Be My Wife!!

4K 208 53
                                    


....................................................................
#Zawgyi

Yoona's POV

ဒီနေ့က STELLE ရွေးကောက်ပွဲ နောက်ဆုံး အဆင့်ရောက်လာပြီဆိုတော့ လူတွေ အားလုံး ရင်ခုန်နေကြပြီဖြစ်သည်။ဒါပေမဲ့ ကျွန်မကရော တကယ် ရင်ခုန်နေရဲ့လား...မှန်ပေါ်တွင် ပေါ်နေသာ ကျွန်မ ပုံရိပ်အား ကြည့်ရင်း ရယ်နေမိသည်။ တော်တော်ရူးတဲ့ ငါလို့လည်း တွေးနေမိသည်။

Sica- " Yoong!!! "

" အော် ... Si... "
သူမ အသံလေးကြားလို့လှည့်ကြည့်မလို့ အလုပ်မှာတင် ကျွန်မ စကားတွေ မေ့ကုန်တော့သည်။သူမ ဒီနေ့တော့ ခါတိုင်းနှင့်မတူ သိပ်လှနေသည်။အနီရောင်တောက်လွင်နေသော Dress လေးနဲ့ သူမ သိပ်လိုက်ဖက်လွန်းသည်။ကျွန်မ သူ့ကို ခုလိုလေးအမြဲမြင်နေချင်နေတာပါ။ဒါပေမဲ့ ကျွန်မ ကျွန်မ......

Sica- " Yoong အဆင်ပြေရဲ့လား...ဘာလို့မျက်ရည်တွေ ဝဲနေတာလဲ??? "
ကျွန်မဖြစ်ပျက်နေတဲ့ မျက်နှာ အနေအထား ရိပ်မိသွားတဲ့ သူမက ကျွန်မ နား တိုးလာရင်း မျက်ရည်စလေးများအား သုတ်ပေးလိုက်သည်။ကျွန်မလည်း သူမ အပြုံးပျက်မှာကြောက်တာကြောင့် ပြန်ပြုံးလိုက်ရင်း ခေါင်းခါပြလိုက်သည်။

" ဘာမှ မဖြစ်ဘူး Sica...ဒီနေ့ Sica က အရမ်း လှနေတော့ ဘာပြောရမှန်း မသိ ဖြစ်သွားတာ..."
ကျွန်မ ပြောလိုက်တော့ သူက ပြုံး လို့ပေါ့။ခုလိုလေးပဲ ထာဝရ ပြုံးနိုင်ပါစေ Sica ရယ်။

Sica- " Yoong ,STELLE ပြောထားတာတွေ မမေ့နဲ့နော်...100 ရာခိုင်နှုန်းပေါင်းစပ်မှုဆိုတာ မဖြစ်နိုင်ပေမဲ့ 80 ရာခိုင်နှုန်းလောက်တော့ ငါတို့ လုပ်နိုင်ရမယ်...ဒါနဲ့ Fany ရော အဆင်ပြေရဲ့လား မသိဘူး!!! သူရော ဝိညာဉ်ပေါင်းစပ်ဖို့ အဆင်ပြေပါ့မလား..."

စိုးရိမ်စွာ ပြောနေတဲ့ သူမ အား ကြည့်ရင်း ကျွန်မပြုံးနေမိသည်။တကယ်တော့ ကျွန်မ Sica မသိသေးတဲ့ အစီအစဉ် တစ်ခု လုပ်ထားသေးသည်။ဒါကိုလည်း သူမ ကြိုက်လိမ့်မယ်လို့ ကျွန်မ တစ်ထစ်ချပြောနိုင်နေသည်။ဒါကြောင့် ကျွန်မ သူမ ပခုံးလေးကိုင်ရင်း စိတ်မပူဖို့ ပြောလိုက်သည်။

" Sica ဘာမှ မစိုးရိမ်နဲ့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်...နောက်တစ်ခု Yoong ပြောချင်တာက Sica က ဒီနေ့မှာ အလှဆုံး သတို့သမီးလေးပဲ...STELLE သာမြင်ရင် ဘယ်လောက် ဝမ်းသာလိုက်မလဲ..."
ကျွန်မ STELLE ကြောင်းပြောလိုက်တော့ သူမက မျက်နှာ ပျက်သွားပြီး ခေါင်းလွှဲလိုက်တော့သည်။

MY STELLEWhere stories live. Discover now