~ Before tie the knot ~ 5

466 57 3
                                        

✨ Friday Night

သောကြာညနေ ရုံးချိန်ပြီးသည်နှင့် Mean နဲ့ Saint နှစ်ယောက် Mean တိုက်ခန်းသို့ Taxi ငှားပြန်ကြသည်။

📲 [ P'Chen ×××
Mean.. တော်ရုံကဲနော်.. Nong Saint က တနင်္လာ အလုပ်သစ်စရမှာ.. မထနိုင်ဖြစ်မယ် ]

Line Group Chat room ကို စာကို Mean တွေ့တော့

📲 [ Mean ×××
ဆောရီးပါ... Saint ကို ပြန်ပေးဆွဲလိုက်ပြီ ]

" Ai'Mean ငါပြီးပြီ.. ရေသွားချိုးတော့လေ. "

" အေးပါ.. ဒီမှာ P'Chen နဲ့ပြောနေလို့ .. "

" Mae ကို ဖုန်းဆက်ရမယ်... ဖုန်းဘယ်နားထားမိလဲ မသိ... ဒီမှာလား... ဘယ်မှာလဲဟ.. "

Mean ရေချိုးဖို့ shirt အကျီၤချွတ်လိုက်ပြီး ရေချိုးခန်း ဝင်မည်လုပ်ပြီးမှ အနောက်ပြန်လှည့်ကြည့်ပြီး

" Saint.. မင်း.. လက်မောင်းက ဘာအညိုအမဲတွေလဲ... ဘာဖြစ်ထားတာလဲ "

" ဟင်.. အာ့တွေ မပျောက်သေးဘူးလား "

" ဘာဖြစ်တာလဲ.. ခုမှ သတိရတယ်.. မေးမယ် မေးမယ်နဲ့.. မင်း ခြေထောက် ထော့နဲ့ထောနဲ့ ကရော.. မဟုတ်မှလွဲရော.. မင်း ရန်ဖြစ်ထားတာလား... "

" ဟာ.. ဖြစ်စရာလားကွာ.. တကယ်တော့ ဟိုအရင်အပတ်က ငါ စက်ဘီးစီးရင် မတော်တဆ ဖြစ်လို့ "

" ဟင်.. မင်း ငါတို့ကိုလဲ မပြောဘူး.. Mae Nuk ရောသိလား.. သိလောက်မှာ မဟုတ်ဘူး.. ကြည့်နေ ငါပြောမယ် "

Mean က ဖုန်းကိုကောက်ကိုင်ပြီး ဆက်မည်လုပ်တော့

" ဟိတ်ကောင်.. မဆက်နဲ့.. Mae သိရင် အလကား စိတ်ပူမှာ.. ထားတော့.. ခုဟာက သက်သာနေပြီ.. အရောင်ပဲ ကျန်နေတာ..
အေး မင်းဆက်ရင် ငါ ဒီည မလိုက်ဘူးနော်.. ဒါပဲ "

" ဟဲဟဲ... သက်သာရင် ပြီးရော.. စိတ်ပူလို့ကို.. လိုက်ခဲ့နော် "

" အေးပါကွာ.. ရေ မြန်မြန်ချိုးတော့ "

Saint တစ်ယောက် Mean ရေချိုးခန်းဝင်မှ နောက်ကျောကို မတ်တပ်ရပ် မှန်ရှေ့ ကြည့်လိုပ်တော့ ညာဘက်ကျောအပေါ်ဘက်မှာ သိသိသာသာ အညိုအမဲကွက်ကြီး ထင်းနေကို မြင်လိုက်သည်။ တကယ်တော့ ဖြစ်ဖြစ်ချင်း တုန်းက သွေးပူနေတော့ သိတ်မနာ၊ အိမ်ပြန်ရောက်တော့လဲ နည်းနည်းကိုက်လာပေမဲ့ Mae စိတ်ပူမှာဆိုးလို့ မပြောဖြစ်။ အကိုက်အခဲ ပျောက်ဆေး သောက်ပြီးသာ နေရာက ခု ခြေထောက်က တစ်ချက်တစ်ချက် လမ်းလျှောက်ရ မကောင်းဖြစ်နေတာကိုတော့ သတိထားမိသည်။

Before Tie the KnotWhere stories live. Discover now