~ Before tie the knot ~ 4

454 65 1
                                    


Monday 7:35 AM

Deli ဒီနေ့ ရုံးချုပ်ကို စောစော ရောက်နေသည်။ အတွင်းရေးမှူး ဖျော်ပေးသော ကော်ဖီခွက်လေး ကိုင်ရင်း ပြတင်းပေါက်နား လျှောက်လာလိုက်သည်။ Deli ရုံးခန်းက နေထွက်ရာဘက် တည့်တည့်တွင် ရှိသည်မို့ မနက်ခင်း နေရောင်ခြည်လေးက ပြတင်းပေါက် လိုက်ကာဖွင့်လိုက်သည်နှင့် တိုးဝင်လာသည်။
ပြတင်းပေါက်မှ ရုံးအောက် ငုံကြည့်လိုက်တော့ ရုံးဝန်ထမ်းတချို့က ကော်ဖီခွက်လေးတွေ ကိုယ်စီကိုင်ထားရင်း ဟိုနားတစု ဒီနားတစု။

ကော်ဖီနံသင်းသင်းလေးကို အနံခံ တငုံသောက်လိုက်ပြီး ဟိုဟို ဒီဒီကြည့်နေရင်း ကောင်လေးတယောက် စက်ဘီးကို မစီးဘဲ ဘေးက တွန်းလားရင်း ဖြေးဖြေးကလေး လျှောက်လာတာ လှမ်းတွေ့လိုက်သည်။ သေချာကြည့်လိုက်တော့မှ Nong'Saint ။

အင်း.. သူ့မြင်တော့မှ သတိရတယ်.. Perth ပြောတာပြောပြရအုန်းမယ်.. ငါ့နှက် အားနာလိုက်တာ..

Deli တွေးနေတုန်း

" P'... P' ဖုန်းမြည်နေတာ ကြာပြီ "

" အော်... အေးအေး... ဆောရီး.. P' အတွေးလွန်နေလို့.. ပေး "

အတွင်းရေးမှူးမလေး လာပေးသော ဖုန်းက လက်ထဲရောက်မှ အသံတိတ်သွားသည်။ Deli ကြည့်လိုက်တော့ Perth ဆီက ။ missed call ကြီးပဲ ၃ခါ ။

ဟင်... ဘာတွေ အရေးကြီးနေပြန်တာတုန်း

ချက်ချင်း ဖုန်းပြန်ခေါ်တော့ call ဝင်ဝင်ချင်းပင် Perth ကကိုင်လိုက်သည်။

" Good Morning "

" Morning ပါနော်... ဘာလဲ... မနက် စောစောစီးစီး... "

" မေးစရာရှိလို့... နင် ရုံးသွားနေပြီလား.. "

" ငါက ခု ရုံးတောင်ရောက်နေပြီ "

" ဟာ... ဒါဆို နင် ဟိုကောင်လေးကို ပြောလိုက်ပြီလားဟင်... ပြောစမ်းပါအုန်း.. "

Perth အသံက စိုးရိပ်သံဖြင့် မေးတော့

" ဟင်... ဘယ်ကောင်လေးတုန်း.. ဘာပြောရမှာလဲ.. "

ရိုတ်တရက်မို့ Perth မေးခွန်းကို Deli နားမလည်။

" ဟာာ.. Saint ကိုပြောတာ.. ငါ့ ငြင်းတာကို "

Before Tie the KnotWhere stories live. Discover now