"1119ယောက်!1119ယောက်လို့ဖြေလေ!တခန်းထဲအတူတူစာသင်နေတဲ့ ကိုယ်အတန်းဖော်တွေကိုတောင် ဘယ်လောက်ရှိလဲမသိရအောင် မင်းဘာလုပ်နေလဲ!ဟမ်!"
"ဒီအရူးကို တယောက်ယောက်ဆွဲထုတ်သွားကြစမ်းပါ!!!"
စိတ်ပျက်လက်ပျက်နဲ့ Premအော်သံရဲ့ အဆုံးမှာတော့ Romeချက်ချင်းထလာပြီး Brightကို အခန်းအပြင်ဘက်သို့ဆွဲထုတ်သွားတော့သည်။
Aawnကတော့ Brightပြန်ဝင်မလာနိုင်စေရန် ခန်းမဝင်ပေါက်တံခါးကို သွားပိတ်လိုက်သည်။
"ကျေးဇူး Nong"
"ရပါတယ် P'Prem,ဒါနဲ့ Pတို့သူငယ်ချင်းက အမြဲတမ်းအဲ့လိုပဲလား"
"အဲ့ထက်တောင်ဆိုးသေး"
In Cafeteria,
"P ဒီနေ့ ဘယ်လိုတွေဖြစ်နေတာလဲ?"
အနောက်က တရွတ်တိုက်ပါလာတဲ့ P'Brightကို လက်လွှတ်ပေးပြီး Romeမေးလိုက်သည်။
"တကယ်တော့......ငါ ဒီနေ့ ဂီယာ မပါခဲ့လို့။အဲ့တာကိုသာ Arthitသိရင် ငါ့ကိုအသေသတ်မှာ။သတ်ခံရမှာထက်စာရင် သူ့ကိုဒေါသထွက်စေတာကပဲ ကောင်းဦးမယ်"
"Pကလေ တခါတလေ တကယ့်အရူးပဲ"
"Huh?"
Rome တီးတိုးရေရွတ်ပြီး အအေးဝယ်ရန် ထွက်လာခဲ့လိုက်တော့သည်။
Back to Hazing hall,
"ကဲ Mr.Kongpob,မင်းကို ငါက ဒီဂီယာတံဆိပ်မပေးဖူးဆိုရင် မင်းဘယ်လိုလုပ်မလဲ"
Romeခြေလှမ်းတွေ အလိုအလျောက်ရပ်တန့်သွားမိသည်။ထိုနောက် တံခါးပေါက် မှန်ကနေ အထဲကို ချောင်းကြည့်လိုက်တော့
Kongကို P'Arthitက ဂီယာ မပေးမဲ့အကြောင်းမေးနေသည်။
YOU ARE READING
?Time Can Mess Thing Up?[myanmar translation]
FanfictionAuthor Kcrescent_Vရဲ့Time Can mess Thing Upလေးကို authorဆီကနေ ခွင့်ပြုချက်တောင်းပြီ ကြိုးစားtranထားပါတယ်။ facebookမှာတော့တင်ထား ကြာပါပြီ။authorက WPမှာလည်း တင်စေချင်နေတာကြောင့် ခုမှတင်လိုက်ရတာပါ။ #jay