Death- Penalty

2.1K 181 35
                                    

#Zaw Gyi

JESSICA's POV

အနောက်ဘက်တောအုပ်ထဲမှာ ဘာတွေဖြစ်ခဲ့လဲ တော့ ကျွန်မ မသိ။အခုတော့ အကြောက်လွန်ပြီး လဲသွားတဲ့ Fany နား တဖဝါးမခွာပဲ ထိုင်နေသည့် TAEYEON SAMAရဲ့ဒေါသကိုတော့ မပြလည်း သိနိုင်နေလေသည်။

Yoona-" Taeyeon Sama,Camp သွားရမှာမလား..."

Taeyeon-" မလိုတော့ဘူး ငါပြိုင်လို့ရမှာလည်း မဟုတ်တော့ဘူး။ပြိုင်လည်း Fany ကို စိတ်မချတဲ့ စိတ်နဲ့ ဘယ်လိုမှ ပစ်နိုင်မှာ မဟုတ်ဘူး" Fany လက်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မျက်ရည်တွေဝဲနေသည့် သူမမျက်ဝန်းက Fany ကို ဘယ်လောက်ချစ်လဲ သက်သေတည်နေသည်။

ထိုစဉ် BOA Sama တယောက် အပြေးအလွှားရောက်ချလာတော့သည်။
BOA-" Taeyeon ahh ပြဿနာ တတ်နေပြီ!!!!"

ဟမ်။ဘာတွေဖြစ်ရပြန်ပြီလဲ မသိ။ကျွန်မ နဲ့ Yoona မျက်လုံးချင်းဆိုင်ရင်း မေးငေါ့နေမိတော့သည်။

Taeyeon-" ဘာဖြစ်တာလဲ BOA Sama!!!!!"

BOA-"ကောင်းကင်နန်းတော်က လူတွေ အပြစ်ပေးဖို့ ရောက်နေတယ်!!!!သူတို့ Lucas ကို သတ်ဖို့တဲ့!!!"

Taeyeon-" ရှင်!!!!!!!"

ကျွန်မ နားထောင်နေရင်းနဲ့ပင် နားမလည်နိုင်တော့ပေ။

"Yoong ဘာတွေ ဖြစ်နေတာလဲ!!!!"

Yoong-"Sica ပြဿနာတော့ အကြီးအကျယ်တတ်ပြီ!!!!Heaven ရဲ့ စည်းကမ်းအရ အစောင့်အရှောက်ကို STELLE တွေကလွဲပြီး ကျောင်းထဲမှာ သုံးပိုင်ခွင့်မရှိဘူး။စာသင်ချိန်က ချွင်းချက်ပေါ့။အခု Taeyeon Sama ကသုံးတဲ့ အပြင် တခြားသူနဲ့ပါ တိုက်ခိုက်ခဲ့တာဆိုတော့ ဘယ်လိုမှ ပြေးမလွတ်တော့ဘူး။အဆိုးဆုံးက အဆိုးဆုံးက..."

"Yoong....!!!!" ကျွန်မ စိတ်ပင်မရှည်တော့ပေ။

Yoong-" အစောင့်အရှောက်ကို သတ်တာပဲ.!!!"

"ဘာာာ!!!!"

Taeyeon-"BOA Sama ကျွန်မ တောင်းပန်ပါတယ် Lucas မှာ အပြစ်မရှိပါဘူး။သတ်ချင်ကျွန်မ ကို သတ်ပါ..."

BOA-"အဲဒါကြောင့် ငါအတန်တန်တားခဲ့တာပေါ့...ခဏနေ ယောကျာ်းလေးအဆောင်က အပြစ်သားတွေနဲ့အတူ ကျောင်းသားတွေ အားလုံးရှေ့ ပစ်ဒဏ်ချမယ်တဲ့..."

MY STELLETempat cerita menjadi hidup. Temukan sekarang