Part (15)

208 6 0
                                    


"ရုပ်သေးရုပ်"
Part(15)

#ရူးမိုက်စွာချစ်မိခြင်း ရဲ့ နောက်ကွယ်...

စစ်က ဖုန်းဆက်ခေါ်လိုက်တာ ရှိုင်းထက်ကို သူ့ လူတွေ ခေါ်လာဖို့နဲ့ မြန်မြန် လာဖို့ မှာလိုက်သည်
စစ်ကို သူတို့မသတ်နိုင်စေရဘူး ပြီးတော့ သူအမည်ပေးထားတဲ့ light ဆိုသော
ရုပ်သေးရုပ်လေးရဲ့ ပိုင်ရှင်က စစ် ဘဲ ဖြစ်ရမှာလေ.. အကယ်၍ ထိုလူတွေ သာ အနိုင်ရခဲ့ရင်
ထို ရုပ်သေးရုပ်လေး လည်း ပိုင်ရှင် အသစ်ဆီ ရောက်သွားရမှာလေ
"မဖြစ်ရဘူး စစ် ဆိုတဲ့ ပိုင်ရှင် မရှိတော့ရင် light ဆိုတဲ့ ရုပ်သေးရုပ်လေးလည်း အသက်မဝင်စေရဘူး
ထိုနည်းတူ light ဆိုတဲ့ ရုပ်သေးရုပ်လေး မရှိတော့ရင် စစ် ဆိုတဲ့ ပိုင်ရှင်လည်း အသက်မဝင်တော့ဘူး
လေ"

ကားတစ်စီးမှ ဆင်းလာသော လူတစ်ယောက် ထိုသူဟာ ဦးခွန်းချိုသာ မှန်း လင်းလတ် က
သိပေမယ့် စစ်ကတော့ မသိခဲ့...
လင်းလတ် စစ်ကို လှမ်းပြောလိုက်
'အဲ့ဒီလူက ခင်များကို သတ်ပြီးရင် ကျနော်က သူ့အပိုင်ဘဲလို့ ပြောတဲ့လူ'
'အော် ဟုတ်လား အဲ့လို ကောင်က ငါ့ ကို သတ်မယ်ပေါ့ ဟားဟား'
'ခုဘယ်လို လုပ်မလဲ'
'light ရ မင်း ဘာလို့ ခုမှ ပြောရတာလည်း အရူးရဲ့...'
'အခုမှ တွေးမိလို့ပါ'
'ကျနော့် ကို ကတိပေးပါ'
'ဘာကတိလည်း'

'ခင်များ လုံးဝသေလို့ မဖြစ်ဘူး ကျေးဇူးပြုပြီး ကျနော့် ကို အဲ့လူလက်ထဲမှာမထားခဲ့ပါနဲ့ ခင်များပြောသလို ကျနော်ဟာ ခင်များရဲ့ ရုပ်သေးရုပ်လေးပါဘဲ အဲ့ရုပ်သေးရုပ်လေးရဲ့ ထာဝရပိုင်ရှင်ဟာလည်း
ခင်များဘဲ ဖြစ်ရမယ် '

'wow တကယ်လည်း ကိုယ်က မင်းကို ထားသွားပြီးမသေဘူး ကိုယ်သေသွားခဲ့ရင်တောင်
မင်းပါလိုက်သေရမှာ '

"ဟုတ်ပါတယ် ခင်များ မရှိရင် ကျနော် လည်း ရှိလာမှာ မဟုတ်တော့ပါဘူး မချစ်တဲ့ သူ အနား မှာ
ငိုကျွေး ပြီး သူ့ပုံရိပ်တွေ ကို လွမ်းဆွေးတမ်းတ ကာ အသက်ဆက်မရှင်နိုင်ပါဘူး အဲ့လို အသက်ရှင်နေရတာ ထက် သေမယ့် လမ်း ကို ရွေးတာ ပိုပြီး အဓိပ္ပါယ် ရှိတဲ့ ရွေးချယ် မှုတစ်ခုပါ"

စစ် ကားပေါ်မဆင်းဘဲ ထိုင်နေမိသည်
light ကတော့ ကြောက်နေတာ အသိသာ သူ့ရဲ့ နှုတ်ခမ်းဖူးဖူး လေးတွေ အရင်ကလို မစိုပြေနေတော့ ဘဲ ခြောက်သွေ့ ဖြူရော်ကာ တုန်နေရှာသည်
ထိုစဉ်.... စစ် ဘက်က ကားမှန် ကို တုတ် ဖြင့် လာ ရိုက်ခွဲလေ တဲ့ ထိုသူ ခွန်းချိုသာ...
လင်းလတ် အမြန် သူ ဝတ် ထား တဲ့ အနွေး ထည်ကို ချွတ်ပြီး စစ် မျက်နှာ ကို မှန်ကွဲစ များ
မထိလေအောင် လှမ်းကာ ပေးလိုက်သော်လည်း အချိန်မမှီ မှန်ကွဲ စ တစ်ချို့က စစ် မျက်နှာ နှင့် လည်ပင်း တွင် ရှနှင့် နေပြီ ထို့ အတူ လှမ်း ကာပေးလိုက်တဲ့ လင်း လတ် ရဲ့ လက်မှာ လည်း
မှန်ကွစ များ ရှနေခဲ့လေသည် သူ သွေးတွေ ယို ကျနေတဲ့ သူ့ရဲ့ ပါးပြင် နှင့် လည် တိုင် မှာ စီးယို နေတဲ့ သွေးစက် အချို့ ဟင့်အင်း မလိုက်ဖက်ဘူး သူ့လို ဖြူဖြူဖွေးဖွေး အသား အရည် ပေါ်မှာ
သွေးစက်တွေ ကျနေတာ လုံးဝမလိုက် ဖက်ဘူး သူ...
ကားပေါ် မှ ဆင်းသွားတဲ့ သူ... ဘာလို့ လည်း လင်းလတ် ပါ သူ့နောက်ကို အမှီ လိုက်သွားသည်
လင်းလတ် လှမ်းအော်ပြောလိုက်မိသည်...
'ဦးခွန်းချိုသာ သူ့ကို လွှတ်ပေးလိုက် ပါတော့ ကျနော် ကလဲ့ စားလည်း မချေချင်တော့ ဘူး
ကျေးဇူးပြုပြီး သူ့ကို လွှတ်ပေးပါတော့ '

"ရုပ်သေးရုပ်'Where stories live. Discover now