" ခဏနေ.. မင်းသူငယ်ချင်း. Me.a...... "
" ဟုတ်.. ကျွန်တော်ကို အဝတ်အစား ချွတ်လဲပေးထားတာ Mr.Perth လား "
" အန်.. "
သွားပြီ
မေးချင်တမျိုး... မေးလိုက်တာ တလွဲ
" အင်း.. အကျီၤလား... အကျီၤက မင်းသူငယ်ချင်း လဲပေးသွားတာလေ.. ဘာလဲ.. ကျုပ်လဲပေးမှာ စိုးလို့လား ? "
Perth က တည်ငြိမ်စွာ ဖြေသည်။
" မဟုတ်ပါဘူး.. အားနာလို့ပါ.. ဟို ကျေးဇူးလဲ တင်ပါတယ်.. ကိုယ့် အလုပ်ရှင်ရှေ့ ဒီလိုတွေ ဖြစ်နေတော့ မျက်နှာလဲ ပူတယ် ခဗျာ "
Saint ခေါင်းလေးငုံ၊ လက်တစ်ဖက်က ဆန်ပြုတ်ကို အပူလျော့အောင် မွှေနေရင်း မဝံမရဲ ပြန်ပြောလိုက်သည်။
ထိုစဉ်
" တီတောင်.. တီတောင်.. တီတောင် "
" အင်း.. မင်းသူငယ်ချင်း ရောက်ပြီထင်တယ် "
" ဟင်.. "
Saint ဧည့်ခန်းဘက် ထွက်ကြည့်လိုက်တော့
" Ai'Saint.. "
" Ai'Mean.. "
" သက်သာသွားပြီလား... "
" နာနေတုန်းပဲ... လာထိုင်.. ဘာတွေဖြစ်ကုန်ပြီလဲ.. ပြောပြအုန်း.. "
" ကဲ.. မင်းတို့ စကားပြောနှင့်ဦး.. ကိုယ် အပြင်သွားစရာရှိလို့.. see ya "
Perth က Saint နဲ့ Mean ကို စကားအေးဆေးပြောဖို့ ခဏရှောင်ပေးဟန် တူသည်။ Perth အိမ်အပြင်ရောက်တာ သေချာပြီ ဆိုတော့မှ Saint က
" ကဲ... ငါကို အစအဆုံး ရှင်းပြ.. ငါတစ်ခုမှ နားမလည်ဘူး.. ငါက ဒီလူ့ အိမ်ကို ဘယ်လိုလို့ ရောက်သွားတာလဲ ဆိုတာရော..
ပြီး..ပြီးတော့ "" ဖြည်းဖြည်းမေးပါ.. ငါ့သားရယ်.. သောကြာသားလို့ မပြောရဘူး.. စကားကများ အမေးအမြန်းက ထူ "
" မသိလို့ မေးတာ.. သောကြာသားဖြစ်တာနဲ့ မဆိုင်ဘူးကွ... ကဲ ရှင်းပြဆို "
" ဟဟဟ... အေး... ဖြစ်ပုံက.. ဒီလိုကွ..... "
Mean က သောကြာညကနေ စနေနေ့ထိ ဖြစ်ပျက်သမျှကို အသေးစိတ်ရှင်းပြပြီး

VOUS LISEZ
Before Tie the Knot
Roman d'amourမျှော်လင့်ချက်တွေ ဝေးနေဆဲ ဖစ်တဲ့ Love By Chance Season 2 ကြီး မျှော်ရင်း PerthSaint ဇာတ်လမ်းလေး စီးမျှော်လိုက်ကြရအောင်လား 🖤❤