Wedding Dress

2.6K 186 36
                                    

Jessica's POV

ကျွန်မ နဲ့ STELLE စကားများပြီးနောက် ကျွန်မ သစ်လုံးအိမ်လေးထဲ တယောက်တည်း တွေးရင်း ကြိတ်ကာ ငိုနေမိသည်။သူမကတော့ တော်တော်ကြာသွားတဲ့ အထိ အိမ်ထဲ ပြန်မဝင်လာခဲ့ပေ။

ဘာလို့လဲ ဆိုတဲ့ မေးခွန်းတွေနဲ့ အတူ
ကျွန်မကို သူကိုယ်တိုင် တခြားသူ လက်ထဲ သွားဖို့ တောင်းဆိုခဲ့သည့် အဖြစ်ကြောင့် ရင်တွေ အရမ်းနာနေရသည်။

မချစ်ရင်နေပါ...

မရက်စက်ပါနဲ့...

ခုတော့ ချစ်လည်း မချစ်သလို ရက်လည်း ရက်စက်လိုက်ကြတာ...ကျွန်မဘေး ဘယ်သူမှ မရှိတော့ဘူးဆိုတဲ့ ခံစားချက်ကြီး ခံစားနေရပါလား....

သူမကုတင်ထက် အိပ်နေရပေမဲ့လည်း နွေးထွေးမှု မရှိတဲ့ အပြင် အထီးကျန်မှုတွေသာ ရောပြွန်းနေသည်။အိပ်ယာထက် ခေါင်းအုံးလေးကလည်း ကျွန်မ မျက်ရည်တွေကို တပွေ့ တပိုက်နဲ့ပေါ့...

ထိုစဉ်

STELLE- " SICA... "
ဒီအသံက အမြဲ အေးစက်တည်ငြိမ်နေတတ်တဲ့ သူအသံလေးပေါ့...
ဒါပေမဲ့ ဘာလို့ နွေးထွေးမှုတွေ မရှိနိုင်တော့တာလဲ..
ပိုးပိုးပေါက်ပေါက် ကြလာတဲ့ ကျွန်မ မျက်ရည်တွေကို ကာလိုက်ရင်း သူမအား ကျောပေးကာ တစောင်းလှဲနေလိုက်မိသည်။

STELLE- " SICA... "
ဘာမပြော ညာမပြောနဲ့ သူမက ကျွန်မ ဘေး တိုးဝင်လာရင်း ကျွန်မ ဆံပင်လေးများအား ယုယစွာသပ်ပေးနေသည်။နောက်တော့ သူမ လက်ကလေးတွေကို ကျွန်မ ခါးဆီ တင်လိုက်ရင်း နောက်မှဆွဲဖက်ကာ ရင်ခွင်ထဲ အသာဆွဲထည့်လိုက်သည်။ကျွန်မ ဒီရင်ခွင်ကို ဘယ်လောက်တောင် လွမ်းနေလိုက်လဲ???ဒါပေမဲ့ တူတူရှိနေဖို့ ဖြစ်နိုင်ပါ့အုံးမလား...

STELLE- " မငိုပါနဲ့တော့ SICA ရယ်... "
သူမပြောလေ ပိုငိုလေဖြစ်တဲ့ ကျွန်မက သူမရင်ခွင်အား စုံကန်ရင်း ထထွက်သွားဖို့ ပြင်လိုက်သည်။

"ကျွန်မ တောင်းပန်ပါတယ် ကျွန်မကို မထိပါနဲ့!!"

STELLE- " sica... "
သူမက သနားစရာ မျက်လုံးလေးတွေနဲ့ တောင်းပန်ရင်း ကျွန်မလက်ကို ပြန်ဆွဲထားတော့ ကျွန်မ ထွက်သွားရန် ခက်နေပြန်တော့သည်။ဘာလို့လဲ??? ကျွန်မက ဘာလို့ သူမျက်လုံးတွေဆို အမြဲ ကျရှုံးနေရတာလဲ???

MY STELLEWhere stories live. Discover now