" သား.. Mae ကို နေ့တိုင်းဖုန်းဆက်နော် "
Mae Nuk ရဲ့ ငိုသံစွတ်နေသော စကားကြောင့် Saint မျက်နှာချင်းမဆိုင်ဘဲ
" krup "
Saint စစ်ပြီးသား ပစ္စည်းတွေကိုပဲ ထပ်စစ်နေပြန်သည်။
" သား.. အစားလဲ အချိန်မှန်စား.. သိလား "
" krup "
" သား.. သား အထက်အရာရှိ ဖုန်းပါ Mae ကို ပေးထားပါလား.. ဟင်... "
" Mae... Mae krup "
Mae Nuk အရမ်းစိတ်ပူနေမှန်း Saint သိတယ်။ Saint အလုပ်ကြောင့် ခရီးသွားရမယ် ပြောလိုက်ကတည်းက Mae Nuk ထိုင်မရ ထမရ။
" Mae Nuk... သားနား ခဏ လာထိုင်ပါအုန်း "
" အင်း.. "
" Mae...... "
Mae ကို တအားဆွဲဖက်လိုက်သည်။ Mae ခန္တာကိုယ် တချက်တုန်သွားသည်။ တချက်ကနေ နှစ်ချက်၊ နှစ်ချက်ကနေ သုံးလေးချက် ပြီး တသိမ့်သိမ့်တုန်လာတော့ Saint မော့မကြည့်ပဲ သိလိုက်ပြီ။ Mae ငိုနေပြီ။
" သားရယ်... မသွားပါနဲ့လား.. "
" Mae ရယ်.. Saint အကြာကြီး သွားမှာမှ မဟုတ်တာ.. ပြီးတော့ Saint ရဲ့ သူဌေးကိစ္စ အရမ်းအရေးကြီးလို့ပါနော်.. "
" သိပါတယ် သားရယ်.. Mae သားကို ဒီအရွယ်ကြီးရောက်မှ စိတ်မပူသင့်မှန်းလဲ သိတယ်.. ဒါပေမဲ့ ဘယ်လိုလုပ်လုပ် စိတ်ပူနေမိတယ်.. "
" Mae သားကိုကြည့်... "
" အင်း.. "
" Mae သားလေး Saint က ဟို အရင်ကလို လူကြောက်လေး မဟုတ်တော့ဘူး.. ကိုယ်ကိုယ့်ကို စောင့်ရှောက်နိုင်ပြီး Mae ကိုကာကွယ်နိုင်တဲ့ သားကြီ့းဖစ်နေပြီ.. "
" အင်းပါ... ဟင့်.. "
" မငိုနဲ့တော့ဆို.. Saint ကို မယုံဘူးလား "
" ယုံပါတယ် သားရယ်.. "
" ယုံတယ်ဆို.. တိတ်တော့ ဒီည Saint တို့ ညစာအပြင်မှာ သွားစားမယ်နော်.. "
" အင်းပါ.. သားရယ်.. ဒါနဲ့ ခဏ.. "
Mae Nuk အခန်းထဲက ထွက်သွားပြီး တအောင့်နေတော့ ကြိုးအနက်လေး တစ်ချောင်း လက်ထဲကိုင်ကာ ပြန်ဝင်လာသည်။
YOU ARE READING
Before Tie the Knot
Romantikမျှော်လင့်ချက်တွေ ဝေးနေဆဲ ဖစ်တဲ့ Love By Chance Season 2 ကြီး မျှော်ရင်း PerthSaint ဇာတ်လမ်းလေး စီးမျှော်လိုက်ကြရအောင်လား 🖤❤