Part(13)

188 6 0
                                    

"ရုပ်သေးရုပ်"
                     Part(13)

#တရားဝင် နမ်းပိုင်ခွင့်

     မနက် မိုးလင်းတော့ စစ် မျက်လုံးပွင့်လာတာ ဘေးက အရုပ်ကလေးကို လှမ်းကြည့်လိုက်မိသည်..
အသက်ရှုသံများ တိုးညှင်းစွာဖြင့် ထို အရုပ်ကလေး အိပ်ပျော်နေဆဲပါ
အရုပ်ကလေး ရဲ့ ပါးပြင် နုနု ပေါ်တွင် ပြတင်းပေါက်မှ နေထိုးနေသော ကြောင့် အနည်းငယ် နီနေလျက်
စစ် ထို အရုပ်ကလေး ပါးပြင်ပေါ် သို့ သူ့လက် ကို တင်ထားလိုက်သည်
မကြိုက်ပါ သူ့ကို တခြားအရာများ လွှမ်းမိုးထားသည်ကို မကြိုက်ပါ သက်ရှိမဟုတ်ရင်တောင် မကြိုက်ပါ
စိတ္တဇ ဆန်ချင်လည်း ဆန်မည် စိတ္တဇဆိုရင်တောင် သူနဲ့ တွေ့မှဖြစ်လာခြင်း ဖြစ်သည်...
ကိုယ့်ကိုယ်ကို လညး နားမလည်နိုင်ပါ သူ့ကို မတွေ့ခင်တုန်းက လူက တစ်ကိုယ်လုံး လေးပင်ပြီး
ခံစား ချက်မရှိသလို မှိုင်ထွေနေသည်  အခု သူ့ကို ပြန်တွေ့လိုက်ရတော့ မပြုံးဘဲနဲ့ ရင်ထဲမှာ
ပျော်နေသည်... ရေခဲရေ မသောက်ဘဲ ရေထဲအေးနေသည်..
    သူ့ကို ဖက်ထားတဲ့ အချိန်တွေဆို မီးမလှုံဘဲ နွေးထွေးနေသည်.... ထူးဆန်းသည်...
ဘာကြောင့် များလည်း အမြဲတမ်း အဲ့နေရာ မှာ စစ် အတွေးတွေကို ရပ်ထားပစ်တတ်သည်
ဆက်မတွေးချင်ပါ မဖြစ်နိုင်တာတွေ ကို တွေးပြီး စိတ်မဆင်းရဲချင်ပါ မပူလောင်ချင်ပါ
အဓိက က သူအနားမှာ ရှိရင် ကျေနပ်သည်ဆိုသော ခံစားချက်ဘဲ ဖြစ်သည်...

    စစ် သူရဲ့ မို့ နေသော ပါးလေး ကို ကိုင်ထားရင်း စိတ်မထိန်းနိုင် စွာ နမ်းမည် အလုပ် ပွင့်လာသော
သူ့ရဲ့ မျက်လုံးလေး ကြောင့် စစ် ခဏတာ ငြိမ်သက်နေမိသည်...
သူက စစ် ကို မြင်တော့ ဟိုဘက် လှည့်သွားလိုက်ပြီး စောင်ကို ခေါင်းပါ လုံအောင်ခြုံလိုက်သည်
 
      စစ် လည်း သူ့ရဲ့ စောင်နဲ့ လုံးနေတဲ့ ခန္တာကိုယ်လေး ကို အတင်းဖက်ပြီး နောက် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်တယ်
    
         စစ် ဆင်းသွားတော့ လင်းလတ် ကုတင်ပေါ်တွင် ငုတ်တုတ်ထ ထိုင်မိတယ်....

     "ဘယ်လို ရှေ့ဆက်ရမှာလည်း သူက ဘာလို့ ခုမှ အဲ့လောက် ထိ လာကြင်နာပြနေတာလည်း
မစဉ်းစားတတ်တော့ပါ သူ့ကို မုန်းဖို့ အကြာကြီးကြိုးစားခဲ့ရပေမယ့် သူ့ရဲ့ တချို့ အပြုအမူလေးကြောင့်
တစ်ခဏလေး အတွင်း ပြန်ချစ်သွားမိနိုင်သည်"

"ရုပ်သေးရုပ်'Where stories live. Discover now