Part (6)

246 10 0
                                    

"ရုပ်သေးရုပ်"
Part(6)

ကျောင်းများ စဖွင့်ချိန်.... စစ် လည်း ၁၀တန်း စတက်ပြီပေါ့....
တစ်စုံတစ်ယောက် တော့ ၉တန်း ကို အရင်ကထက်ပျော်ရွှင်စွာ တက်နိုင်ပြီပေါ့ ဒုက္ခပေးမယ့်
သူမရှိတော့....
ကျောင်းဝင်းထဲ ဝင်လိုက်တာနဲ့.. အရင်က သူရပ်စောင့်နေမိတဲ့ light ကို လွမ်းတယ်....
ကိုကို လို့ အတင်းခေါ်ခိုင်းခဲ့တယ်.... သူ ခေါ်တဲ့အခါကျကောင်းကောင်း မထူးခဲ့ဘူး
အရင်က ကိုကို လို့ ခေါ်ရင် အေးပြော လို့ ထူးခဲ့တယ်
အခု ကိုကို လို့ ခေါ် ဗျာ လို့ ထူးချင်တယ်.... ဒါပေမယ့် မင်းငါ့ အနားမှာ မရှိခဲ့ဘူးးး
ထွက်သွားဖို့ ခွင့်ပြုချက်မတောင်းခဲ့ဘူး.... မင်းကို ငါ ပြန်တွေ့ ခဲ့ရရင်
အရာအား လုံးကို လျစ်လျူရှု ပြီးး မင်းရဲ့ ကြောက်ရွံ့ မှုတွေကို သိမ်းပိုက်မယ်...
ဘယ်တော့ မှ ထွက်သွား လို့မရအောင်.... ပိတ်လှောင်ထားမယ် ငါ့အနားမှာ...
မင်းကို မုန်းတယ်... ငါ့အနားက ခွင့်ုပြုချက်မတောင်းဘဲ ထွက်သွားခဲ့ တယ် မင်းကို
သိပ်ကို မုန်းတယ် နောက်တစ်ခါ ပြန်တွေ့ ရင် နှိပ်စက်ဖို့သာ ငါ့မှာ အစီအစဉ်ရှိတယ်...

'""""""
လင်းလတ် ပါးရဲ့ ဆန္ဒ ကြောင့် တောင်ကြီးမှာသာ ဆက်နေဖြစ်ခဲ့တယ်....
ပါးက မား ဆုံးခဲ့ နေရာမလို့ သူဒီနေရာ ကနေ ဘယ်မှကို ထွက်မသွားချင်ပါ.... ဘူး တဲ့
သူမှာတော့ ဘယ် အရာကို မှ မရွေးချယ်ချင်ခဲ့ပါ.... ဘာမှ လည်းမတောင်းဆို ချင်ခဲ့ပါ....
အခုကျောင်းစဖွင့် လည်း မတက်ချင်ခဲ့ပါ... အခု ချိန်ထိ မေ့ဖျောက် လို့ မရသေးတဲ့ သူ့ကို
ကျောင်း ရောက် ပို လွမ်းမှာစိုး လို့...ပါ ... ကျနော် သူ့အတွက် မကြံခိုင်နိုင်ခဲ့..ပါ...
သူ ရဲ့ အနိုင်ကျင့်မှု တွေကို လွမ်းတယ် မခေါ် ရတာ ကြာပြီဖြစ်တဲ့ ကိုကို ဆိုတဲ့ နာမ်စားလေးကို
ပါးစပ်က ခေါ် ချင်နေမိသည်... သို့သော် ကိုကို က သူ့ကိုတွေ့ရင်တောင်မှတ်မိတော့မှာ မဟုတ်ဘဲ ခဏတာ နှိပ်စက်ဖို့ သူ့ကို အနားမှာ နေစေခဲ့တာလေ... ကိုကို...ခဏခေါ်ချင်ပါတယ်....
ဒါပေမယ့် ထူးမယ့်  ထိုနာမည် ရဲ့ ပိုင်ရှင်လေး သူ့အနားမှာ မရှိခဲ့ဘူး....

လူများတိုးဝှေ့နေကြသည်... ဒီနေ့ ၁၀တန်းအောင်စာရင်း ထွက်သည့်နေ့ ...
စစ်ကတော့ သူ့ သူငယ်ချင်း မင်းခန့် ကိုသာ သွားကြည့်ခိုင်းခဲ့တယ်
သူ အလွမ်းတွေ နဲ့ ချုပ်နှောင်ထားတဲ့ ဒီကျောင်းကြီး ကနေ လွတ်မြောက်ချင်ပြီ...
သူ ဘယ်သူ့ကိုမှ သူငယ်ချင်း မဟုတ်ခဲ့ရင် ဒီလို လွမ်းဆွတ်မနေခဲ့ပါ... သူ့သူငယ်ချင်းတွေ ခွဲခွာသွား
ရင်တောင်.. ဒီလောက် လွမ်းဆွေးနေမိမှာမဟုတ်.....
မုန်းတီးမှု သိစိတ်ကမေ့ပစ်ချင်နေသော လွမ်းဆွေးမှု.. ကြိမ်းမောင်းမှု.. များ ပြည့်နှက်ခဲ့သော..
၁၀တန်းနှစ်ကြီး စာထဲစိတ်မပါ ခဲ့ဘဲ အောင်ရုံ သာ မျှော်မှန်းပြီးဖြေခဲ့သော ၁၀ တန်းစာမေးပွဲ..

"ရုပ်သေးရုပ်'Where stories live. Discover now