STELLE GD

2.5K 184 31
                                    

#Zaw Gyi
Victoria's POV. (အတွေး)

Kwon Yuri နင်မသေနဲ့ဦး

နင်သေလို့မရသေးဘူး။

ငါ့မေးခွန်းတွေနင်ဖြေရအုံးမယ်

နင်ဘာလို့ ဒီဆွဲကြိုးကို သူများလက်ထဲ လက်လွှတ်စပယ် ထည့်ပေးရတာလဲ။

နင်ဘာတွေ တွေးနေတာလဲ ငါသိရမှ ဖြစ်မယ်

ငါ Jessica အကြောင်း တခါမေးတော့ နင်ပြောတယ်လေ

"ပန်းခြံထဲမှာ လှတဲ့ ပန်းလေးမြင်ရင် လူတိုင်း နမ်းကြည့်ချင်ကြတယ်တဲ့ ငါလည်းအဲ့လိုပဲ လှတဲ့ပန်းလေးမို့လို နမ်းကြည့်ချင်တာ ပြီးရင် ဘာမှမဟုတ်တော့ဘူး"

အဲ့လို ပြောခဲ့တဲ့နင်က ဘာလို့ Jessica ကိုအဲ့လောက်ကာကွယ်ပေးချင်နေရတာလဲ။

အဲဒီဆွဲကြိုးက နင့်ဘဝတင်မဟုတ်ငါ့ဘဝရဲ့ အတိတ်ဆိုတာလည်း နင်သိသင့်တယ်။

ငါ့အဲ့ဆွဲကြိုးလေးကို နဂိုပိုင်ရှင်ကလွဲရင် တခြားဘယ်သူ့လည်ပင်းမှာမှ မမြင်ချင်ဘူးဆိုတာ နင်လည်း သိတယ်။

နင်ကစားချင်ရင် လူတွေမှ အများကြီး ဘာလို့ Jessica လဲ။

.........................................................

Jessica's POV

ကျွန်မနဲ့ VICTORIA SAMA, STELLE ဆီရောက်တော့ ထိုနေရာ တစ်ခုလုံး ကောင်းကင်နန်းတော်က လူတွေနှင့် ပြည့်နှက်နေတော့သည်။

"STELLE???"အဲဒါ STELLE လား။မြင်လိုက်သည့် ကျွန်မ မျက်လုံးတွေဟာ ချက်ချင်းဆို သလို မျက်ရည်တွေဖြင့် ပြည့်နှပ်သွားတော့သည်။

မဖြစ်နိုင်ဘူး။STELLE က အဲလို သွေးအိုင်ထဲ လဲနေမဲ့သူမဟုတ်ဘူး။ဘယ်လိုတောင် ဖြစ်သွားတာလည်း STELLE ရယ်။ဘယ်သူက STELLE ကို ခုလိုဖြစ်အောင်လုပ်လိုက်တာလဲ!!!!

YURI SAMAဆီ ကျွန်မပြေးသွားပြီး ဖက်ထားပေးချင်ပေမဲ့ တကယ်တန်းကျတော့ ဖြစ်နိုင်တဲ့ အနေအထားတစ်ခုတော့ မဟုတ်ပေ။

"YURI AHHHHH!!!ခဏလေးတောင့်ထား ကောင်းကင်နန်းတော်ကလူတွေရောက်နေပြီ နင် အိပ်လိုက်လို့ မဖြစ်ဘူးနော်!!!"

သူ သူက??

အဲ့ယောကျာ်းကို ကျွန်မ ကျိမ်းသေ သိတာပေါ့။လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က တောထဲမှာ တွေ့ခဲ့တဲ့တယောက်။ STELLE YURIကိုဖက်ထားခဲ့တယ်ဆိုတာ သူပဲလေ။ခုလည်း သူဖက်ထားလို့ ကျွန်မ အတွက်နေရာ မရှိတာမလား။

MY STELLEDonde viven las historias. Descúbrelo ahora