Leader

2.4K 193 30
                                    

#Zaw Gyi

Yoona's POV

တဒေါင်ဒေါင်မြည်နေသော ခေါင်းလောင်းသံကြောင့် ကျောင်းသူကျောင်းသားများပင် အလျှိုလျှို နေရာယူနေကျပြီဖြစ်သည်။သို့သော်လည်း ကျွန်မဘေး လွတ်နေသော ထိုင်ခုံလေးပိုင်ရှင်မှာ ရောက်မလားသေး။

Sica သူမဘယ်ရောက်နေတာလဲ။ကျွန်မ ဘေးပတ်ဝန်းကျင်ကြည့်လိုက်ပြန်တော့လည်း သူမအရိပ်အရောင်တောင် မတွေ့ပေ။တစ်ခုံလွတ်နေသော သူမနေရာကို အဆွဲပြုပြီး ယောကျာ်းလေးအဆောင်က ပြဿနာရှာလာမည်လည်း ဆိုးသည်။

"Sicaအမြန်ပြန်လာပါ" ကျွန်မ စိတ်ထဲအကြိမ်ကြိမ်အခါခါ ဆုတောင်းနေမိသည်။

"အားလုံးပဲ မြင့်မြတ်တဲ့ STELLE အတွက် အရိုအသေ ပေးရန် မတ်တပ်ရပ်ပေးကြပါ" OH TEACYEON SAMA၏ ပြတ်သားသည့် အသံနှင့်အတူ ရှေ့မှ ဘင်ခရာ တီးဝိုင်းမှ နေ၍STELLEဖြစ်သူအား ကြိုဆိုသီးချင်းတီးမှုတ်၍ ဝင်ရသည်။ထို့နောက် ကျောင်းကောင်စီများက တစ်ဖက် တစ်ချက်စီ နေ၍ လိုက်ပါနေရာယူကြရသည်။နောက်ဆုံးမှာတော့ မြင့်မြတ်တဲ့ နှစ်ကျောင်းလုံးက STELLE တွေပေါ့။ဒါပေမဲ့ STELLE YURI လည်း SICAလိုပင် အရိပ်အရေ
ာင်တောင်ရှာမရပေ။

"STELLE YURI မလာဘူးလား မသိ"

"ဟုတ်တယ်နော် သူ့ကို မတွေ့ဘူး"

"ဒါဆို မလာတာ ကျိမ်းသေနေပြီပေါ့"

"ငါတို့ကို တခြားလူကအဆောင်ခွဲပေးမှာလား"

အမျိုးမျိုးသော စကားသံများက နေရာအစုံမှ ထွက်ပေါ်လာတော့သည်။VICTORIA SAMAလည်း မျက်နှာမကောင်း ပုံကြည့်ရရင် STELLE မလာမှာ တော်တော် ကျိမ်းသေသွားတော့သည်။

သို့သော် သူမ တံခါးဆီ မျက်လုံးခဏခဏ ရောက်နေပုံထောက်ရင် သူမ တယောက်ယောက်ကို ရှာခိုင်းထားတာများလား။မဟုတ်လောက်ပါဘူး HYOYEON SAMA နဲ့ SOOYOUNG SAMAလည်း ရှိနေတာပဲဟာ။ဘယ်သူ့ကိုများရှာခိုင်းထားတာလဲ။

"မ မဟုတ်မှလွဲရော SICA ကိုများလား"

....................................................................

Victoria's POV

Sica သူ တကယ် YURI ကို ခေါ်လာနိုင်မှာလား။အရမ်းကြီး မျှော်လင့်ထားတာတော့ မဟုတ်ပေမဲ့ ကျွန်မ မျှော်လင့်မိနေဆဲပင်။Sica ဆီထားတဲ့ Yuri အကြည့်တွေ ကျွန်မရိပ်မိသည်။

MY STELLENơi câu chuyện tồn tại. Hãy khám phá bây giờ