Part (3)

350 14 1
                                    

"ရုပ်သေးရုပ်"
Part(3)

**'light ငါနဲ့ ခဏ လိုက်ခဲ့ .....'
'အမ်.. မုန့်စားနေတယ် လေ အချိန်က 15 မိနစ်ဘဲ ရတာ ကျနော် စားရင်ကြာတယ် နောက်မှဘဲ...'
'ခုလိုက် ခဲ့ မင်းဟာငါရဲ့ ဘာလဲ ... '
'အခိုင်းအစေ လို့ ပြော မလို့လား ခင်များနော်....'
'မဟုတ်ပါဘူး 'ရုပ်သေးရုပ်' လို့ ပြောမလို့ပါ '
'ခင်များ မရဘူးဗျာ ကျနော်ကိုယ်ကျနော် တောင် ပိုင်တာ မဟုတ်ဘူး ခင်များက ဘာလို့ ပိုင်ရမှာလည်း'
'ဟျောင့် အပို တွေ ပြောမနေနက် မင်းကို ငါ့သူငယ်ချင်းတွေ နဲ့ မိတ်ဆက်ပေးမလို့'
'ဟောဗျာ ခင်များသူငယ်ချင်းတွေ ရဲ့ အလုပ်တွေ ပါ လိုက်လုပ်ရမှာလား '
'မင်းတော်တော် စကားများတဲ့ ကောင်လေး ဘဲ လိုက်ခဲ့...'
လင်းလက် သူဆွဲရာကို တန်းလန်း ကြီး ပါလာ ခဲ့သည် လက်တစ်ဖက်ကတော့ နို့အေးဘူး ကို
ကိုင်လျက်သားနဲ့ ဟောတွေ့ပါပြီ ကောင်လေး နှစ်ယောက် နဲ့ ကောင်မလေး တစ်ယောက်
နဒီ ကို မြင်တော့ စစ် မျက်မှောင် ကျုတ် သွားသည်...
ထိုနောက် မင်းခန့် နှင့် ညီထက် အား ဘုကြည့်ကြည့်လိုက် သည်
သူတို့နှစ်ယောက် ကတော့ မတတ်နိုင်ဘူး ဆိုတဲ့ ဟန်နဲ့ လှမ်းကြည့်သည်
လင်းလက်ကတော့ သူတို့ပြောနေတာတွေ ဘာမှမသိ၍ ကြောင်ကြည့်နေရုံ......
'သူက.....?? '
'အင်း သူနဲ့ မိတ်ဆက်ပေးဖို့ သူက ငါရဲ့ ရုပ်သေးလေး'
'အမ်... ဘယ်လို ' 
'ဟိုနေ့ကကွာ..သူက ငါ့ကို ဝင်တိုက်မိလို့ ငါအပြစ်ပေးတာ'
နဒီ က လင်းလက်အား မကျေနပ်ကြည့် ဖြစ် ကြည့်နေသည်..
လင်းလက် ကြက်သီးမွှေးညင်း များပါ ထလာ၏
'ဘယ်လို...ငါတို့နားမလည် ဘူးးး'
'ငါနောက်မှ ရှင်းပြမယ် လောလောဆယ် သူ့နာမည် ဘဲ မှတ်ထားလိုက်
သူ့ နာမည်က လင်းလက်ကြယ် တဲ့ ငါကတော့ light လို့ဘဲ ခေါ်တာ '
အော် ဒါဆို ငါတိုလည်း light လို့ဘဲ ခေါ်မယ် လေ... ' 
'မရဘူး အဲ့ လို ငါတစ်ယောက် ဘဲ ခေါ်ခွင့် ရှိတယ် ငါတစ်ယောက် ဘဲ ခေါ်မယ်'
'ပြီးရော... စစ် ရာ... '
'ဟိုက်...သေပြီ'
စစ် ကို လှမ်း ကြည့်နေသော သူ သေပြီ.... သူ့ကို အားလုံး စစ် လို့ ဘဲ ခေါ်တာ သူသိသွားပြီ
light က ပြန်တော့ မယ် လုပ်နေသည်... ဒါကြောင့် စစ် လည်း သူနဲ့ လှည့် ပြန် လာခဲ့ သည်

'ခင်များ ဘယ်လိုလူ လည်း ဘာလို့ လိမ်ပြီး ခေါ်ခိုင်းတာ လဲ ခု သိသွားပြီ
သူတို့လို ဘဲ ခေါ်မယ် '
'မရဘူးးမရဘူးး မင်းထက်ငါ အသက် ပို ကြီးတယ် အဲ့တော့ ကိုကို လို့ ဘဲ ခေါ် ဟုတ်ပြီ လားး'
'ဘာ မှမဟုတ်ဘူးး'
'ကဲ ပြီးရော အနိုင်ကျင့်မယ် မင်းကိုကို လို့ မခေါ် ရင်'
'ဟာ... ခင်များတော်တော် ညစ်ပတ်ပါလား'
'ဟုတ်တယ် ညစ်ပတ်သင့် ရင်ညစ် ပတ်ရမယ် '
'ရုပ်ကိုက မချိုမချဉ် နဲ့ '
'ဟိတ်...ဟိတ်.. မင်းကိုငါ လျှော် ထားတာ များနေပြီနော်..'
'ဘာလဲ အဝတ်လား...'
' ဟျောင့် မနောက်နဲ့ မင်းလွန် နေပြီ ငါ့ကို စော်ကားနေတာ မင်းလောက် ဘယ်သူမှ ငါ့ကို အာခံ မပြော ရဲဘူးး '
'အဲ့တော့.... ကျောင်းတတ် ပြီ သွား မယ်... '
စစ် သူ့လက်နုနု လေးကို လှမ်းဆွဲ လိုက် သည်
ထို့နောက် 'မင်းကိုကို လို့ ခေါ် ပြီး မှ သွားရမယ်....'  'လွှတ်... မခေါ် ဘူးးး'
'ခေါ် မလား မခေါ် ဘူး လားးး'   'မခေါ်ဘူးး'
'မင်းတော်တော် ခေါင်းကြောမာ ပါ လားး '
(ကျနော် မခေါ်ချင်ဘူး ဒီတိုင်းတောင် အဲ့လောက်ရင် ခုန်နေရတာ ကိုကို လို့ တစ်ခါခေါ်တိုင်း ကျနော်နှလုံး ရပ်မတတ် ရင်ခုန် ရမှာ ပေါ့ မခေါ်ချင် ဘူး ခင်များ နဲ့ မနီးစပ်ချင်ဘူး)
'ခေါ် ဆို... '  
'အာ... လက်နာတယ် လွှတ်'
'ခေါ် လေ.... ဒါ ဆို ကျစ်...'
' ခေါ်မယ်....လက်အရင် လွှတ်.... '
'အမ် မင်းထွက်ပြေးသွားရင်ရော....'
'ဟိတ်လူ ခင်များ ဘယ်လို ကြိုသိနေတာလည်း'
'ဟဟ ခေါ်'
'ဟုတ်ပြီဗျာ.. ကိုကို ကျနော် ကို သွားခွင့်ပေးပါတော့ '
'ဟုတ်ပြီ.... ဟဟ အို... ဒါမှပေါ့ စစ် အသည်းယားယား နဲ့ သူ့ပါးလေး ကို ဆွဲ လိုက်မိသည်'
'နေပါဦး နှာခေါင်းထိပ်က ဘာလို့ ညိုနေတာ လဲ ဘယ်သူလုပ်လိုက်တာလဲ '
စစ် မေးတော့ သူက မချိပြုံး ပြုံးပြီး 'ဘယ်သူလုပ်လိုက်တာလဲ ဟုတ်လား'
'ခင်များ ခင်များ ဆွဲလိုက်တာလေ...'
' အမ်... အဲ့လောက်တောင်.. ညိုသွားတဲ့ အထိဖြစ်သွားတာလား'
'အင်းး ဟုတ် တယ် လူညစ်ပတ်ကြီး ရဲ့ ကျနော်သွားပြီ..... '
စစ် ရှေ့ မှ ထွက်ပြေးသွားသော လူကောင်သေးသေး ကလေးလေး
တကယ် ကို လူတွေ ကို ပြုစားတတ်သည် တကယ် ကို ချစ်ဖို့ ကောင်းလွန်းသည်
သူရဲ့ စွာတာတာ လုပ်ပုံ မြင်မြင်ချင်း ကတည်း က သဘောကျမိသည်
သို့သော် မသိစိတ် က ချစ်ခြင်း ကို သူမသိချင်ယောင်ဆောင် အတင်းဖုံးကွယ် ထား ၏
--------------------------------------------------------------------------------------

"ရုပ်သေးရုပ်'Where stories live. Discover now