" တီ.... တီ 🔈🔉🔊 "
ခပ်ဆောင့်ဆောင့် တီးလိုက်သော ကားဟွန်းသံတခုကြောင့် Saint လန့်နိုးသွား၏။ မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည်က ကားပြတင်းပေါက်မှန် တစ်ဘက်ခြမ်းက လိမ္မော်နီရောင် နေလုံးကြီး။
ငါ ငါ ဘယ်ရောက်နေတာလဲ
ပုံစံမကျ ကားတံခါးဘက်သို့ ဘေးစောင်းနေသော ကိုယ်ခန္ဓာကို ခါးဆန့် တည့်မတ်လိုက်ပြီး မျက်လုံးလေးပွတ်ကာ ကားမောင်းသူဘက် စောင်းကြည့်လိုက်တော့
" Phi ~ နိုးပြီလား.. "
![]()
Ups! Tento obrázek porušuje naše pokyny k obsahu. Před publikováním ho, prosím, buď odstraň, nebo nahraď jiným. ကောင်လေးက ကားစတီယာတိုင်ကို မေးလေးတင်၊ မျက်လုံးလေး ပိတ်မတက်ကွေးရင်း သူ့အား အပြုံးချိုချိုလေးနှင့် နှုတ်ဆက်သည်။
" ဟင်... Mr.Perth "
" ဘာ... Mr.Perth ?.. Phi.. ဘယ်လိုခေါ်လိုက်တာလဲ.. 😅 "
" Mr.Perth.. Perth မဟုတ်ဘူးလား.. "
" Perth လေ.. Phi ရဲ့ Perth.. ရေမရော Perth.. Mr.Perth လို့ ခေါ်တာကြီးကျ ဟဟ.. တမျိုးပဲ "
ဟင်.. နေအုန်း.. ! ငါ ဒီကားပေါ် ဘယ်လိုရောက်နေတာလဲ ? .. ငါ မအိပ်ခင် နောက်ဆုံး ဘာဖြစ်ခဲ့တာလဲ ?
Saint အတွေးထဲ မေးခွန်းများစွာနှင့်။
" Phi ~ ဘာဖြစ်တာလဲ.. နေမကောင်းဘူးလား.. ကားပေါ် တောင်လျှောက် အိပ်လာတာကို.. မှန်းစမ်း.. "
Perth က Saint နဖူးကို စမ်းရန် ရှေ့တိုးလာသည်။
" ကျွန်...ကျွန်တော် ဘယ်ရောက်နေတာလဲ.. နောက်ပြီး Mr.Perth နဲ့ ဘာလို့ တူတူရှိနေရတာလဲ "
Saint မေးခွန်းကြောင့် Perth မျက်မှောက်ကုတ်ကာ Saint မျက်နှာနား တဖြည်းဖြည်း တိုးလာပြီး
" ဘာဖြစ်တာလဲ Phi.. ကျွန်တော်တို့ ခု ကမ်းခြေမှာလေ "
" ကမ်း..ကမ်း...ကမ်းခြေ.. "
![](https://img.wattpad.com/cover/139875910-288-k954920.jpg)
ČTEŠ
Before Tie the Knot
Romanceမျှော်လင့်ချက်တွေ ဝေးနေဆဲ ဖစ်တဲ့ Love By Chance Season 2 ကြီး မျှော်ရင်း PerthSaint ဇာတ်လမ်းလေး စီးမျှော်လိုက်ကြရအောင်လား 🖤❤