ဒီနေ့ ဘန်ကောက်မှာ မနက်ကတည်းက မိုးဖွဲဖွဲ ရွာလိုက် တိတ်လိုက်မို့ လောကတခွင်လုံး
အေးစိမ့်နေသည်။ ထိုအေးစိမ့်မှုက ကွန်ဒိုအခန်းတခန်းရဲ့ ဧည့်ခန်းတွင်းမှာ မျက်နှာချင်းဆိုင်
ထိုင်နေသော သူတို့နှစ်ဦးကိုတော့ မထိရောက်။အချိန်တွေက တဖြည်းဖြည်းကုန်လာလေ
အခန်းတွင်းက တိတ်ဆိတ်မှုက ပိုကြီးလာလေ။" အဟမ်း.. "
" ဗျာ.. "
Perth က ပုံမှန်အသံနှင့် ချောင်းရှင်းလိုက်ပေမဲ့ Saint ခန္တာကိုယ်တုန်သွားပြီး ချက်ချင်း မျက်နှာမော့ ထူးလိုက်မိသည်။
" အဟင့်.. အဟင်း..ခစ်... "
Perth ရုတ်တရက်ဖြစ်သွားသော Saint ပုံစံ
ကြောင့် မထိန်းနိုင်ပဲ ရယ်မိသွားသည်။Saint ရှက်လွန်းလို့ မော့နေရာက ခေါင်းပြန် ငိုက်စိုက်နေလိုက်ပြီး ကိုယ့်ကိုယ်ကိုသာ
အပြစ်တင်နေမိသည်။" ဆော.. ဆောရီးပါ.. ဟို... ကိုယ်လဲ ရုတ်တရက်မို့.... အာ့ "
" အာ.. ရပါတယ်.. ကျွန်တော်.. ကျွန်တော် "
Saint ဘာပြန်ပြောလို့ ပြောရမှန်း
မသိရလောက်အောင် တစ်ကိုယ်လုံး ပူထူလာသည်။" အင်းပါ.. ခဏထိုင်အုန်းနော်.. ကော်ဖီသောက်တယ် မှတ်လား.. သွားဖျော်ပေးမယ်.. ခဏ "
" အာ... မဟုတ်တာ.. ကျွန်တော် ဖျော်ပေးပါမယ်.. "
Saint က ချက်ချင်း ထိုင်နေရာကနေ လိုက်ထလိုက်တော့ Perth က သူ့အနား တစ်လှမ်းချင်း တိုးလာသည်။ အနားနီးလာလေ မျက်နှာတခုလုံး ပူထူလာလေ။
ဟင်... ဘာလို့တိုးလာတာလဲ.. ငါ.. ငါ ဘာလုပ်ရမလဲ
Saint အတွေးမဆုံးခင်မှာတင် Perth က Saint ပုခုံးလေးနှစ်ဖက်ကို ထိသည်ဆိုရုံလေး
ကိုင်ပြီး" ထိုင်နေ.. အလုပ်ချိန်လဲ ပြီးသွားပြီ.. မင်းက အခုကိုယ့်ဧည့်သည်.. ဧည့်သည်လိုနေ.. ဟုတ်ပြီလား "
" k.... krup "
ငါနဲ့ ဘယ်လိုတောင် အတွေးတွေလွန်နေတာလဲ
ခဏကြာတော့ Perth ကော်ဖီခွက် နှစ်ခွက်ကိုင်
ပြီး ဧည့်ခန်းရှေ့ ပြန်ထွက်လာသည်။
![](https://img.wattpad.com/cover/139875910-288-k954920.jpg)
YOU ARE READING
Before Tie the Knot
Romanceမျှော်လင့်ချက်တွေ ဝေးနေဆဲ ဖစ်တဲ့ Love By Chance Season 2 ကြီး မျှော်ရင်း PerthSaint ဇာတ်လမ်းလေး စီးမျှော်လိုက်ကြရအောင်လား 🖤❤