Part (19)

409 17 4
                                    


"ရုပ်သေးရုပ်"
Part(19)

#Promise ❣
စစ် က နဒီ ကို နမ်းလိုက်မှာလား??
စစ် ဒီလို အချိန်မျိုးမှာတော့ ဘယ်သူ့မှာ ကို ဂရု မစိုက်နိုင်ပါ
မနမ်း နိုင်ပါ မချစ် မနှစ်မျို့ တဲ့ လူတစ်ယောက် ကို ခံစားချက်မရှိ မနမ်း နိုင်ပါ
ထို့ကြောင့် နဒီ့ အား ဆွဲထူနေရာ မှ ထ ထားခဲ့ကာ လှည့်ထွက်လာခဲ့သည်

"သူ အထင်လွဲ သွားခဲ့ပြီလားး
ဟာ.... ဘာကို ဂရု စိုက်ရမှာ လည်း သူက အရင်စ ဖောက်ပြန်နေတာ လေ
မုန်းတယ် မုန်းတယ် ငါ့နှလုံးသားကို အပိုင်သိမ်းထားတဲ့ မင်းကို "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ကိုကို ရယ် ဘာလို့ လည်း
ကျနော့် ချစ်တယ် လို့ ပြောခဲ့တာ လိမ်ညာ ပြီးပြောခဲ့တာလား ဟမ်
ဘာလို့လည်း အခုကျနော် ကိုကို့ ကို မုန်းတယ်
ကျနော် သိတယ် ပါးစပ် က မုန်းတယ် လို့ တစ်တွတ်တွတ် ပြောတာနဲ့ နှလုံးသားက မမုန်းပေး
နိုင်ဘူး လေ
ကျနော် ခင်များကို မမုန်းနိုင်ပါဘူး စိတ်လည်းမနာနိုင်ပါဘူး
ခင်များသာ အခု ကျနော့်ဆီကို လာပြီး
ကိုယ်ချစ်တာ မင်းတစ်ယောက်တည်းနော် လို့ ပြောခဲ့မယ်ဆို
အခုဏ ကျနော် မြင်ခဲ့တဲ့ မြင်ကွင်းက သဲပြင်ပေါ်က သဲတစ်မှုန် ပင်လယ်ထဲရောက်သွားသလို
ကျနော့် မှတ်ဉာဏ် ထဲ က အပြီးပျောက်သွားရပါလိမ့်မည်....
ရက်စက်တယ် ခင်များ
ကျနော်ကို လှောင်ပိတ်ထား တဲ့ အပြင် ကျနော့် နှလုံးသားကို လည်း ပိတ်နှောင်ထားတယ်
ဘယ်လိုလုပ်ရမှာလည်း ကျနော်သာ ပြန်လာရှင်းပြရင် ကျနော့်ကို ယုံပေးမှာလား
ကျနော် ခင်များ နောက်ကွယ် မှ မဖောက်ပြန်ဘူး ဆိုတာကို
ယုံမယ်ဆိုရင် တောင် နဒီဝင့်ဝါကို ထားခဲ့ ပြီး ကျနော့် ဆီ ပြန်လာမှာလား ဟမ်...."
-------------------------------------------------------------------------------

ခွမ်....ခလွမ်းး

"ဟာ သခင်လေး အခန်းက အသံတွေဘဲ ရှိုင်းထက်လည်း အခန်းထဲ မဝင်သွားရဲပါ
ဘာလို့လည်းဆို သူ့ကိုမြင်ရင် ပိုဒေါသ ထွက်မယ်ဆိုတာ သိနေလို့ပါ....
သခင်လေး က ဂူးဂူး ပြောစကားဆို နားထောင်မှာ ဂူးဂူးကို သွားခေါ်ရမယ်..."

"ရုပ်သေးရုပ်'Where stories live. Discover now