကို ကားပေါ် အမြန် တက်ခိုင်းခဲ့တယ်.... သို့သော်... သူက မတက်ဘဲ ရုန်းနေခဲ့တယ်...
ဟျောင့် ကားပေါ်တက်လေ... မတက်ဘူး ဘာလို့ တက်ရမှာလည်းး
သူတို့ တွေကို မင်းသိလို့လား အဲဒါ မင်းအဖေ လူတွေလေ...
မသိဘူး ဆိုပြီး ခင်များထက် စာရင် သူတို့နဲ့ဘဲ နေလိုက်မယ်...
ဘာ.... အခု ကားပေါ်တက်.... စစ်ရဲ့ အားကိုတော့ သူမနိုင်နိုင်ပါ...
သူ့ကို ကားပေါ် အတင်း တက်ခိုင်းခဲ့ပြီး.... ပြီးမှ စစ်ပါ တက်ပြီး စစ်တို့ အရင် ထိုနေရာမှ
ထွက်လာခဲ့သည် ရှိုင်းထက်တို့ ကတော့ အနောက်မှ ထိုလူ များကို တားရင်းကျန်ခဲ့သည်
ကားပေါ်မှ စစ် ဖက်ထားမိသော လက်များကို ရုန်းနေသော light စစ် လည်း အခုမှ သတိထားမိသည်...
သူ light ကို ဖက်ပြီး ချုပ်ထားမိတယ်.... သူ့လက် ထဲ မှ ရုန်းနေသော light ပို တင်းကျပ် စွာ
ဖက်လိုက်သည်... သူ့လက်မှ မရုန်းနိုင်မှန်းသိတော့.... ငြိမ်သွားတဲ့ light ကြောင့် သူ့ တင်းကျပ်စွာ
ဖက်ထားလက်များ ကို ဖြေလျော့ လိုက်သည်... ထို့နောက် လက် ဖဝါးကို သာ ဆုပ်ကိုင်ထားခဲ့သည်...
အတန်ကြာမှ light မှ စ၍ ကျနော့် ပစ္စည်းတွေ က မယူရတော့ဘူးပေါ့နော်... အဲဒါမယူလို့မရဘူး
ဟို လူတွေ ကို မတွေ့စေချင်တဲ့ တချို့ ပစ္စည်း တွေ ရှိတယ်...
အဲဒါ ဘာမှ မပူနေနဲ့ ငါရအောင် ယူပေးမယ်.... ခင်များက ဘယ်လို..
စစ်လေ.. မလုပ်နိုင်တာ မရှိဘူးးး
(သူ့ကို ကလဲ့စား ချေရမည် သို့သော် အရင်ကတည်းက သူငယ်ချင်း သံယောဇဉ်ထက် ပိုခဲ့သောကြောင့်
ကျနော် သူ့ကို ဘယ်က စ ပြီး မုန်းရမလဲ မသိသေးပါ သေချာတာတော့ အမြန်ဆုံး သူ့ကို ကလဲ့စားချေမှာပါ)

စစ် တို့ စားသောက်ဆိုင် တစ်ခု တွင် ကားရပ်လိုက်သည်.... မနက်ကတည်းက ဘာမှ မစားရသေးတာ ခုဆို light လည်း ဗိုက်စာ လောက်ပြီ ဟူ၍ ကားရပ်ခိုင်းလိုက်တာပါ.....
ဆောင်း အလယ်လောက်ရောက်ပြီ ဆိုတော့ အပြင်မှာ တအားအေးသည်... သူကတော့ ဝတ်နေကျအတိုင်း ဝတ်လာပေမယ့်
သူ ဝတ်နေကျ ကို က အောက်က ရှပ်အင်္ကျီ နဲ့ အပေါ်က ကုတ်ကို ဝတ်ပြီး အောက်က ဂျင်းဘောင်းဘီ
ရှည်ကို ဝတ်ထား၍ သိပ်မချမ်းပါ.... light ကို လှမ်းကြည့် လိုက်တော့ သူက တအားချမ်းနေသည်...
တီရှပ် လက်တိုလေးက သေးသေးကွေးကွေး ဖြစ်တဲ့ သူ ဝတ်ထားတော့ ပို၍ ပွနေသည်...ဘောင်းဘီကလည်း အိမ်နေရင်း ခပ်ပွပွ ချည်သားလေး ဖြစ်သည်....
အခု မှ သတိထားမိသည်.. light ရောက်လာကတည်းက ဒီအဝတ်အစားနဲ့ပင်...
သူ့ကို လည်း အဝတ်အစား ဝယ်ပေးရဦးမည်....
light တအားကို ချမ်းနေတာ ကြည့် ပြီး သူရယ် ချင်မိသည်...
ဆိုင်ထဲ ကို ဝင်ခံနီး သူ့ ကုတ်အင်္ကျီ ကို ချွတ် ပြီး light လှမ်းခြုံပေးပြီး ပြောလိုက်သည်..
'ချမ်းနေတာ စောစောကတည်းက ငါ့ကို ပြော ရင် ငါက သတ်မှာမလို့လား'
ပြီး လက်ဆွဲပြီး ဆိုင်ထဲ ခေါ်ခဲ့လိုက်သည်.....
ဆိုင်ထဲ ရောက်တော့ စစ် ခြုံရုံသာ ခြုံပေးထားသော.... ကုတ်ကို လက်ပါထည့်ပြီးဝတ်လိုက်သည်...
ပြီးတော့ ကုတ်အင်္ကျီ လက်နှစ်ဖက်က ရှည်နေ၍ သူလက်ကလေး များကို တစ်စွန်းတစ်စသာ တွေ့ရသည်
ချစ်ဖို့ကောင်းသည် ထက်ပိုသည်... အောက်က ချည်သား ဘောင်းဘီ နဲ့ အပေါ်က ကုတ်ကို ဝတ်ထား
သည် မှာ ဘာမှကို မဆိုင်.... ဒါပေမယ့် သူနဲ့တော့ တအားခစ်ဖို့ကောင်းနေသည်...
စစ် light ကို သူ့ဘေးမှာ ထိုင်စေပြီးးး ဘာစားမှာလည်းး
နိုး မစားချင်ဘူး
မရဘူးမစားလို့ စားရမယ်...
ကိုယ့်အစာအိမ်နဲ့ ကိုယ်လေ ဗိုက်စာ မှ စားမှာပေါ့...
မင်းဗိုက်စာနေတာ ငါသိတယ်... ငါ့ကို လိမ်နေတာလည်း ငါသိတယ်.....
light ဘာမှ ဆက်မပြော တော့ပါ....
ဘာစားမှာလည်းး
စားချင်စိတ် မရှိပေမယ့် လည်း ခင်များ အတင်းစားခိုင်းတော့ အဆင်ပြေတာ တစ်ခုခု ဘဲ မှာလိုက်..
အွန်... လိမ္မာတယ်.... ဟူ၍ စစ် သူ့ကို ခေါင်းပုတ်ပေးလိုက်သည်...
light သူ ခေါင်းပုတ်ပေးလိုက်သည် ကို ကျေနပ်သည် လား မကျေနပ်သည် လား မသဲကွဲပါ....
အကယ်၍ ကျေနပ်ခဲ့သည် ဆိုရင် တောင် သူ့ရဲ့ အသိစိတ်က လက်မခံနိုင်ပါ....
ချလာပေးသော နို့အေးဘူး နဲ့ ပေါင်မုန့်ကြက်ဥကြော်...
စားချင်စိတ် မရှိပါ... သူဟို အိမ်ကို ပြန် ချင်သည်... စစ် ကို ကလဲ့စားချေဖို့ သူ အဲ့ ကို ပြန်မှ ရမည်..
စစ်ရိပ်ကိုကို အတူတူ ဆက်မနေချင်ပါ.. မုန်းရမှာ.... သူ့ကို မြင်တိုင်း အတွေးထဲ ဝင်လာတာ
ကျနော် သူ့ကို မုန်းတယ်...
light မစား ဘဲ ဘာကြည့်နေတာလဲ...
မစားချင်ဘူး... စားစမ်ပါ.. ကွာ...
စစ် ပြောလိုက်တော့ သူက နို့အေးဘူး ကို ဖောက်သောက်လိုက်သည်...
ပြီးတော့ ကြက်ဥကြော် ခရင်းနဲ့ မဖဲ့ ဘဲ ထောက်ထားသည်....
စစ် စိတ်မရှည်တော့ပါ.... သူ့လက် ထဲက ခရင်းကို ဆွဲလုလိုက်သည်....
ထို့နောက် ပေါင်မုန့်ကို ဖဲ့ပြီး လှမ်းခွံ့လိုက်တော့.. ရှောင်လိုက်တဲ့သူ့ ကြောင့် တအားဒေါသ ထွက်သွားရသည်... ဟျောင့် စားလေ..... မစားချင်ဘူးးး ငါပြောနေတာနော်....
ကိုယ့် စိတ်နဲ့ ကိုယ်လေ.. စားချင်မှ စားမှာပေါ့....
စစ် တောက်ခ် တစ်ချက် ခေါက်ပြီး သူနဲ့ မျက်နှာချင်းဆိုင် ထိုင်နေသော ခုံမှ ဘေးချင်းကပ် ခုံကို
ပြောင်းထိုင် လိုက်ပြီး သူ့မျက် အကြမ်း ဆွဲလှည့်လိုက် တော့ ပြူးကျယ်သွားသော မျက်လုံး ဝိုင်းဝိုင်း
လေးများ ... စစ် ခရင်းနဲ့ ဖဲ့ ထားသော ပေါင်မုန့်ကို သူ့ပါးစပ်ကို လက်တစ်ဖက်ဖြင့် ချုပ်ပြီး
အတင်းကျွေး လိုက်သည်.. သူ့မျက်လုံး ထဲမှ စီးကျလာသော မျက်ရည် များ
နှစ်သက်သည်.. ထို အရာတွေ အကုန်ကျနော် နှစ်သက်သည်...
ဟျောင့် ဆက်စား ငါမင်းကို အဆိပ်ကျွေးနေတာ မဟုတ်ဘူး..စားး
ခင်များ ဘာလို့ အရာရာ ကို အတင်းကြီးလည်း
ခင်များ စိတ်နဲ့ အသက် ရှင်ခိုင်း လို့မရဘူးလေ.....
မင်းက ငါ့ အပိုင် မလို့ ငါပြောသလို နေရမယ်.... ဆက်ငို.... ငါသဘောကျတယ်...
လင်းလတ် သူ့အပြော ကြောင့် မျက်ရည် များကို အမြန် သုတ်လိုက်သည်...
သူ့ နှစ်သက်တဲ့ အရာ တွေကို ဘယ်တော့ မှ မရစေရဘူးး...
ဒီတစ်ခါနောက် ဆုံး သူ့အရှေ့ မှာ မျက်ရည်ကျတာဘဲ....
-----------------------------------------------------------------------------------

"ရုပ်သေးရုပ်'Where stories live. Discover now