Part(17)

197 7 0
                                    


"ရုပ်သေးရုပ်"
Part(17)

#နှလုံသား မှာ အပြစ်မရှိပါ

စစ် နေပြန်ကောင်းလာတော့ သူ့ကို ချစ်တယ် လို့ပြောပြီးကတည်း
သူ့အခန်းထဲမလာတော့သောlight ကြောင့် စစ် သာ ထို အရုပ်ကလေး အခန်းထဲ သွားရတော့မည်
စစ် အကျင့်အတိုင်း တံခါးမခေါက်ဘဲ တန်းဝင်သွားလိုက်ရာ
အရုပ်ကလေး ကုတင်ပေါ်တွင် အိပ်နေလေရဲ့
စစ် light အိပ်နေသော ကုတင်ဘေး တွင် သွားထိုင်လိုက်သည်

'အချိန်မတော် အိပ်နေတဲ့ အိပ်ပုတ်လေး ရေ ထတော့ ....'
အသံကြားလို့ မျက်လုံးပွင့်လာတဲ့ သူက စစ် ကိုလည်းတွေ့ရော စောင်ကို မျက်နှာပါ အုပ်အောင် ဆွဲ ခြုံလိုက်သည် ...
"omo ထို ကလေး မခုထိ ရှက်နေသေးတာများလား"
စစ် 'light ထတော့ ' လို့ဆို၍ ခေါင်းပါလုံအောင်ခြုံထားသော light စောင်ကို ဆွဲချွတ်လိုက်သည်
ထို့ကြောင့် light က သူ့မျက်နှာကို လက်နှင့် အုပ်ကာ စစ်ထင်သည့် အတိုင်း ရှက်နေတုန်းဘဲ
'ဟိတ် ကောင်လေး ခုထိ ဘာကို ရှက်နေသေးတာလည်း'
light မျက်လုံးမှိတ် ရက် နှင့်ပင် ပြုံးပြနေရှာသည်
ထို အမူအရာ တွေ က လူကို ရူးအောင် ပြုစားနိုင်တာ မင်းမသိဘူးလား ကလေးရယ် ...
'light မင်းကိုယ့်ကို အသည်းယားအောင် လုပ်နေတာလား ဖက်နမ်းပစ်မှာနော်....'
ထိုမှသာ ထထိုင်လိုက် သော light က ခုမှ မျက်လုံးကို ဖွင့်လိုက်သည်
'ကဲ နိုးလာ ပြီလား '
'အွန်... ဟီးဟီး..'
'ဘာမှ လာ သွားဖြီးပြမနေနဲ့ သွား မျက်နှာသစ် သွားတိုက် သွားးးး'
ရုတ်တရက် ကုတင်ပေါ်နောက်ပြန်လှန်ချလိုက်သော light စစ် ကြောင်စီသွားရသည်...
'အဲ့ဒါ ဘာဖြစ်ရပြန်ရတာလည်း'
'တစ်ကိုယ်လုံး လှုပ်လို့ မရတော့ဘူး လက်တွေ လည်း လှုပ်လို့ မရတော့ဘူး ခြေထောက်လည်း
လှုပ်လို့ မရတော့ဘူး '
'အဲ့ဒါ ဆို ကိုယ် ပါးစပ်ပါ စကား မပြောနိုင်အောင် လုပ်ပေးရမလား' (devil's smile)
'တကယ်ဆို ဘယ်လို သွားတိုက် မျက်နှာသစ်ရမလဲ မသိတော့ဘူး'
'အော် မင်းက အကြံနဲ့ကိုး '
'ဟီးဟီး...'
'လာသွားဖြဲ ပြမနေနဲ့ ကိုယ် ချီသွားရမယ်ဆိုတဲ့ သဘောမျိုးပေါ့ '
'ဘာကို ချီ ဘဲ ချီ မှာလည်း လက်တွေပါ လှုပ်လို့ မရတာပါဆို...'
'အေးပါကွာ ကိုယ်သိပါတယ်...' ဆိုပြီး စစ် က လင်းလတ် ဆွဲပွေ့ကာ ရေချိုးခန်းထဲ ခေါ်သွား
လိုက်သည်
'မတ်တပ်တော့ ရပ်နိုင်တယ်ဟုတ်'
'အင်းအင်း ..'
ထို့နောက် စစ်မှ လင်းလတ် အား အနောက်မှ သိုင်း၍ သွားတိုက် မျက်နှာသစ်ပေးနေသည်
"ထို ကလေးလေး အပျင်းကို ကြီးတာ..."
သွားတိုက် မျက်နှာသစ်ပေးပြီးတော့လည်း မျက်နှာ သုတ်ပေးရသေးတယ်
မျက်နှာ သုတ်ပေးတော့ မျက်လုံးမှိတ်ကာ ငြိမ်ခံနေသော ကလေးလေး ရဲ့ မျက်နှာက ဖြူဖွေး ကာ
သန့်စင်နေသည်
ဒေါက်...ဒေါက်....
စစ် တံခါးခေါက်သံကြားတော့ မတ်တပ်ရပ်နေရာကနေ sofa ပေါ်ထိုင်ချလိုက်တယ်
လင်းလတ် ကတော့ တံခါးသွားဖွင့်ပေးလိုက်တယ်
ကြည့်လိုက်တော့ အကို ရှိုင်းထက်...
'ဟို သခင်လေး စစ် ဒီအခန်းထဲ မှာလား'
'ဟုတ်တယ်လေ ဘာလို့လည်း '
'သခင်လေးကို သခင်ကြီး က ဧည့်သည် လာလို့ လာတွေ့ဖို့ ခေါ်ခိုင်းလိုက်တာမလို့ပါ'
လင်းလတ် တစ်ချက် စဉ်းစားလိုက်မိသည် စစ်နဲ့ တွေ့ရမယ့် ဧည့်သည် တဲ့
တော်တော် ကြိ အရေးပါလို့ဘဲ ဖြစ်မှာ တော်ရုံလူဆို စစ် က သွားတွေ့မှာ မဟုတ်ဘူး ခုရော
သွားတွေ့မှာလား မသိ သူ့ အဖေ ကိုယ်တိုင်က ခေါ်ခိုင်းလိုက်တာ ဆိုတော့
'အော်ဟုတ် ကဲ့ ပြောလိုက်မယ်နော်'
'အခုလာခဲ့ ခိုင်းတာမလို့ပါ'
စစ် က တံခါးဖွင့် ထားတဲ့ လင်းလတ် အနောက်မှ ရပ်ကာ
'အေး လာခဲ့မယ်ဆို မင်းဘာလျှာရှည်နေလည်း '
'အော်... ဟုတ်ကဲ့ ...'
ဒီတစ်ခါလည်း ပြုံးစိစိ လုပ်ကာ ထွက်သွားတဲ့ ရှိုင်းထက်ကို စစ် မသင်္ကာတော့ပါ
သူနဲ့ light နဲ့ကို အတူတွေ့တိုင်း ပြုံးစိစိ လုပ်သွားတဲ့ ရှိုငးထက်က သူတို့ နှစ်ယောက် အကြောင်းကို
ကြိုသိနေခဲ့တာ များလား
'light ကိုယ် သွားမယ်နော်...'
'အင်း သွားလေ ...'
'လာဦး '
'ဘာလည်း..'
'ရှေ့တိုးပါဆို'
စစ် က light နဖူးအား ဖိကပ်နမ်းလိုက်သည်...
ထိုကလေး လေး ရှက် နေလိုက်တာ မိန်းကလေး အရှုံးပေးရလောက်သည်
'ပြန်လာခဲ့မယ်နော်...'
'အင်းပါ သွားတော့ဆို...'
'နောက် ဆုံး နှုတ်ဆက်အနမ်း...'
'ကိုကို နော် မသိရင် ပြန်မတွေ့ရတော့ မှာကျနေတာဘဲ ....'
'အေးပါကွာ ကိုယ်သွားပြီ....'
လင်းလတ် စစ် ထွက်သွားတော့ မှဘဲ အသက်ရှုချောင်တော့ သည် မဟုတ်ရင် တအား ကို
လိုက်ကပ်နေကာ စိတ်အိုက်အောင်လုပ်သည် ဒီမှာ ရင်တွေ ခုန်နေရတာ ရင်ထဲ မိုးရွာ နေ
သလိုပင် ...

"ရုပ်သေးရုပ်'Where stories live. Discover now