Part.14{I will give u lesson}

631 67 6
                                    

Knott's POV

ဒီနှစ်ကျောင်းသားသစ်တွေက ယဉ်ကျေးမှုမရှိတာကလွဲပြီး ရဲရင့်မှုတော့ရှိကြပါတယ်။ကျောင်းသားအမှတ်0062က Arthitကို ပြန်ခံပြောနေတော့ ကျွန်တော်ပြုံးမိသေးတယ်။ဒီကျောင်းသား သူ့သေတွင်းသူတူးချင်နေတာများလား။
ဒီထက်ပိုပြုံးမိရတဲ့အကြောင်းက ပထမဆုံးတွေ့တွေ့ချင်းမှာပဲ ကျွန်တော်ကိုဖက်ပြီးငိုတဲ့ ဟိုချစ်စရာကောင်းလောက်အောင် ရှက်တတ်တဲ့ကောင်လေးကြောင့်ဆိုပိုမှန်ပါလိမ့်မယ်။
မှတ်မိပါသေးတယ် အဲ့ဒီကောင်လေး ကျွန်တော့်ကိုမြင်လိုက်တယ်ဆိုရင်ပဲ မျက်ရည်တွေက တာတမံကျိုးသလိုတလဟောကျလာပြီး ကျွန်တော့်ကိုဖတ်ပီးငိုနေတော့တာပဲ။သူ ငိုနေတာကိုကြည့်ပြီး ကျွန်တော်ရင်ထဲက စူးစူးနစ်နစ်ကြီးနဲ့ ဘာမှန်းမသိတဲ့ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ်။အဲ့ဒီနေရာမှာ Premသာ ရှိမနေဘူးဆိုရင် သူ ကျွန်တော်ကို ဘယ်လောက်ကြာအောင်ဖတ်ထားလိမ့်မယ်မသိသလို ကျွန်တော်ကလည်း သူဖက်တာကို ဘယ်လောက်ကြာအောင်လက်ခံထားမိမယ်မသိ။သူထွက်ပြေးသွားတော့လည်း တက္ကသိုလ်တစ်ဝင်းလုံးမှာ လိုက်ရှာမိပါသေးတယ်။
ကျောင်းသားသစ်တွေ့ဆုံပွဲမှာ ဒုတိယအကြိမ်မြောက်ပြန်တွေ့တော့ သူ့သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောနေတာတွေ့ရတော့မှ ကျွန်တော်စိတ်အေးရတယ်။စကားပြောနေတုန်း ရုတ်တရက်ကြီးထအော်တာကိုလည်း ကျွန်တော်မှာ မဆူရက်ပါဘူးဗျာ တော်ကြာ စတွေ့တုန်းကလို ဆက်တိုက်ကြီးငိုနေကာမှ ခက်နေမယ်။ဘယ်လောက်တောင် အငိုသန်တဲ့ ကလေးလဲကွာ!

Arthitဆူလိုက်လို့ ကြောက်လန့်သွားတဲ့သူ့မျက်နှာလေးကလည်း တစ်မျိုးချစ်စရာကောင်းနေပြန်ရော။

နောက်တစ်ကြိမ် တွေ့တော့ သူတို့ကစီနီယာတွေဆီက လက်မှတ်လိုက်တောင်းနေကြတာ။သူတို့ကြည့်ရတာ ကျွန်တော်တို့စားပွဲကို လျစ်လျူရှုပြီးကျော်သွားဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။ဒါပေမယ့် Premရဲ့အော်ခေါ်သံကြောင့် သူတို့အကြံအစည်က လုံးဝပျက်သွားရပါတယ်။


ကြောက်ကြောက်လန့်လန့်နဲ့ တရှုံ့ရှုံ့ငိုနေတဲ့ သူ့ပုံစံလေးက ကျွန်တော်ရင်ကိုနာကျင်စေပါတယ်။သူ့နားကိုသွား သူ့ကိုဖက်ကာ အားပေးနှစ်သိမ့်လိုက်ချင်ပါတယ်။ဒါပေမယ့် ကျွန်တော့်စိတ်တွေရှုပ်လာတယ်။ကျွန်တော်က ဘာလို့သူ့အတွက်ဒီလောက်ခံစားနေရတာလဲ?တစ်ခုခုလွဲနေတာများလား?

?Time Can Mess Thing Up?[myanmar translation]Where stories live. Discover now