Part(5)

249 10 0
                                    

"ရုပ်သေးရုပ်"
                      Part(5)
#လွမ်းဆွေးခြင်း မှ ဖြစ်ပေါ်လာသောမုန်းတီးမှု

   
    တောင်ကြီးကားဂိတ်တွင် ကျွီခနဲရပ်တန့်သွားသော Express ကားကြီး ...
ခရီးသည်များ ဆင်းလာကြသည်.... လင်းလတ်ကြယ် တို့ မိသားစု အပါအဝင် ပေါ့...
မှိုင်ထွေစွာ ဆင်းလာသော ထိုကောင်လေး တစ်မိသားစုလုံးထက် သူ့မျက်နှာ က ပို ပြီး ရီဝေနေတယ်
ဝမ်းနည်းမှု များပြည့်နှက်နေတယ်...  တစ်ခြာခံစားချက်များရောယှက် မသွား ဘဲ ဝမ်းနည်းမှုများသာ
စိုးမိုးနေသည်  အဖွားအတွက် ရော.. သူရဲ့ တစ်ဦးတည်းသောသူ အတွက်ရော...

ပွင့်ဟသွားသော ခြံဝန်းတံခါး... အတွင်းထဲတွင် စံအိမ်ကြီးတစ်လုံး
အဖွားက သူ့တိုထက် အများကြီး ချမ်းသာ သည် ပါး နဲ့ မားကို သဘောမတူတာကို အတင်းခိုးပြေးသွားသော ကြောင့် သမီးဖြစ်စွန့်လွှတ်ထားခြင်းပါ သို့သော် အဖွားတွင်...သမီးတစ်ယောက်တည်းသာ
ရှိသည် သားများလည်း မရှိပါ ပြီးတော့ အဖွားက မမ ကို သူ့၏မြေးဦးမလို့ အရမ်းချစ်သည်
မမလောက်မဟုတ်ပေမယ့် ကျနော် ကိုလည်း ချစ်ပါ သည်
ခု စိုးရိမ်ရတယ် ဆိုတော့ စိတ်မကောင်း  ဖြစ်ရပါသည်... အဖွားကို ကျနော် အချစ်ကြီးတော့မဟုတ်ပါ
ကျနော် ပါးနဲ့မား ပြီးတော့ မမ နောက်ပြီး..... သူ... ကလွဲပြီး ဘယ်သူမှာမှ သံယောဇဉ် မထားတတ်ပါ
ကျနော် နှလုံးသားအား သူတို့ လေးယောက် အတွက် လေးစိတ်ခွဲ၍ အချစ်များ မျှဝေ ထားသည်
ကျန်တဲ့ ဘယ်သူမှကို ခွဲဝေ မပေးနိုင်တော့ပါ လေးစိတ်ခွဲထား နှလုံးသားကို ချုံလိုက်ရင်လည်း
သူ့ကို ချစ်ပါသည်.....   သူ့ အကြောင်းကို ခဏမေ့ထားရမည် မျက်ရည် များကို မျက်ဝန်းများက
မထိန်းချုပ် နိုင် မှာ စိုးလို့ပါ..

       အိမ်တံခါး ကို လာဖွင့် ပေး သော ဒေါ်တုတ် အဖွားကို စောင့်ရှောက်ဖို့နှင် ထမင်းဟင်းချက်ဖို့
သူ့ကို ထားတာပါ မားငယ်ငယ် ကတည်း သူက ဒီစံအိမ်မှာ အလုပ်လုပ် တာပါ
ကျန်တဲ့ အလုပ်သမား ကောင်မလေးများလည်း ရှိသည်
ဒေါ်တုတ် ကတော့    သစ္စာဆုံး ဖြစ်သည် အဖွားကို ဘယ်တော့ မှမထားခဲ့ပါ
မိသားစု အရင်းလို စောင့်ရှောက်သည်....      
သူက အဖွားရှိသော အခန်းကို လိုက်ပြသည်.....  
ကုတင်ပေါ်တွင် လှဲနေသော အဖွား လက်တွင်ပိုက်သွယ်ထား နှာခေါင်းတွင်လည်း
အောက်ဆီဂျင်တပ် ထားသည်...  တကယ်ကို စိုးရိမ် ရတဲ့ အခြေအနေပါ
မား သည် အဖွားနား ပြေးသွားသည် မမ ရော ပါးပါ အဖွားနားကို သွားကြ၍ ကျနော် ပါ လိုက်
သွားလိုက် လိုက်သည်... 
    အဖွားမှာ စကားမပြောနိုင်ပါ  ကျနော်တို့ကိုမြင်သွားတော့ ပြုံးသွားသယောင်....
အဖွား မှ မားလက်ကို ဆုတ်ကိုင်လိုက်သည်.... ပြီးတော့ သက်ပြင်းရှည်ကြီး ချပြီးး
မျက်လုံး အစုံ ကို မှိတ်ပြသည် ခုမှ သူ စိတ်အေးတယ် ဟု အဓိပ္ပာယ် ပင်...
ထို့နောက် နပ်စ်မ လေး တစ်ဦး ဝင်လာသည် ကြည့်ရတာ အဖွားဆေးရုံ မှာမနေချင်၍ အိမ်မှာ
နပ်စ် ခေါ် ထားပုံ ရသည်  ...  ထို နပ်စ် မှ အဖွား လက်အား သွင်းထားသော ပိုက် ထဲသို့
ဆေးတစ်ချောင်း ထပ်ထည့် သွားသည် ပြီးတော့ပြောသည်..
အဖွား က ဆေးလည်းမသောက်နိုင် ၍ ဆေးသွင်းရခြင်းပါ တဲ့ အိပ်ဆေးသွင်းပေးတာတဲ့
အိပ်နေမှ အဖွား အနားရမှာ မလို့ပါ တဲ့ ...   မားမျက်လုံး ထဲမှ ထွက်ကျလာသော မျက်ရည်စက် များစွာ

"ရုပ်သေးရုပ်'Where stories live. Discover now