Flag Battle!!!

2.5K 189 20
                                    

#Zawgyi

Jessica's POV...

Yoong-" Sica?? Sica??? "
ကျွန်မ ပခုံးကို ပုတ်ကာ ခေါ်နေသော Yoong အသံ အကြားမှာ ကျွန်မ သတိဝင်လာခဲ့သည်။

Yoong- " Sica အဆင်ပြေရဲ့လား ဘယ်သူ့ကို ရှာနေတာလဲ??? "

" အာ ဘာမှ မဟုတ်ပါဘူး Yoong ရယ်...ဒီအတိုင်းပါပဲ..."
လူမရိပ်မိအောင် မျက်နှာကို ထိန်းရင်း ပြုံးလိုက်လိုက်သော ကျွန်မ လက်ကလေးတွေအား Yoong က ကိုင်လိုက်ရင်း

Yoong- " Sica ကြောက်နေရင် Yoong ခါးကို ဖက်ထားနော်... ဒီနေ့ Phoenix အလံကို Yoong တို့ အမြန်ဆုံးရှာတွေ့မှရမယ်... "

အားမာန်အပြည့်ဖြင့် တက်ကြွနေရှာသော Yoong အား စိတ်မပျက်စေချင်တာကြောင့် ကျွန်မ ခေါင်းညိတ်လိုက်မိသည်။ကျွန်မ စိတ်တွေ တယောက်သောသူဆီ ရောက်နေတာ သူသိလို့ မဖြစ်ဘူးလေ။သူသိရင် ဝမ်းနည်းသွားမှာပေါ့။ဒါပေမဲ့ ဘယ်လိုလုပ်မလဲ ကျွန်မက မတွေးပဲလည်း မနေနိုင်ဖြစ်နေသည်။

" အင်းပါYoong ရယ် ငါအကောင်းဆုံး ကြိုးစားပါ့မယ်..."

ကျွန်မ ပါးစပ်မှ ထွက်သွားသော ကတိနှင့်အတူ မျက်လုံးလေးတွေက လည်း ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ပြီး ကြည့်မိပြန်သည်။STELLE ဘာလို့ ဝမ်းနည်းနေတဲ့ မျက်လုံးလေးတွေကို ကျွန်မမြင်နေရတာလဲ...STELLE အဆင်ရော ပြေရဲ့လား???

တိုးတိတ်စွာရွတ်ဆိုလိုက်မိသော ကျွန်မ စကားသံအား ကျွန်မ မှ အပ ဘယ်သူမှ မကြားနိုင်ခဲ့ပေ။

Yoong- " Sica လာတော့... "Phoenix ငှက်ပေါ် အဆင်သင့် ပြင်ရင်း ကျွန်မ တက်လာဖို့ စောင့်နေသော Yoong လက်လေးအား ဆွဲလိုက်ရင်း တိုက်ပွဲဝင်ရန် ပြင်လိုက်သည်။

STELLE ပြိုင်ပွဲ အကြောင်း အသေးစိတ်ပြန်ရှင်းရလျှင် အဆင့်သုံးဆင့်ရှိသည်။

ပထမ- မဲဆွယ် အဆင့်
ဒုတိယ- အလံလုပွဲ အဆင့်
တတိယ- ဝိညာဉ်ပေါင်းစပ်ခြင်းဟူ၍ သုံးမျိုး ခွဲထားသည်။

ပထမ မဲဆွယ် အဆင့်မှာတော့ ကျွန်မနဲ့ Yoong က Fany နဲ့ Taeyeon Sama လောက် မသာခဲ့ပေမဲ့ မဲက ကွာလွန်းသည့် အဆင့်မှာလည်း မရှိခဲ့ပေ။ အများဆုံး ကွာ ဆိုရင်တောင် ၇ မှတ်လောက်ပေါ့။

MY STELLEМесто, где живут истории. Откройте их для себя