~ Before tie the knot ~ 9

443 61 0
                                    

Perth POV

သူနဲ့ကျွန်တော်

ကျွန်တော် သူကို စစတွေ့ခြင်းမှာပဲ သူ့ရဲ့ မျက်လုံးလေးတွေကို မှတ်မိလိုက်တယ်။

ဟုတ်တယ်... သူ

လွန်ခဲ့တဲ့ ၃နှစ်လောက်က စပြီး

ကျွန်တော် အခက်အခဲ ကြုံတိုင်း သူ
ကူညီဖြေရှင်း ပေးတယ်၊
ကျွန်တော် အထီးကျန်တိုင်း သူ
အဖော်ပြုပေးတယ်၊
ကျွန်တော် စိတ်ဓာတ်ကျနေတိုင်း သူ
နှစ်သိမ့်ပေးတယ်၊

တခုပဲ

ကျွန်တော် သူ့ကို တွေ့ဆုံချင်တိုင်း တွေ့ဆုံခွင့်
မရှိ။ သူ လာချင်တဲ့ချိန်လာတယ်။ သူ ပြန်သွားချင်ရင်လဲ တားခွင့်မရှိ။

လောကကြီးမှာ ကျွန်တော်တို့ အရာရာတိုင်းကို
မြင်နိုင် တွေ့နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့
မျက်လုံးတွေက လုပ်ဆောင်ပေးလို့ သိတ်ကျေးဇူးတင်ရမှန်း သိပေမဲ့ ကျွန်တော်ကတော့ တခါတလေ မုန်းမိတယ်။ ကျွန်တော်အတွက်တော့ သူနဲ့တွေ့နေရတဲ့ အခိုက်အတန့်မှာ မျက်လုံးတွေ ဖွင့်မသွားစေဖို့ ဆုတောင်းနေရတယ်လို့
ပြောရင် ခင်ဗျားတို့ ယုံမလား။

မယုံရင်လဲ သိတ်တော့ မအံဩပါဘူးလေ။
ကျွန်တော် ကိုယ်တိုင်လဲ သူ့ကို အိမ်မက်ထဲမှာ
မဟုတ်ပဲ အပြင်လောက အရှင်လတ်လတ် တွေ့တော့ ကျွန်တော် မယုံဘူး။

ပြီးတော့ သူနဲ့ကျွန်တော်နဲ့က အိမ်မက်ထဲမှာ တယောက်နဲ့တယောက် နက်နက်နဲနဲ ခံစားချက် ရှိနေတဲ့ သူနှစ်ယောက်လေ။ မဖြစ်သင့်ဘူး မှတ်လား ။ ကျွန်တော်တို့က ယောကျာ်းလေးတွေလေ။

အိမ်မက်ဆိုတာ မက်ချင်ရာ မက်နိုင်တာပဲလေ ဆိုတဲ့ အကြောင်းပြချက်နဲ့ ၃နှစ်လောက် မက်ခဲ့တဲ့ အိမ်မက်ကို ပျက်ရယ်ပြုမိတယ်။

သိုပေမဲ့လည်း သူ့ကို ဒုတိယအကြိမ်တွေ့ပြီး
လက်ဆွဲနှုတ်ဆက်တော့ သူ့ရဲ့နူးညံဖောင်းအိ
နေတဲ့ လက်အေးအေးလေးကတဆင့် အိမ်မက်ထဲက သူဆိုတာကို ထပ်သက်သေပြနေပြန်
တယ်။

ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကို မလုံမလဲစိတ်နဲ့ သူ့ကို စိတ်ထဲက မပါတာတွေပြောပြီး အဝေးကို တွန်းပို့လိုက်မိတယ်။ အဲ့ဒီနေ့က သူ

Before Tie the KnotDove le storie prendono vita. Scoprilo ora