Fresher Welcome

2.7K 180 32
                                    


#Zaw Gyi
Tiffany's POV

ကျွန်မလေ ဟိုးငယ်ငယ်လေးထဲက နတ်သမီး နတ်သား ပုံပြင်တွေကို အယုံအကြည်ရှိခဲ့တယ်။အိပ်ခါနီးဆို အမေ ပြောပြောပြတဲ့ ပုံပြင်တွေထဲကြားပြီးထဲက ကျွန်မလည်း သူတို့လို ဖြစ်ရင်ကောင်းမယ်လို့ အမြဲ စိတ်ကူးယဉ်ကြည့်မိတယ်။အရမ်းချောပြီး ကျွန်မကို အပြည့်အဝ ကာကွယ်ပေးမဲ့ ပုံပြင်ထဲကလို နတ်သားလေး တစ်ပါးလည်း အမြဲ လိုချင်ခဲ့တယ်။သူတို့ ထာဝရမခွဲပဲ ပေါင်းသွားတဲ့ ဇာတ်လမ်းလေးတွေဆို ကျွန်မသိပ်ကြိုက်တာပေါ့။ဖြူစင်လွန်းတဲ့ ချစ်ခြင်း ကို အမေက ကျွန်မ နှလုံးသားထဲ ငယ်ငယ်ထဲက ရိုက်သွင်းခဲ့တယ် ထင်ပါတယ်။ကျွန်မလေ ရယူပိုင်ဆိုင်ခြင်းဆိုတဲ့ အချစ်ထက် စွန့်လွှတ်အနစ်နာခံတဲ့ ချစ်ခြင်းကို ပို မြတ်နိုးမိတယ်။

ဒီလိုနဲ့ ကျွန်မအရွယ်ရောက်လာတော့ မထင်မှတ်ပဲ နတ်သွေးရောနေတဲ့သွေးနှောလေးဖြစ်တယ်ဆိုပြီး HEAVENကျောင်းမှာပညာသင်ခွင့်ရခဲ့တယ်။ နဂိုထဲက အနေအေးပြီး လူကြောက်တတ်တဲ့ ကျွန်မ စစခြင်း တော်တော် ဒုက္ခရောက်တာပေါ့။

ဒါပေမဲ့ တနေ့ မမျှော်လင့်ပဲ ကျွန်မအိမ်မက်ထဲကမင်းသားလေးကိုရှာတွေ့ခဲ့တယ်။တကယ်တော့သူမက မင်းသားလေး မဟုတ်တဲ့ မင်းသားလေးပါ။ပြောရရင် ကျွန်မထက် သုံးနှစ်ကြီးတဲ့ စီနီယာကောင်မလေးပေါ့။သူ့ကို ယောကျာ်းလေးလို့ ချောလွန်းလို့ မင်းသားလေးဆိုပြီး အဆောင်ကတမြတ်တနိုးခေါ်ကြတာပါ။သူက အဆောင်ရဲ့ ကိုယ်စားပြုတင် မဟုတ်ပါဘူး ကျောင်းရဲ့ဂုဏ်ထူးဆောင်,STELLE YURIတို့လို လူအများလေးစားတဲ့သူတယောက်ပေါ့။ဥပမာပြောရရင် ဘယ်အခမ်းအနားမှ မတတ်တဲ့ STELLE တောင် သူရဲ့ဂုဏ်ပြုပွဲဆို ပန်းစည်းလာပေးလေ့ရှိတယ်။သူ့ကို လေးစားတဲ့ သဘောအနေနဲ့ပေါ့။

သူက မြှားပစ်အဖွဲ့ဝင်လေ။သူရဲ့အေးစက်တည်ငြိမ်တဲ့ရေခဲမြှားတွေနဲ့ နတ်သူငယ်တွေရဲ့ နှလုံးသားကို ပစ်ခွင်းနိုင်သူတယောက်ဆိုလည်း မမှားပါဘူး။ယောကျာ်းလေးအဆောင်နဲ့ မိန်းကလေးအဆောင်ယဉ်ပြိုင်ရတိုင်းလည်း သူမ မိန်းကလေးအဆောင်ဘက်က ဝင်ပြိုင်လေ့ရှိတယ်။ အရှုံးမရှိတဲ့သူဆိုလည်း မှန်တာပေါ့။

MY STELLEWhere stories live. Discover now