စံချိန်တင်လောက်အောင် ပူပြင်းသော ဒီနွေရာသီ။ ခန္ဓာကိုယ် ဒီဘက်လှည့်လိုက် ဟိုဘက်လှည့်လိုက်နှင့် လေးငါးခါ လှည့်အပြီး ကျွန်တော် မနိုးချင်ပဲ နိုးလာခဲ့သည်။
Saint အိတ်ထဲကို Mae က ထီးတစ်ချောင်း ထိုးထည့်ပေးနေသည်ကို အိပ်ရာပေါ်က နိုးနိုးချင်း မြင်လိုက်ရရင် Saint အိပ်ရာထ အနည်းငယ်စောသည်ဟု ယူဆနိုင်သည်။
" Good Morning Mae Nuk "
" ဟယ်... သားလေး နိုးပြီလား... နိုးရင်လဲ ထတော့... ကျောမပူဘူးလားဟင် သား "
ပြောရင်းနှင့်ပင် Mae Nuk က Saint အိပ်ရာနားလာပြီး ခေါင်းလေး ပွတ်ပေးနေသည်။" ပူလို့ နိုးလာတာ... ဘယ်ချိန်ရှိပီလဲ Mae "
" ၇ခွဲပြီ... ထတော့... ညကပြောတော့ ဒီနေ့ရုံးမှာ အစည်းအဝေးဆို "
" အင်းးးး... ထမယ်... Mae ၅မိနစ်လောက် ကျောပွတ်ပေးပြီး ထမယ်... နော် နော် နော် "
(Pete က Ae ကို ချွဲနေကျအသံဖြင့် ဖတ်ရန် )
" အောင်မလေး... ငချွဲသားလေး... အမေ့ဆို ကပ်ချွဲနေရမှ "
အဖေက ကျွန်တော် ငယ်ငယ်လေးကတည်းက ဆုံးသွားတာမို့ ကျွန်တော့်ဘေးနား အခက်အခဲပေါင်းများစွာ ရင်ဆိုင်ပြီး ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အမေကို အရမ်းခင်တွယ်သည်။ ရရင် ရသလိုချွဲသည်။
ကမ္ဘာမှာ ကျွန်တော့ အချစ်ဆုံးသော တဦးတည်းသော သူဆိုလဲ မမှား။" Saint... သားလေး... ရုံးမှာရော ဒီလိုပဲ... လိုက်ချွဲနေရောလား.. ဟင် "
" Mae krup... ရုံးမှာ သားက လူကြီးလိုနေတာပါနော်... အိမ်မှာသာ Mae ကို ချွဲတာ... Mae မယုံရင် လိုက်ကြည့်... "
" ဟုတ်ပါပီ ဟုတ်ပါပီ... ကဲ. ဇိမ်ယူတာ ရပ်တော့ ထ... ပုဇွန်ဆန်ပြုတ် လုပ်ထားတာ... ရေချိုးနောက်ကျပြီး မစားရဖြစ်မယ်... "
" Yessssss..... ထပီ "
=_=_=_=_=_=_=_=_=_=_=_=_=_=_=_=
ရုံး နဲ့ အိမ်က ၂ မှတ်တိုင်သာ ဝေးတာမို့ တခါတလေ Saint စက်ဘီးနဲ့သွားသလို တခါတလေ စိတ်ကူးပေါက်ရင် လမ်းလျှောက်သွားတယ်။ အခုတလောတော့ ရာသီဥတုကြောင့် လမ်းလျှောက် ဖြစ်မယ်တော့ မထင်။

ESTÁS LEYENDO
Before Tie the Knot
Romanceမျှော်လင့်ချက်တွေ ဝေးနေဆဲ ဖစ်တဲ့ Love By Chance Season 2 ကြီး မျှော်ရင်း PerthSaint ဇာတ်လမ်းလေး စီးမျှော်လိုက်ကြရအောင်လား 🖤❤