Tests Are Everywhere

2.3K 174 16
                                    

#Zaw Gyi

Jessica's POV

"STELLEအကြောင်း သိပြီးပြီလား"

"ဟင့်အင်း ဘာဖြစ်လို့လဲ"

"သူပျောက်နေပြန်ပြီတဲ့"

"ဟမ် တကယ်လား"

"ပြောသံ ကြားတာပါ ပျောက်နေတာ တပတ်နီးပါး ရှိပြီတဲ့"

"တကယ်!!!!!!"

"ဟင်း ငါတော့ သူ့ကို တကယ်သနားမိတယ်"

"အေးလေ သူက အချစ်ကြီးတော့ အမြတ်ကြီးတာပေါ့"

" တကယ်တော့ ငါတို့ STELLE က သနားဖို့ကောင်းပါတယ်"

"အင်း ဟုတ်တယ် ငါတို့လို နှစ်ကြီးတွေက သူ့အကြောင်း နည်းနည်း သိတော့ နားလည်ပေးနိုင်ပေမဲ့ ကလေးတွေအတွက်ကြ STELLE ပျောက်ဆုံးနေတာက ခေါင်းရှောင်သလို ဖြစ်နေပြန်ရော!!!ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူး"

"အေးနော်"

သူမ နာမည်လေးကြားလိုက်မိတိုင်း အသံကြားရာနားစွင့်နေမိတတ်တာ ကျွန်မ အကျင့်တစ်ခုလိုလို ဖြစ်နေတော့သည်။

ဒါပေမဲ့ သူမကတော့ ကျွန်မကို အရေးပင် မစိုက်ပေ။

ကောင်းကင်နန်းတော်ကြီးထဲမှာ ကျွန်မ ကို တယောက်တည်း ပစ်ပြီး ထွက်သွားသည့်နေ့ထဲကမူ သူမ ပျောက်ခြင်းမလှ ပျောက်သွားတော့သည်။ကျောင်းကောင်စီပွဲတွေလည်း မတတ်တော့သလို ဘယ်အခမ်းအနားမှလည်း ပေါ်မလာတော့ပေ။

ပွဲလမ်း အခမ်းအနားတွေခဏထား သူမဆွဲကြိုးလေးတောင် လာမယူဘူးဆိုတော့ အခမ်းအနားတွေ မတတ်တာက အဆန်းတော့လည်း မဟုတ်ပေ။

"ဟင်း ............" ကျွန်မ သက်ပြင်းသာ ချနေမိတော့သည်။

F-"Sica ဘာလဲ ဟင်းစားမကောင်းလို့လား"

J-"ဟင်!!! မ မဟုတ်ပါဘူး Fany ရယ်"

Y-"ဒါဆို နေမကောင်းလို့လား Sica"Yoong သူမလက်ကလေးထုတ်ရင်း ကျွန်မ နှဖူးကိုယ်ပူချိန် တိုင်းနေတော့သည်။ " ပုံမှန်ပါပဲ "

J-"နေကောင်းပါတယ် ဘာမှမဖြစ်ပါဘူးYoong ရဲ့"

Y-"အဲဒါဆို ဘာလို့သက်ပြင်းတွေခဏခဏချနေရတာလဲ Sicaရဲ့ Yoong တောင်လွင့်တော့မယ်"

MY STELLEWhere stories live. Discover now