~ Before tie the knot ~ 3

448 56 2
                                        

Deli ဦးဆောင်ရာ အနောက်က Saint မဝံမရဲ လိုက်လာနေသည်။

" အော်... ဟိုထောင့်မှာ.. ကိုယ်တော်ချောက.. လာ Nong "

Deli လက်ညိုးညွှန်ရာ ကြည့်လိုက်တော့ ဆိုင်ရဲ့ ဘေးထောင့်နေရာတွင် ဖုန်းပွတ်နေသော Mr.Perth ကို Saint တွေ့လိုက်သည်။

အင်း... ခန့်ညားလိုက်တာ

Saint စိတ်ထဲက မှတ်ချက်ချ ပြီးပြီးချင်း ကိုယ့်ကိုယ်ကို ရှက်ကာ မျက်နှာပူထူသွားသည်။

Deli က Perth ဘေးထိုင်လိုက်တော့ Saint က Perth မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး ကိုယ့်အတွေးနဲ့ကိုယ်မို့ ခေါင်းငုံထားနေမိသည်။

" ကဲ. Ai'Perth ဒီဟာက ငါပြောပြောနေတဲ့ Saint... Nong'Saint ဒီဘက်ကတော့ သိတဲ့တိုင်း P' ရဲ့ သူငယ်ချင်းလဲဖြစ် စီးပွားရေးပါတနာလဲ ဖြစ်တဲ့ Perth "

" .....Kr...K...Krup "
Saint အသံအထစ်ထစ် အငေါ့ငေါ့နဲ့ ပြောလိုက်သည်။

" Sawadee "
Perth က အသံတိုတိုပြတ်ပြတ်ပြောပြီး Saint ရှေ့ လက်ကမ်းပေးသည်။

ကိုယ်ရှေ့ရောက်လာသော လက်တဖက်ကို မြင်မှ Saint မျက်နှာမော့ပြီး

" Sawadee Mr.Perth "

" ဟင်... "
Perth ဆီမှ အာမေဋ်သံ။

" ဟဲ့... ဘာဖြစ် "

Saint က P'Deli ကိုတစ်လှည့် Perth ကိုတစ်လှည့်ကြည့်ပြီး နှုတ်ဆက်နေသော လက်ကို မြန်မြန်လွှတ်လိုက်သည်။

" အော်...အေး... ဘာမှမဖြစ်ပါဘူး... ကဲ... အဲ့တော့ နင်က ငါ့ကို နင့်ဝန်ထမ်းပေးမှာ သေချာပြီလား ပြော "

" Ai' Perth ရယ်.. ငါက နင့်ကို လိမ်ရမှာလား.. ဒါပေမဲ့ ပေးတာ မဟုတ်ဘူး.. ငှားတာ.. Nong'Saint က ငါ့ဝန်ထမ်းထဲမှာ တိုးတက်ဖို့ အလားအလာရှိဆုံး ဝန်ထမ်း.. နင့်မို့ ကူညီတာဟဲ့ "

Deli က နှုတ်ခမ်းရွဲ့ကာပြောတော့ Perth က Saint ကို မျက်ခုံးပင့် တချက်ကြည့်ပြီး

" ဟုတ်လို့လား... Deli မကြီးရယ်... နင်ကသာ ချီးကျူးနေတာ... သူက မတက်မကြွ လူကြောက်တဲ့ ပုံစံနဲ့ "

Saint အံဩပြီး Perth ကို မျက်နှာမေ့ာကာ စိုက်ကြည့်လိုက်သည်။

လူတယောက်လုံး ရှေ့ထားပြီး ဒီလိုပြောထွက်တာတော့ အနည်းငယ် လွန်မနေဘူးလား။ ဘာမှန်းမသိ တုန်ရီနေသော ကိုယ့်ကိုယ်ကိုလဲ အပြစ်တင်မိသည်။

Before Tie the KnotWhere stories live. Discover now