Part.6{Wad&Tew}

672 52 2
                                    

With Wad,
အိမ်မက်ဆိုး တခုနဲ့အတူ လန့်နိုးလာခဲ့သည်။မျက်လုံး မဖွင့်မီ ခံစားလိုက်ရတဲ့ ဦးခေါင်းက ကိုက်ခဲမှု ကြောင့် ခေါင်းကို လက်နဲ့အသာဖိထားမိလိုက်တယ်။ ထိုနောက်တဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်တော့ ရောက်နေတဲ့နေရာက ကျနော်အခန်းတော့မဟုတ်။ ခေါင်းကိုစမ်းကြည့်မိတော့ ခေါင်းမှာ ဘာမှရှိမနေ။ ကျနော့် ခေါင်းမှာ အနည်းဆုံးပတ်တီးလေးတော့ဘရှိနေရမည် မဟုလား???ကျနော်တို့ မနေ့ညက car accidentဖြစ်ခဲ့ကြတာလေ။................................
.
.
ကျနော်ခေါင်းက သွေးတွေစီးကျနေတယ်။ဘေးမှာရှိတဲ့Tewကသတိမေ့နေပီ။Romeဆီကနေ အသံတစ်သံကြားလိုက်ရတယ်။ P'Brightကို လှမ်းခေါ်နေတဲ့အသံ။ကျနော်တကိုယ်လုံးမှာသွေးတွေချည်းပဲ။Kongကိုလှမ်းကြည့်လိုက်တော့ အသိမရှိတဲ့ခန္ဓာကိုယ်နဲ့ငြိမ်သက်နေတယ်။
.
.
ခု ငါကဒီကို ဘယ်လိုရောက်လာတာလဲ?မနေ့က Rome P'Brightဆီဖုန်းဆက်ခဲ့တယ်လေ။အဲ့ဒါဆို P'Brightများ ငါ့ကို ဒီခေါ်လာတာလား?ခုတင်ပေါ်ကဆင်းပီး အခန်းပြင်ထွက်လိုက်တယ်။ ဟာ...အခုမှ သေချာကြည့်မိတယ်။ဒါ....ဒါ...ငါအိမ်ပဲ ငါရောက်နေတာ ငါ့အဖေ အခန်းပဲ။????ဘယ်လိုဖြစ်တာလဲ ?ငါက ဒီကို ဘာလိုပြန်ရောက်လာတာလဲ?လှေကားအတိုင်းဆင်းလာလိုက်တော့ ထမင်းစားခန်းထဲမှာ သတင်းစာ ဖတ်နေတဲ့ အဖေကိုတွေ့တယ်။ အနားပြေးသွားပီး အဖေက်ု. သိုင်းဖက်ကာ
"မနေ့ညက ကိစ္စအတွက် ကျနော် တောင်းပန်ပါတယ်နော် အဖေ။နောက်ခါ ဆင်ခြင်ပါ့မယ်"
ကျနော်ပြောလိုက်တော့ ထူးဆန်းစွာကြည့်ပီး ခေါင်းငြိမ့်ပြသူမှာ အဖေ။တကယ်တော့ အဖေနဲ့ကျနော် ရဲ့ ဆက်ဆံရေးက ကောင်းခဲ့သည်တော့မဟုတ်။အမေသေတုန်းက ကျနော်ဟာ အဖေကို အပြစ်တွေတင်ပီးမုန်းခဲ့မိတယ်။ ဒါပေမယ့် ခုတော့ အကုန်အဆင်ပြေသွားပါပီ။ခုနောက်ပိုင်း အဖေနဲ့ကျနော် ဆက်ဆံရေးလည်း ကောင်းလာခဲ့တယ်။
"အဖေ ဒီနေ့အလုပ်မသွားဖူးမလား?ကောင်းတယ် ဒီနေ့ တနေကုန် သားတို့သားဖ နှစ်ယောက် တူတူအချိန်ဖြုန်းကြတာပေါ့"
P'Premနဲ့ အတူနေဖို့ ရွေ့သွားပီးကတည်းက အဖေနဲ့တွေ့ဖို့က သိပ်မလွယ်ခဲ့ဘူးလေ။
"Wad? သား Wadဆိုတာ သေချာပါတယ်နော်?သား ဟုတ်ပါတယ်နော်? အဖေ ထင်တာက သား အဖေကိုမုန်းသွားပီ ထင်တာ။သားမနေ့ညက အဖေကို မုန်းတယ်လို့ပြောခဲ့တယ်လေ"အဖေကပြောရင်းနဲ့မျက်ရည်များ ဝေ့လာတယ်။
ကျနော် လန့်သွားပီး ချက်ချင်းပဲ အဖေကို နွေထွေးစွာ ဖက်လိုက်တယ်။
"ကျေးဇူးပြုပီး မငိုပါနဲ့ အဖေရယ်။ ဘယ်သားသမီးက ကိုယ်မိဘကိုမုန်းမှာလဲ။ အမေ မရှိတော့တဲ့နောက်မှာ အဖေက ကျနော်ရဲ့ တဦးတည်းသော မိသားစုဝင်ပါပဲ။ အဖေကို သား မမုန်းပါဘူး"
"အဖေ ပော်ျလိုက်တာ သားရယ်။သား ဆီကဒီလို စကားကြားရတာ အဖေ အရမ်းပျော်တာပဲကွာ"
ကျနော် အဖေကို စက္ကန့် အနည်းငယ်ကြာ ဖက်ထားလိုက်တယ်။ခဏလောက်ကြာတော့ အဖေက
"အနာက နာသေးလား သား? သားဦးလေးရဲ့ ပေါ့ဆမှု ပဲ၊ အဖေ မနေ့ညက ခေါ်ဆူလိုက်သေးတယ် သူ့ကို"
"ဦးလေး?"ကျနော် ရှုပ်ထွေးစွာ မေးလိုက်တယ်။
"ဟုတ်တယ်။ သူ့ပေါ့ဆမှုကြောင့် သားတို့ မနေ့ညကcar accidentဖြစ်ခဲ့ကြတာလေ။အမှန်ဆို သားကို သူနဲ့လိုက်ဖို့ အဖေ ခွင့်မပြုခဲ့သင့်ဖူး"
ဦးလေးနဲ့accidentဖြစ်တယ်???မနေ့ညက ကားမောင်းတာRomeပါ။ လမ်းကြား ထဲထွက်လာတဲ့ ကားတစီးကို ရှောင်ရင်း သစ်ပင်ကိုဝင်တိုက်မိတာပါ။ အခု အဖေက ဘာတွေပြောနေတာလဲ????Arr..... ဘာတွေလဲ??ဘာတွေဖြစ်နေတာလဲ??နောက်ပီး အဖေကို ကြည့်ရတာ ငယ်သွားသလိုပဲ။ ရုတ်တရက် ရေခဲသေတ္တာ ပေါ်မှာ တင်ထားတဲ့ ပြက္ခဒိန်အသေးလေးကို ကြည့်လိုက်မိတော့
"21ရက် April,2016??!!!😳😳😳"

With Tew,
အိမ်တအိမ်ရဲ့ အခန်းငယ်လေးထဲမှာ အေးချမ်းစွာ အိပ်ပျော်နေသော လူငယ်လေးတစ်ဦး။
"Tew,ထတော့လေ အိပ်ပုတ်လေး။မိုးလင်းနေပီ babyရဲ့"
"Ar..ကျနော် အိပ်ချင်သေးတယ်P'ရဲ့။ ပင်းပန်းနေလို့ပါ.."
"P?ဘယ်က P'လဲ?mamaပါ သားရဲ့။ထတော့နော် ma's babyလေး"
Tewမျက်လုံးများဖွင့်ကာ ထလာပီး
"Mar!ဘယ်လိုလုပ်ဒီရောက်လာတာလဲ?ဘာလာလုပ်တာလဲ?"
"Marကအရင်ကတည်းကဒီမှာ  နေတာပဲလေ ကလေးကလည်း"
" မဟုတ်ဘူးလေ မားက မားအိမ်မှာ ပါးနဲ့နေတာလေ။ ဒီမှာက သားနဲ့P' နဲ့နေတာလေ။ နောက်ပီး မားရဲ့အရေးအကြောင်းတွေ ဘယ်ပျောက်သွားတဲာလဲ မရှိတော့ဖူး" Tewမားရဲ့ မျက်နှာကို ကိုင်ပီး မေးလိုက်တော့.
"ဖယ်စမ်း အဲ့လက်! နင် ဘယ်ကP အကြောင်းပြောနေတာလဲ ငါမသိဖူး။ ငါ့မှာ ဘယ်အရေးအကြောင်းမှလည်း မရှိဖူး😡😡"
မားက ဒေါသတကြီးပြောပီး အခန်းထဲကထွက်သွားတယ်။တခုခုတော့ မှားနေသလိုပဲ။ ခုမှ သတိထားမိတယ်။ဒါ အရင်တုန်းက ကျနော် အိပ်ခန်း အဟောင်းကြီးပဲ။ကျနော်က ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ?P'Knott?P'Knottကရော? ကျနော်.အိပ်ယာဘေးစားပွဲပေါ်က digitalနာရီကို လှမ်းကြည့်မိလိုက်တော့
"2016??? What the hell!!!"

To be continous..........
#jay

?Time Can Mess Thing Up?[myanmar translation]Where stories live. Discover now