#Zawgyi
Jessica's POV
" mhmmmmm.... "
နွေးလိုက်တဲ့ နေရာလေး။ မျက်လုံးတွေက မပွင့်ချင်သေးပေမဲ့ ကျွန်မ ဘေးနား စမ်းအကြည့်မှာ STELLE ရှိမနေတာကြောင့် ဆက်ကနဲ ထထိုင်မိလိုက်သည်။" STELLE!! "
" STELLE??? "
" STELLE??? " သူဘယ်ရောက်သွားတာလဲ?
သူအရင်လိုပဲ ကျွန်မကို ထားပြီး ထွက်ပြေးသွားပြန်ပြီလား!!သူကျွန်မကို တယောက်ထဲ ထားခဲ့ ပြန်ပြီလား...ဆောက်တည်ရာ မရတော့တဲ့ စိတ်တွေကြောင့် ကျွန်မ ကုတင်ပေါ်မှ ဆင်းရင်း သူမအား ပြေးရှာဖို့ အလုပ် ကျွန်မ နောက်မှ Sica ဟု ခေါ်နေကျ သူမအသံလေးအား နားထဲ တိုးဝင်လာခဲ့သည်။" STELLE!!! "
ကလေးလေး တယောက်လို သူမ ရင်ခွင်ထဲ တိုးဝင်သွားတဲ့ ကျွန်မ မှာ သူမ ထွက်ပြေးသွားမှာဆိုးလို့ တင်းကျပ်နေအောင် ဖက်ထားနေမိသည်။STELLE- " SICA!!! ဘာလို့ ငိုနေတာလဲ??? "
ကျွန်မ မျက်ရည်မြင်တော့ လန့်သွားတဲ့ STELLE က စားစရာတွေအား ချရင်း ကျွန်မ အား တင်းကျပ်စွာ ပြန်ဖက်ထားပေးတော့သည်။" STELLE ထွက်သွားပြီ ထင်လို့ ကျွန်မ ဘယ်လောက် လန့်လိုက်ရလဲ??? STELLE ထားခဲ့ ပြီ ထင်လို့ ကျွန်မ ဘယ်လောက် ကြောက်လိုက်ရလဲ??? ကျေးဇူး ပြုပြီး ကျွန်မဘေးက ထွက်မသွားပါနဲ့တော့!! ကျွန်မ တောင်းပန်ပါတယ်!! "
STELLE- " ရူး!!! ကိုယ့်ကို ကြည့်စမ်း ကိုယ်ဘယ်မှ မသွားပါဘူး...Sica ပင်ပန်းပြီး အိပ်ပျော်သွားလို့ စားစရာသွားယူပေးနေတာပါ...ဒီနေရာ မမှတ်မိတော့ဘူးလား ဒါ STELLE ဥယျာဉ်လေ!! ကိုယ်မထွက်ပြေးပါဘူး Sica ရယ်...Sica က ခုကိုယ့် ကြင်ရာတော်လောင်း ဖြစ်နေပြီလေ!!!! "
" မသိဘူး ကျွန်မ ကြင်ရာတော်လောင်းတွေ မသိဘူး STELLE ပျောက်ကွယ်သွားမှာပဲ ဆိုးတယ်..."
ဟုတ်ပါတယ်...ကျွန်မ ကလေးဆန်တယ်ပဲ ပြောပြော သူမကို ဒီထက် ပိုပြီး အဆုံးရှုံး မခံနိုင်တော့ဘူး!!! ကျွန်မ သူ့အတွက် ဘယ်လောက်တောင် တိုက်ပွဲ ဝင်ခဲ့ရလဲ???ဒါတွေ ဘယ်သူမှ မသိနိုင်ပါဘူး...STELLE- " ကိုယ်က SICA အချစ်ထောင်ချောက်ထဲ မိနေတဲ့ ငှက်ကလေးပဲ ဘယ်ပြေးထွက်နိုင်အုံးမှာလဲ...တော်တော့နော် မငိုနဲ့တော့..."
သူမလက်ကလေး နှစ်ဖက်ကို သုံးရင်း ကျွန်မ မျက်ရည်တွေ သုတ်ပေးနေရှာတဲ့ သူမအား ကျွန်မ ပိုပို ချစ်မိလာသည်။တကယ်ပါ သူမသာ ဒီတစ်ခါ အရင်ကလို ပစ်ထားခဲ့ဖြစ်ရင် ကျွန်မ ရူးသွားလိမ့်မယ် ထင်သည်။
YOU ARE READING
MY STELLE
FanfictionMy STELLE ( WRITTEN BY D.D) Fanfiction,Mature,Paranormal #Zawgyi #Unicode နှစ်မျိုးလုံးနဲ့ အဆင်ပြေအောင်ရေးပေဒထားပါတယ် 18 + အခန်းတွေ ပါမှာ ဖြစ်တာကြောင့် 18 နှစ် မပြည့်သေးသူများ ရှောင်ရှားစေချင်ပါတယ် ဒါ့အပြင် အရမ်းကြမ်းတဲ့ အခန်းတွေကို Private ချမှာဖြ...