It's Hurt

3.8K 187 30
                                    

Taeyeon's POV

နေခြည်နွေးနွေး မနက်ခင်းရောင်ခြည်လေးက အားပျက်ကာ အိပ်ပျော်နေသော ကျွန်မတို့ နှစ်ယောက်ပေါ် ကြလာတော့ အပူရှိန် လင်းရောင်ခြည်ကြောင့် ကျွန်မ မျက်လုံးလေးတွေ ပွင့်လာခဲ့သည်။

"ကျက်သရေရှိလိုက်တဲ့ မနက်ခင်း..."
ကျွန်မဘေး ကိုယ်တုံးလုံးလေးဖြင့် အိပ်ပျော်နေရှာသော သူမကို ကျွန်မ မြင်ရသည်မှာ အရမ်းရင်ခုန်ဖို့ကောင်းသည်။ညတိုင်းသူမနဲ့ တူတူ ချွေးတွေနဲ့ အိပ်ရာဝင်ရပြီး မနက်တိုင်း ကိုယ်တုံးလုံးလေးနဲ့သာ နိုးလာရရင် ဘယ်လောက်ကောင်းလိုက်မလဲ...

" သိပ်ချစ်တယ် Fany ရယ်... " ပါးစပ်မစိနိုင်အောင် ပြုံးနေသော ကျွန်မက သူမ နဖူးလေးအား အနမ်းပေးရင်း ပြင်ဆင်စရာ ပြင်ဆင်ပေးရန် ထသွားမိသည်။ သူလည်း တညလုံး ပင်ပန်းထားတာ နိုးလာရင် ဗိုက်တွေ ဆာနေရှာမှာပေါ့...

အဲ့လိုနဲ့ တပြုံးပြုံး ဖြစ်နေတဲ့ ကျွန်မ အောက်ထပ်ဆင်းလာရင်း အားလုံး စားလို့ သောက်လို့ ရရန် ပြင်ဆင်ပေးနေမိသည်။ ပါးစပ်က သီချင်းတညည်းညည်းနဲ့ပေါ့။

Mom- " အံမယ် တို့ TaeTaeက သီချင်းတွေ ဘာတွေ ညည်းလို့ပါလား..."

" ဟီးဟီး အမေနိုးပြီလား..."

Mom- " ကဲပြောပါအုံး...ကြည့်ရတာ Fany လေးနဲ့ အဆင်ပြေသွားပြီ ထင်တယ်..."

" ဟာ အမေကလဲ!!! "

Mom- " အမေက မလဲ ဘူး အကောင်းကြီး...Fany နဲ့ဆို အမေက သဘောတူပြီးသား..."

"ဟာ တော်ပါတော့ အမေရာ...ရှက်စရာကြီး..."

JH- " ဝါး!!!! ဒီသားအမိတွေ ဘာဖြစ်!!! "
တဝါးဝါး သန်းကာ အပေါ်ထပ်က ဆင်းလာသော မျက်ကွင်း အညိုရောင်နှင့် Jonghyun ကို မြင်တော့ အမေက လန့်သွားသည့်ပုံဖြင့်...

Mom- " သား!!! ဘယ်လိုဖြစ်လာတာလဲ မျက်ကွင်းတွေလဲ ညိုလို့!!! "

JH- " အဲ့ဒါ အမေ့ သမီးလေ... သူ ပေးတဲ့ Quiz ကို ဖြေနေရတာ..."

Mom- " သမီး ...သူ ဘာတွေပြောနေတာလဲ..."
သူလုပ်တာနဲ့ စိုးရိမ်စိတ်ကြီးတဲ့ အမေက စိတ်ပူနေတော့မှာပဲ!!!

" ဘာမှ မဟုတ်ပါဘူး အမေရယ်...Jonghyun လာအုံး!!! "
မျက်လုံးတွေ ပွတ်သပ်ကာ အိပ်ချင်မူးတူးဖြစ်နေသေးသော Jonghyun အား ကျွန်မ အမေ့ရှေ့မှ ဆွဲထုတ်သွားမိသည်။

MY STELLEWo Geschichten leben. Entdecke jetzt