Her Secret Part 4

4.2K 203 54
                                    

#Zawgyi

Victoria's POV

Kwon Yuri တယောက် Krystal ကျောင်းစရောက်သည့်နေထဲကပင် အချိုးတွေ စပြောင်းလာခဲ့သည်။ကျောင်းတံခါးပိတ်ချိန်ဆို အမြဲ ကျောင်းဆောင်ထဲ ဝင်ရမယ်လို့ မသိခဲ့သည့် သူမ ခုတော့ အချိန်မှန်မှန် အဆောင်ထဲရောက်နေတတ်သည်။စာဆို စိတ်မဝင်စားလွန်းသည့်သူမ အတန်းတွေလည်း ပုံမှန်တတ်လာခဲ့သည်။သူမရဲ့ STELLE LEE HYORI နဲ့ STELLE SONG JIHYO ဆို သူမလုပ်ရပ်တွေကြောင့် မျက်လုံးတွေပင် ပြူးကုန်ကြသည်။

KWON YURI သူ တကယ်ပဲ ပြောင်းလဲတာလား ဟန်ဆောင်နေတာလား ကျွန်မပင်
မတွေးတတ်တော့ပေ။ခုလည်း အဆောင်ထဲ ရေမိုးချိုးရင်း Krystal လာမဲ့ အချိန်ကို လက်ချိုးရေ စောင့်နေလေသည်။

Krystal အကြောင်းပြောရရင် G.D က စရလိမ့်မည်။Krystal ဆိုတာ G.D ရဲ့ တစ်ဦးတည်းသော ညီမလေး တယောက်ဖြစ်သည်။ထိုနှင့်တန်းတူ G.D လိုပဲ ရေစွမ်းအား ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ သူမက အရမ်းအေးပြီး လူအရမ်းကြောက်တတ်သည်။သူနဲ့ မသိတဲ့ သူဆို သူမ ခပ်ဝေးဝေးကပဲ နေသည်။ ခုလည်း ကျောင်းရောက်တာသာ သုံးလပြည့်တော့မှာ သူမှာ သူငယ်ချင်းဆိုလို ကျွန်မ နဲ့ Kwon Yuri အပြင် မရှိပေ။ပိုဆိုးတာက မ ဦးရေနဲ့ ဝင်လာတဲ့ ရေအဆောင်ကြောင့် သူမ အခန်းဖော် သူငယ်ချင်းမဲ့ရပြန်သည်။တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ သူမကြောင့်လည်း ရေအဆောင်က သူရှိမှန်းတောင် သတိမထားမိ ဖြစ်လာသည်။အဲ့ဒါကြောင့် တခါတလေ ကျွန်မ နဲ့ Yuri ရှိရာ အဆောင်ဆီ သူလာ အိပ်တတ်သည်။တခါတလေ ကျပြန်တော့လည်း Yuri က သူမ ရှိရာ အဆောင်ဆီ သွားအိပ်ပေးတတ်သည်။ကျွန်မ က STELLE လောင်းနေရာ လျှောက်ထားတဲ့ သူဆိုတော့ အမှားခံလို့မရ။ဒါကြောင့် သူမ ရှိရာ အဆောင်ဆီ ခိုးထွက်ရင်း လိုက်အိပ်လို့ မရပြန်ဖြစ်ရသည်။ကျွန်မ လေ တခါတလေ Kwon Yuri ကို မယုံပေမဲ့ သူမက Krystal နဲ့ ပတ်သက်ရင် ဘယ်တော့မှ အလွန်အကျူး မဖြစ်စေရဘူးဆိုတဲ့ သူမကတိကြောင့် ကျွန်မ မယုံချင် ယုံချင် လွှတ်ပေးရသည်။

ဒါပေမဲ့လည်း ခုချိန်ထိတော့ သူမက ကတိကို ကောင်းစွာထိန်းပေးထားသေးသည်။အဲ့ အတွက်လည်း ကျွန်မ တကယ် ကျေးဇူးတင်မိသည်။Krystal ဆိုတာ ကျွန်မ အတွက် ဖြူစင်လွန်းပြီး စိတ်နဲ့ တောင် မပြစ်မှားရက်တဲ့ သူတယောက်ပါ။ဒါပေမဲ့ ဖြူစင်လွန်းတဲ့ သူမရဲ့ အပြုံး၊ သူမ ရယ်သံ၊အရာအားလုံးဟာ ကျွန်မ စိတ်ကို တဖြည်းဖြည်း ဝါးမြိုနေသည်။တကယ်တော့ မီးနဲ့ ရေဆိုတာ ဖြစ်နိုင်ပါ့မလား။

MY STELLEWhere stories live. Discover now