Part(9)

273 8 0
                                    

"ရုပ်သေးရုပ်"
                   Part(9)

#ပထမဆုံးအနမ်း နှင့်  နွေးထွေးမှု

       ဒီနေ့...  လင်းလတ် ပြတင်းပေါက်နား ရပ်နေမိတယ်.. တိုက်ခတ်နေသော လေပြေညှင်း များကို ခံယူနေမိနေတယ်....  နာကျင်စရာ တွေ ဖြေဖျောက်ဖို့ ကြိုးစားချင်နေမိတယ်...  ဒါပေမယ့်...
မုန်းတယ်... အကြင်နာတရား လုံးဝ မရှိဘဲ သူ့ကိုတောင် သတ်ဖို့ လုပ်ရက်တဲ့ စစ်ရိပ်ကိုကို ဆိုသော
သူ့ကို တကယ်ကို ကြောက်လာပြီ...  သူ လိုချင်တဲ့ ကျတော် ရဲ့ ကြောက် ရွံ့ မှု တွေကို
မပေးချင်ပေမယ့်လည်း  သူနဲ့ နေတာကြာလေ သူ့ ရဲ့ လုပ်ရပ်တွေကို ကြောက် လာမိတယ်...
ဟုတ်ပါတယ်... သူ့မှာ ချစ်တတ် တဲ့ နှလုံးသားတော့ မရှိပါ... သူ့မှာ အနိုင်ကျင့်တတ်တဲ့ နှလုံးသားဘဲ
ရှိပါတယ်...   
     'လင်းလတ် ပြတင်းပေါက် ဘက် လှည့်နေစဉ်.. နောက်မှ ဆွဲလှည့်လိုက်ပြီး ဆွဲဖက်ခံလိုက်ရသည်...
ဒီ အနံ့ကို သူသိသည်  ကျောင်းကတည်းက စစ် ရဲ့ ကိုယ်သင်းနံ့ လို့ ထင်ရအောင် စစ် အမြဲ ဆွတ် တတ်တဲ့ ရေမွှေး နံ့ ပါ...   ဒီ လိုပွေ့ဖက်ခြင်းကို ကြိုတ် နှစ်သက် မိသော် လည်းး သံယောဇဉ် တွေ
ဖြတ်တောက် ရမည်...ဖြစ်၍ လင်းလတ် အတင်းရုန်းသည်...
စစ်က ဖက်ထားသောကြောင့် ထိကပ်နေရာ မှ ဆွဲခွာ၍ လင်းလတ် ပခုံးကို တင်းကျပ်စွာ
ဆုတ်ကိုင်ထားသည်... 
မင်းက ငါ ဖက်တာကို  ဘာဖြစ်တာလည်းးး ဖက်ထားတာလေ ဖက်ထားရုံလေး ဘဲလေ...
မကြိုက်ဘူး  ကိုယ်မုန်းတဲ့ လူတစ်ယောက် က လာ ဖက်တာကို ဘယ်သူကမှလည်း ကြိုက်မှာ
မဟုတ်ဘူး  လူဆိုးတစ်ယောက်က လာဖက်တာကိုလည်း ကျနော် လက်မခံနိုင်ဘူးး
ဘာ...  မင်းက လူဆိုး ဆိုရင်တော့ ဖက်လို့တောင် မရဘဲ လူကောင်းဆိုရင်တော့ လက်ခံတယ်ပေါ့
သဘောကျတယ်ပေါ့... ဟုတ်လား ဖြေလေ...
ဟုတ်တယ်.. ကျနော် လူဆိုးတွေကို မကြိုက်ဘူး 
တောက်ခ်...  စစ် သူ့ကို နံရံ ကိုမှီ၍ ကပ်ထားစေသည်...  လန့်နေသော သူ့မျက်နှာ
မျက်လုံးဝိုင်းဝိုင်းလေး များ က အသနားခံနေသလို ပေမယ့် စစ် အရမ်း ဒေါသ ထွက်တာ
သူ့ကို မုန်းတယ်ဆိုတဲ့ စကားကြောင့် မကြိုက်ဘူး ဒီလိုမျိုး ပြောတာ ကို လက်မခံနိုင်ဘူး
ခင်များ ဖယ်ဗျာ...  ကျနော် ကို မထိနဲ့ မကြိုက်ဘူး ....

"ရုပ်သေးရုပ်'Where stories live. Discover now